ပရိသတ်ကြီးရေ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ကတော့ အရင်က ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပေမယ့် လက်ရှိ မှာတော့ live sale တွေ လွှင့်ပြီးအောင်မြင်မှုတွေ များစွာ ရရှိ နေတာလည်း ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ် ကတော့ ကိုယ်တိုင်က အောင်မြင် နေပေမယ့် ဘဝမမေ့ဘဲ ဘဝတူ ဇာတ်ပို့ တွေကို လက်တွဲ ခေါ်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ မှာတော့ နှိုင်းယှဉ်က ရင်သားကင်ဆာခံစား နေရပြီး ဘဝကို အရှုံးမပေးဘဲ ဆက်လျောက်နေတဲ့ ဇာတ်ပို့ သရုပ်ဆောင် နွယ်နီကို live sale တွေများများ ရောင်းရအောင် ကူညီပေးသွားမှာလည်း ဖြစ်ပါတယ်။ နှိုင်းယှဉ်က မနွယ်နီ၊ နှိုင်းရှင်တို့ လိုပဲ ဇာတ်ပို့ တစ်ယောက်၊ ရင်သားကင်ဆာနဲ့ ခလေးတဖက်နဲ့ ဘဝကို အရှုံးမပေး၊ အစ်မကို အရင်က နှစ်ကြိမ် ကူညီခဲ့ ဖူးပေမယ့် ခုတော့ ကိုယ်ကိုယ်တိုင် အလုပ်တွေ ကြားထဲ ပိနေသူမို့ အစ်မကို ထပ်ကူညီဖို့ သတိလွတ် ခဲ့တယ်။
ညက လာပြောတော့ ရင်ထဲဆို့ မိတယ်။ သူ့ page လေး ဈေးရောင်း ကောင်းပီး Viewer တက်အောင် သွားကူညီ ပေးဖို့ ဆုံးဖြတ် ထားတယ်။ အားမငယ်ပါနဲ့ အစ်မဘယ်သူတွေ နှိမ်နှိမ် အားဆေးလာတိုက် တယ်လို့ သဘောထားပီး မလျှော့ပဲ ဆက်လျှောက် ပါနော် ဆိုပြီး ပြောလာတာလည်း ဖြစ်ပါတယ်။
Zawgyi