လမ်းခင်းခြင်း လုပ်ငန်းတွင်(က) Flexible pavement(ခ) Rigid pavement(ဂ)Semi-rigid pavement(ဃ)Composite pavement ဟူ၍ (၄)မျိုးရှိသည့် အနက် Rigid pavement နှင့် Flexible pavement တို့၏ ကွဲပြားခြားနားချ က်များမှာအောက်ေ ဖာ်ပြပါအတိုင်းဖြ စ်ကြပါသည်။
(၁) Load distribution on Subgrade
ကတ္တရာလ မ်းနှင့်ကွန်ကရိလမ်း၏ အဓိကခြားနားချက်မှာ အောက်ခံမြေလွှာ(Subgrade)ပေါ်သို့ လမ်းပေါ်မှဖြတ်သန်းသည့်ယာ ဉ်များ၏ အလေးချိန်သက်ေ ရာက်မူပုံစံကွဲပြားြ ခားနားခြင်း ပင်ဖြစ်ပါသည်။
ကွန်ကရိ၏ေ တာင့်တင်းခိုင် မာမူကြောင့်ေ အာက်ခံမြေ(Subgrade)ပေါ်သို့ ယာဉ်များ၏အလေးချိန် သက်ရောက်ရာ၌ ကျယ်ပြန့်သော ဧရိယာအပေ ါ်သို့ ဖြန့်ဝေ၍သက်ေ ရာက်စေပါသည်။ေ တာင့်တင်းခိုင် မာမူအားနည်းသော ကတ္တရာ လမ်းတွင်မူ ယာဉ်များ၏အေ လးချိန်သက်ရော က်မူသည် ကျဉ်းမြောင်းသောဧရိယာေ ပါ်သို့သာသက်ေ ရာက်သဖြင့် အောက်ခံမြေလွှာတွင် ဝန်အလေးချိ န်ဒဏ်ကိုပို၍ခံစားရပါသည်။
ကတ္တရာလမ်းဖြင့်ြ ပုလုပ်ထားသော Toll gateအဝင်လ မ်းများနှင့် Car parking များတွင် ယာဉ်များဘရိတ်ဆောင့်န င်းမူများသောေ နရာများ၌ ကတ္တရာလမ်းလှိုင်း တွန့်မူများကိုတွေ့ရှိနိုင်ပြီး ကွန်ကရိဖြင့်ပြုလု ပ်ထားသော Toll gate အဝင်လမ်းနှင့်Car parking များတွင်မူ မတွေ့ရှိရပါ။
Rigid pavement တွင် ကွန်ကရိ၏တောင့်တ င်းခိုင်မာမူသည် အဓိကဖြစ်ကာ Flexible pavement တွင် ကျောက်လွှာများ ၏စုပေါင်း အားသည် အဓိကကျပါသည်။
(၂) Durability
ကွန်ကရိလ မ်း(Rigid pavement)သည် ကတ္တရာလမ်း(Flexible pavement)ထက် သက်တမ်းအားဖြင့်ကြာရှည်ခိုင်ခံမူရှိပါသည်။ အရည်အသွေး စံချိန်စံညွှန်းမှီသော ကွန်ကရိလမ်းတွင် တန်ပိုယာဉ်များြ ဖတ် သန်းမူမပြုပဲ စနစ်တကျ လမ်းအသုံးပြုပါက အကြီးစားလမ်းပြုြ ပင်ခြင်းမပြုလုပ်ရပဲ သက်တမ်း အနှစ်(၃၀)ခန့်ကောင်းမွ န်စွာအသုံးပြုနိုင်ပြီး ကတ္တရာလ မ်းမှာမူ(၁၅)နှစ်ခန့်သာ အသုံးပြုနိုင်ပါသည် ။ယေဘုယျအားဖြင့် ကွန်ကရိလမ်း၏သ က်တမ်းမှာ ကတ္တရာလမ်းသ က်တမ်းထက်(၂)ဆခန့် ခံနိုင်ရည်ရှိပါသည်။
အမေရိကန်ပြ ည်ထောင်စု Minnesotaပြည်နယ်တွင် နည်းပညာသစ်ဖြင့်တည်ေ ဆာက်ထားသော ကွန်ကရိလမ်းကို အနှစ်(၆၀)ခန့် သက်တမ်းခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းထားကြပါသည်။
(၃)Cost and Construction time
