ကမ္ဘာမြေကြီး၏ ချက် (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သော အံ့ဖွယ် အီစတာကျွန်း

Posted on

ချီလီနိုင်ငံ ရဲ့ Concepcion မြို့ရဲ့တောင်ဘ က်ပိုင်းမှာ ရှိပြီး ချီလီနိုင်ငံ နှင့် တီဟီတီ ရဲ့ အလယ်ေ လာက် မှာ ရှိတဲ့ တြိဂံ ပုံသဏ္ဍာန် ရှိ မီးတောင် ကျွန်းလေးပါ။ ထိုနေရာလေး သည် ကမ္ဘာပ်ါတွင် အခြားနေရာများ နှင့် အလွန် ကွာဝေး ကာ အလွန်ပင် အထီးကျန် ဆန်လှသော နေရာတစ် ခုဖြစ်ပါသည်။ သို့သော် ထို ကျွန်းလေးပေါ်တွင် ရှေးပဝေသဏီ က အသိရ ခက်သော မျိုးနွယ်စု တစ်စု သည် တန် ၉၀ ကျော်လေးသော ကျောက်သား ကြီးများကို ထူးဆန်းသော ပုံပန်းသဏ္ဍန်ရှိသော ရုပ်ထုကြီးများ ထုဆစ်ကာနှောင်းလူသား တို့ အတွက် ပဟေဋ္ဌိများကို ထားရှိခဲ့ကြလေသည်။

ကမ္ဘာမြေကြီး၏ ချက် (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သော အံ့ဖွယ် အီစတာကျွန်း[/caption

အီစတာကျွန်း ၏ အဓိက ထူးခြားချက် မှာ ၈၈၇ ခုသော ဧရာမ မီးတောင် ချော် ရုပ်ထု ခေါ် မွိုင် တွေပါပဲ။ ထို မွိုင် များသည် ၁၂ ပေမှ ၁၅ ပေအထိ အမြင့်ရှိကာ ပျမ်းမျ အလေး ချိန်သည် တန် ၂၀ ခန့် အထိရှိကြောင်း တွေ့ရှိရပါသည်။ ဤကျွန်းလေး ကို ရှေးယခင်က ‘Te Pito o te Henua’ လို့ခေါ်ဆိုခဲ့ ပြီး ကမ္ဘာကြီး ရဲ့ ချက် လို့ အမည် တွင်ခဲ့တာ က လည်း ပိုမို ထူးခြား ဆန်းကြယ် စေတဲ့ အချက် တစ်ချက် ပါ။

ကျွန်း အနှံ့အပြား မှာ ပလက်ေ ဖာင်းတွေ ထုဆစ် ခဲ့ကြပြီး ထိုအပေါ်မှာ မွိုင် တွေဟာ ပင်လယ်ဘက် ကို မျက်နှာမူပြီး ရပ်တည် နေခဲ့ကြ တာပါ။ မွိုင် အများစု ကို အဝါရောင် မီးတောင် ကျောက်သား နဲ့ ထုဆစ် ခဲ့ကြပြီး လက်ရာကလည်း အင်မတန် ညက်ညော ပြေပြစ်တာ ကို တွေ့ရမှာ ဖြစ်ပါတယ်။

[caption id="attachment_3185" align="alignnone" width="720"] ကမ္ဘာမြေကြီး၏ ချက် (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သော အံ့ဖွယ် အီစတာကျွန်း

ထူးခြားတာက တော့ ဘေးအန္တ ရာယ် တစ်ခုခု ကြုံတွေ့ခဲ့ရပြီး ကျွန်းပေါ်မှာ မပြီးပြတ် သေးသော ထုဆစ် လက်စ မွိုင် ရုပ်ထုတွေ ကိုလည်း တွေ့မြင်နေရ တာပါ။ ကျောက်တုံး အစအနတွေ ကို ကြည့်ခြင်း အားဖြင့် ကျွန်းသူ ကျွန်းသားတွေ ဟာ ဘေးအန္တရာယ် တစ်ခုခုကြောင့် ထုဆစ် လက်စ မွိုင် တွေကို စွန့်ပြစ် ထွက်ပြေး ခဲ့ ကြတယ် လို့ ယူဆစရာ ရှိနေခဲ့ ပါတယ်။

