ကမ္ဘာမြေကြီးတစ်ခုလုံးပေါ်မှာမှ နေရာ နှစ်နေရာ မှာ ပဲပွင့်တဲ့ အရှားပါးဆုံး နွေဦးနှင်းဆီပန်း Middlemist’s Red

Posted on

Middlemist’s Red လို့ခေါ်တဲ့ နွေဦးနှင်းဆီက ကမ္ဘာပေါ်မှာ အရှားပါးဆုံးပန်း ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ မပွင့်ဘဲ နယူးဇီလန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံမှာပဲ ပွင့်ပါတယ်။

နွေဦးနှင်းဆီကို အမည်ပေးခဲ့သူက John Middlemist ဖြစ်ပြီးတော့ အဲဒီပန်းကို ၁၈၀၄ ခုနှစ်က တရုတ်နိုင်ငံကနေ ယူခဲ့တာပါ။ ဒီပန်းကို ချမ်းသာတဲ့ အင်္ဂလိပ်မိ သားစုတွေရဲ့အိမ်မှာပဲ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ပန်းက ဈေးကြီးလို့ပါ။ Middlemist က ပန်းကို အင်္ဂလန်နိုင် ငံကို ယူလာပြီး Kew ဥယျာဉ်မှာစို က်ပေမယ့် မဖြစ်ထွန်းခဲ့ပါဘူး။

၁၈၂၃ ခုနှစ်ရော က်တဲ့အခါ အင်္ဂလန် နိုင်ငံထဲက Chiswick အိမ်တော်ကြီးကို ရောက်မှ ပန်းက ဖြစ်ထွန်းလာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံထဲတောင်မှ နေရာတိုင်းမှာ မပွင့်ပါဘူး။

ပန်းကို တရုတ်နိုင်ငံကနေ ယူလာပြီးနောက်ပိုင်းမှာ ဘယ်လိုပဲစိုက်စိုက် မပွင့်တာ၊ အင်္ဂလန်နဲ့ နယူးဇီလန်မှာပဲ ပွင့်တာက ပဟေဠိဆန် နေပါတယ်။ အဲဒါကြောင့်လည်း ဈေးကြီးပြီး ရှားပါးတဲ့ပန်း ဖြစ်နေတာပါ။

ပန်းနာမည်က Middlemist’s Red ဖြစ်နေပေမယ့် ပန်းအရောင်က အပန်းရင့်ရောင်ပါ။ နယူးဇီလန်မျိုးကိုတော့ Waitangi က Treaty House မှာတွေ့နိုင်ပါတယ်။ နယူးဇီလန်နိုင်ငံမှာ ၁၈၃၃ ခုနှစ်က စိုက်ပျိုးခဲ့တာပါ။

Middlmist’s Red ခေါ် နွေဦးနှင်းဆီကို တစ်ကမ္ဘာလုံးမှာမှ နယူးဇီလန်နိုင်ငံက Treaty House နဲ့ အင်္ဂလန်နိုင်ငံက Chiswick House and Garden မှာပဲ တွေ့နိုင်တာပါ။

ဒါပေမယ့် အင်္ဂလန်မှာတော့ ပိုက်ဆံ အရမ်းကြွယ်ဝတဲ့သူတွေက ကိုင်းဖြတ်ပြီး စိုက်ကြတယ်လို့ ဆိုပါတယ်။ ရှားပါးတဲ့ နှင်းဆီလေးဟာ ကမ္ဘာပေါ်က နှစ်နေရာကလွဲလို့ ဘယ်နေရာမှာမှ မပေါက်ရောက်သေးပါ။

Zawgyi Version

Middlemist’s Red လို႔ေခၚတဲ့ ေႏြဦးႏွင္းဆီက ကမာၻေပၚမွာ အရွားပါးဆုံးပန္း ျဖစ္ပါတယ္။ ကမာၻႀကီးရဲ႕ ေနရာတိုင္းမွာ မပြင့္ဘဲ နယူးဇီလန္နိုင္ငံနဲ႕ အဂၤလန္နိုင္ငံမွာပဲ ပြင့္ပါတယ္။

ေႏြဦးႏွင္းဆီကို အမည္ေပးခဲ့သူက John Middlemist ျဖစ္ၿပီးေတာ့ အဲဒီပန္းကို ၁၈၀၄ ခုႏွစ္က တ႐ုတ္နိုင္ငံကေန ယူခဲ့တာပါ။ ဒီပန္းကို ခ်မ္းသာတဲ့ အဂၤလိပ္မိ သားစုေတြရဲ႕အိမ္မွာပဲ ေတြ႕ရပါတယ္။ ဘာလို႔လဲဆိုေတာ့ ပန္းက ေဈးႀကီးလို႔ပါ။ Middlemist က ပန္းကို အဂၤလန္နိုင္ ငံကို ယူလာၿပီး Kew ဥယ်ာဥ္မွာစို က္ေပမယ့္ မျဖစ္ထြန္းခဲ့ပါဘူး။

၁၈၂၃ ခုႏွစ္ေရာ က္တဲ့အခါ အဂၤလန္ နိုင္ငံထဲက Chiswick အိမ္ေတာ္ႀကီးကို ေရာက္မွ ပန္းက ျဖစ္ထြန္းလာခဲ့ပါတယ္။ အဂၤလန္နိုင္ငံထဲေတာင္မွ ေနရာတိုင္းမွာ မပြင့္ပါဘူး။

ပန္းကို တ႐ုတ္နိုင္ငံကေန ယူလာၿပီးေနာက္ပိုင္းမွာ ဘယ္လိုပဲစိုက္စိုက္ မပြင့္တာ၊ အဂၤလန္နဲ႕ နယူးဇီလန္မွာပဲ ပြင့္တာက ပေဟဠိဆန္ ေနပါတယ္။ အဲဒါေၾကာင့္လည္း ေဈးႀကီးၿပီး ရွားပါးတဲ့ပန္း ျဖစ္ေနတာပါ။

ပန္းနာမည္က Middlemist’s Red ျဖစ္ေနေပမယ့္ ပန္းအေရာင္က အပန္းရင့္ေရာင္ပါ။ နယူးဇီလန္မ်ိဳးကိုေတာ့ Waitangi က Treaty House မွာေတြ႕နိုင္ပါတယ္။ နယူးဇီလန္နိုင္ငံမွာ ၁၈၃၃ ခုႏွစ္က စိုက္ပ်ိဳးခဲ့တာပါ။

Middlmist’s Red ေခၚ ေႏြဦးႏွင္းဆီကို တစ္ကမာၻလုံးမွာမွ နယူးဇီလန္နိုင္ငံက Treaty House နဲ႕ အဂၤလန္နိုင္ငံက Chiswick House and Garden မွာပဲ ေတြ႕နိုင္တာပါ။

ဒါေပမယ့္ အဂၤလန္မွာေတာ့ ပိုက္ဆံ အရမ္းႂကြယ္ဝတဲ့သူေတြက ကိုင္းျဖတ္ၿပီး စိုက္ၾကတယ္လို႔ ဆိုပါတယ္။ ရွားပါးတဲ့ ႏွင္းဆီေလးဟာ ကမာၻေပၚက ႏွစ္ေနရာကလြဲလို႔ ဘယ္ေနရာမွာမွ မေပါက္ေရာက္ေသးပါ။

Leave a Reply

Your email address will not be published. Required fields are marked *