လမ်းခင်းခြ င်းကုန်ကျစ ရိတ်ကိုနှိုင်းယှဉ်မည် ဆိုပါက ကွန်ကရိလမ်းခင်းခြင်း ကုန်ကျစရိတ်သည် ကတ္တရာလမ်းခင်းခြင်းကုန်ကျစရိတ်ထက် ပိုမိုများပြားပါ သည်။ ကတ္တရာလမ်းတွ င်ကနဦးတည်ဆောက်မူ ကုန်ကျစရိတ်(Initial Construction Cost)နည်းသော် လည်း ပြုပြင်ထိန်း သိမ်းရမူစရိတ်(Maintenance Cost)များပြားပါသည်။ ကွန်ကရိလမ်းတွင်မူ ကနဦးတ ည်ဆောက် မူကုန်ကျစရိတ်(Initial Construction Cost)များသော်လည်း ပြုပြင်ထိန်းသိ မ်းရမူစရိတ်(Maintenance Cost)နည်းပါးပါသည်။
သို့သော် ယနေ့အချိန်အ ခါတွင် ကတ္တရာကုန်ကြ မ်းဖြစ်သော ရေနံစျေးနှုန်းများမြင့်တက် လာခြင်းကြောင့် ကွန်ကရိလမ်းနှင့် ကတ္တရာလမ်းတို့၏ ကုန်ကျစရိတ်ကွာခြားချက်နည်းပါးလာပါသည်။
ကတ္တရာလမ်းခ င်းခြင်းကြာမြင့်ချိန်သည် ကွန်ကရိလမ်းခင်းခြ င်းကြာမြင့်ချိန်ထက် တိုတောင်းနည်း ပါးပါသည်။ ကတ္တရာလမ်းခ င်းခြင်းလုပ်ငန်းပြီးဆုံးသ ည့်နေ့တွင်ပင် ယာဉ်များဖြတ်သန်းမူပြု လုပ်နိုင်သော်လည်း ကွန်ကရိလမ်းမှာမူ Setting timeပြည့်မှသာ ယာဉ်များဖြတ်သန်း မူပြုလုပ်နိုင်ပါသည်။
(၄) Repair and Maintenance
ကတ္တရာလ မ်းများအားမကြာခဏပြင်ဆင်ထိန်း သိမ်းပေးရန်လို အပ်ပြီး ကွန်ကရိလမ်း များတွင်မူ မလိုအပ်လှပါ။ ရာသီဥတုပြင်းထန် မူကြောင့် ကတ္တရာလမ်းများတွင်ပျက် စီးမူများပြားပြီး ကွန်ကရိလမ်းများတွင် ပျက် စီးမူနည်းပါးပါသည်။စက်ဆီေ ချာဆီများလမ်းပေါ်တွင် ဖိတ်စင်ကျမူကြောင့် ကတ္တရာလမ်းများတွင်ပျက် စီးမူဖြစ်ပေ ါ်စေနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူ ပျက်စီးမူမဖြစ်ပေါ်စေနိုင်ပါ။
သို့သော်လည်း ကတ္တရာလမ်း အားပြင်ဆင် ထိန်းသိမ်းရမူ မှာလွယ်ကူပြီး ကွန်ကရိလ မ်းပြင်ဆင်ရမူမှာ ပို၍ခက်ခဲပါသည်။ ကတ္တရာလမ်းများ၏ အစိတ်အပိုင်းတခုခြင်းအား ပြင်ဆင်ထိ န်းသိမ်းမူပြုလုပ် နိုင်ပါသည်။ထို့အပြင် ကတ္တရာလမ်းအလွှာပါးများအား မူလကတ္တရာလမ်းဟောင်းပေါ်တွင် ထပ် ၍ထပ်၍ခင်းေ ပးနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူ ဆောင်ရွက်ရ န်မလွယ်ကူလှပါ။ကွန်က ရိလမ်းတနေရာ တွင်ကျိုး ပျက်ခဲ့ပါက ကျိုးပျက်သည့်အစိတ်အပိုင်းနေရာ ကိုသာကွက်ကာပြင် ဆင်၍မရပဲ Slabပြင်တခုလုံးအား ပြန်လည်ပြုပြင်ပေးရမည်ဖြစ်ပါသည်။
ကွန်ကရိလမ်းေ ကာကတ္တရာလမ်းပါ လမ်းအက်ကြောင်းရာ(Crack line)များပေါ်ပေါက်တတ်ပြီး အဆိုပါအက်ကြော င်းများကိုပြုပြ င်ပေးနိုင်ပါသည်။က တ္တရာလမ်းအက်ကြောင်းများအားြ ပုပြင်ပေးရာ ၌ လွယ်ကူစွာပြင်ဆင်နိုင်ပြီး မူလအခြေအနေသို့ပြ န်လည်ရောက်ရှိအောင်ပြုြ ပင်ပေးနိုင်ပါသည်။ကွန်ကရိလ မ်းများတွင်မူ အက်ကြောင်းများအား ကတ္တရာဖြင့် ပင်ဖာထေးပြုပြင်ပေးနိုင်ပြီး ကတ္တရာလမ်းကဲ့သို့မူ လမျက်နှာပြင်ပုံစံမျိုးရ ရှိအောင်ပြုပြင်ပေး ရန်မလွယ်ကူလှပါ။
(၅) Rolling
ကတ္တရာလမ်းခ င်းခြင်းလုပ်ငန်းတွင် လမ်းကြိတ်စက်ကြိတ်ခင်းြ ခင်းလိုအပ်ပြီး ကွန်ကရိခင်းခြင်း လုပ်ငန်းတွင် မလိုအပ်ပါ။
(၆) Expansion Joint
အပူချိန်ပြော င်းလဲမူကြောင့် ကျုံမူကျယ်ပြန့်မူ(Contract and expand)အားကတ္တရာလမ်းတွင် လွတ်လပ်စွာခွင့်ပြုပေးနိုင်သော်လည်း ကွန်ကရိလမ်းတွင်မူခွင့်ပြုမပေးနိုင်ပါ။ထို့ေြ ကာင့်ကွန်ကရိ လမ်းတွင် Expansion Joint များဆောင်ရွက်ပေးရန်လိုအပ်ပြီး ကတ္တရာလမ်းတွင် ဆောင်ရွက်ပေးရန်မလိုပါ။
(၇) Road Safety
ဘေးကင်းလုံခြုံ မူအရကြည့်မည် ဆိုလျင်လည်း ဖြတ်သန်း သွားလာသည့်ယာဉ်များအတွက် ကတ္တရာလမ်းများသည် ပိုမို၍ဘေးကင်း မူရှိစေနိုင်ပါသည်။ ကတ္တရာလမ်းများတွင် ကားဘီးတာယာ ၏လမ်းမျက်နှာြ ပင်ပေါ်ကုတ်နိုင်မူအား(Traction)သည် ပိုမိုကောင်းမွန်သဖြင့် လမ်းချော်မူအန္တရာယ် ပိုမိုနည်းပါးစေနိုင်ပါသည်။
(၈) Fuel Consumption
ယာဉ်များ၏ဆီ စားနှုန်းမှာ ကွန်ကရိလမ်းပေ ါ်မောင်းနှင်ခြင်းသည် ကတ္တရာလမ်းပေါ်မောင်းနှ င်ခြင်းထက် ၁၅%မှ ၂၀%အထိ သက်သာနိုင်ပါသည်။ ယာဉ်များ၏အလေးချိန်ကြောင့် ကားဘီးတာယာများ၏ေ ကွးညွတ်မူ(Deflection)သည် ကွန်ကရိလမ်းပေါ်၌မရှိသေ လာက်နည်း ပါးမူကြောင့်ဖြစ်ပါသည်။
(၉) Greener Process
ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာ၌ ကတ္တရာအားအ ရည်ပျော်စေရန် မီးအပူပေးရမူကြောင့် မီးခိုးငွေ့များထွက်ကာ ပတ်ဝန်းကျင် အားညစ်ညမ်းစေသော်လ ည်း ကွန်ကရိလမ်းခင်းခြင်း လုပ်ငန်း၌မဖြစ်ေ ပါ်စေပါ။
(၁၀) Saving and Natural Resources
ကတ္တရာအား ရေနံမှထုတ် ယူရခြင်းဖြစ်ပြီး ကမ္ဘာ့ရေနံအရန်သိုက် များမှရေနံထွက်ရှိမူမှာ သိသာစွာနည်းပါး လာနေပြီဖြစ်ပါသည်။ ကွန်ကရိလုပ်ငန်းအတွ က်လိုအပ်သော ဘိလပ်မြေမှာ နေရာအနှံပေါများ စွာရရှိနိုင်သော ထုံးကျောက်တော င်များမှတဆင့်ထုတ်လု ပ်ရခြင်းဖြစ်ပါသည်။
(၁၁) Recycle
လမ်းဟောင်းမှ စွန့်ပစ်ကတ္တရာအဟောင်းများအား အရည်ကြိုချက်ပြေး ခင်းအားဖြင့် ထပ်ဆင့်ထပ် ဆင့်ပြန်လည်အသုံးပြု နိုင်ပါသည်။ကွ န်ကရိလမ်းဟောင်းမှစွ န့်ပစ်ကွန်ကရိအေ ဟာင်းများအား ခွဲစိတ်ပေးခြ င်းအားဖြင့်လည်း အောက် ခံအလွှာများတွင် ပြန်လည်အသုံးပြုေ ပးနိုင်ပါသည်။
(၁၂) Comfortability
သုတေသနပြု မူရလဒ်များအရ ကွန်ကရိလမ်းပေါ်ယာဉ် များဖြတ်သန်းသောအခါ တိုင်းတာေ တွ့ရှိရသော တုန်ခါမူသည် ကတ္တရာလမ်းပေါ်ဖြတ်သန်းစဉ်တုန်ခါမူထက် ၃-၄ဆခန့်ပိုမို တုန်ခါသည်ကိုေ တွ့ရှိရပါသည်။(မျက်နှာပြင်ညီညာ မူရှိသော ကွန်ကရိလမ်းနှင့် ကတ္တရာကွန်ကရိလမ်း(AC Road)တို့အား နှိုင်းယှဉ်ထားခြင်းဖြစ်ပါသည်။ မျက်နှာပြင်ညီညာ မူနည်းပါးသော Pen-Mac ကတ္တရာလမ်းကို တိုင်းတာ ထားခြင်းမဟုတ်ပါ။)
ကွန်ကရိလ မ်းများတွင် Expansion Joint များရှိခြင်းကြော င့်လည်း တုန်ခါမူကိုပိုမိုဖြစ်ေ ပါ်စေနိုင်ပါသည်။
ထို့ကြောင့်တုန်ခါ မူနည်းပါးသော ကတ္တရာလမ်းများသည် ယာဉ်စီးနှင်းသူများ အားသက်သောင့်သ က်သာ(Comfortability)ပိုမိုဖြစ်ေ ပါ်စေနိုင်သည်ကို တွေ့ရှိရပါသည်။
(၁၃) Tire wearing and Noise
မျက်နှာပြင်ပိုမိုကြ မ်းတမ်းမူနှင့် ပွတ်တိုက်စားမူ(Friction)များမူကြောင့် ကွန်ကရိလမ်းများတွင် ကားဘီးတာယာ စားမူနှုန်းပိုများပြီး ဆူညံမူနှုန်းလည်းပိုမိုပါသည်။
(၁၄) Failure due to water effect
မိုးရေကြောင့် ကတ္တ ရာလမ်းများတွင် စွတ်စိုမူဖြစ်ကာ ကတ္တရာနှင့်လမ်းခင်းကျောက်များ၏ စွဲမြဲမူအားကို နည်းပါးလာစေပြီး ကတ္တရာကွာြ ခင်း(Stripping)ကိုဖြ စ်ပေါ်စေနိုင်ပါသည်။ ထိုကြောင့်ဝန် အလေးချိန်များေ သာယာဉ်များဖြ တ်သန်းသည့်အခါ လမ်းခင်းကျောက်များရွေ့လျား မူမှတဆင့် ကတ္တရာလမ်းလှိုင်းတွန့်များဖြစ်ခြင်း(Corrugation)ကို ကြုံတွေ့လာရပါသည်။
ရေဝပ်မူကြောင့်ကား ဘီးလမ်းတလျောက် တွင်နိမ့်ကျမူ(Rutting)ကိုလည်းဖြစ်ပေါ်စေပါ သည်။က တ္တရာလမ်းသားေ အာက်သို့ရေဝပ်ကာ ယာဉ်များဖြန်သန်းသောအခါ Pumping Effectကြောင့်လည်း ကတ္တရာလမ်းမျက်နှာပြင်တွင် အက်ကွဲကြော င်းများဖြစ်ခြင်း ၊ လမ်းပေါက်များဖြစ်ခြင်း(Pot holes)ကိုလည်း တွေ့ရှိရပါသည်။
အဆိုပါတွေ့ရှိချက်များကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် မိုးများသောအရပ်ေ ဒသများ၌ ကတ္တရာလမ်းအစား ကွန်ကရိလမ်းများကို ပြောင်းလဲတည်ဆောက်လာကြပါသည်။
(၁၅) Aesthetic
ကတ္တရာလမ်း သည်အန က်ရောင်ရှိ၍ ကွန်ကရိလမ်းသည် အဖြူရော င်ရှိသော်လည်း”အလှ အပဟူသည် ကြည့်ရှုသူ၏ မျက်ဝန်းပေါ်မူတည်သည်”(Beauty is in the eye of the beholder)ဟု ဆိုသည့်အတိုင်း မည်သည့်လမ်းအ မျိုးအစားက ပို၍လှပမူ ရှိပါသည်ဟု ပုံသေပြောဆို၍မရနိုင်ပေ။
သို့ဖြစ်ပါ၍ ကတ္တရာလ မ်းခင်းခြင်းနှင့် ကွန်ကရိလမ်းခင်းြ ခင်းလုပ်ငန်းတွင် ကောင်းကွက်များ(Advantages)နှင့် ဆိုးကွက်များ(Disadvantages)ရှိကြသဖြင့် မိမိတို့ဆောင်ရွက်မည့် ဒေသအခြေအနေ ရာသီဥတုအေြ ခအနေ ငွေကြေးအခြေအေ နတို့ပေါ်မူတည်၍ သင့်လျော်မူရှိသော Pavement အမျိုးအစားအား ရွေးချယ်တည်ဆောက်ကြရမည်ဖြစ်ပါသည်။