ဒါ့အပြင် အီစတာကျွန်း ပေါ်က Rongorongo အမည် ရသော အရေးအသား ဟာလည်း သမုဒ္ဒရာ ဒေသပိုင်း မှာ တွေ့ခဲ့ရတဲ့ တစ်ခုတည်းသော ရှေးဟောင်းစာ အရေးအသား ဖြစ်ပြီး ယခု ထက်ထိ ဘာသာပြန် ပုံဖော်နိုင်ခြင်း မရှိသေးတာ ကလည်း အီစတာကျွန်း ကို ပိုမို ထူးဆန်း လေးနက် စေခဲ့တာပါ။

ကမ္ဘာမြေကြီး၏ ချက် (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သော အံ့ဖွယ် အီစတာကျွန်း

ဒီတော့ အီစတာကျွန်း မှာ ဘယ်လူမျိုးစုတွေ ကြီးစိုး နေထိုင် ခဲ့လဲ….

ကမ္ဘာ့ လူမှု ဂေဟစနစ် နှင့် အဝေးကွာ အထီးအကျန်ဆုံး ဖြစ်သော အီစတာကျွန်း ကို အေဒီ ၇၀၀ မှ ၁၁၀၀ ကြား ကာလများ တွင် ပိုလီနီးရှန်း မျိုးနွယ်စု မှ မတော်တဆ ရှာဖွေ တွေ့ရှိခဲ့ပြီး လက်မှုပညာ အလွန် ခေတ်မှီ ထွန်းကားခဲ့ဟန် ရှိသည် ကို မွိုင် ရုပ်ထုများ ကို ကြည့်ခြင်းဖြင့် သိရှိနိုင် ပါသည်။ အစပိုင်း တွင် လူဦးရေ ၁၅၀၀၀ ခန့်ရှိသည် ဟု ခန့်မှန်း ရပြီး နောက်ပိုင်း တွင် ပိုလီနီးရှန်း ကြွက်များ Outbreak ဖြစ်လာခြင်း, လူဦးရေ အဆမတန် ထူထပ်လာခြင်း နှင့် သဘာဝ အရင်း အမြစ်များ နှင့် သစ်တောများ ပြုန်းတီးလာခြင်း တို့ကြောင့် အေဒီ ၁၇၂၂ ခုနှစ် တွင် လူဦးရေသည် ၂၀၀၀ မှ ၃၀၀၀ ကြား အထိ ကျဆင်း လာခဲ့သည် ဟု သိရှိ ရသည်။

အေဒီ ၁၈၆၀ မှ စတင် ၍ ရောဂါဘယ များ ဆိုးရွား လာခြင်း နှင့် ကျွန်ပြု ခိုင်းစေ ခံရမှု တို့ကြောင့် အေဒီ ၁၈၇၇ ခုနှစ် တွင် ကျွန်းသူ ကျွန်းသား ဦးရေ ၁၁၁ ယောက်သာ ကျန်ရှိ သည် အထိ လူဦးရေ လျော့ကျ ခဲ့ရ ပါသည်။ လေ့လာသူ အများစုသည် ကျွန်းသူ ကျွန်းသားတို့ ၏ ရာဇဝင် သမိုင်းကြောင်း ကို ဤမျ အထိ ခြေရာခံ လေ့လာ နိုင်ခဲ့ကြ သော်လည်း ယင်း ကျောက်ရုပ်ထုကြီးများ ကို မည် သည့် ရည်ရွယ်ချက် နှင့် ထုဆစ် ခဲ့ ကြပါ သနည်း…..

ထုဆစ်ခဲ့ ကြသော ပညာရှင်များ သည် အဘယ်ကြောင့် သဲလွန်စ မကျန်ပဲ ပျောက်ကွယ် သွားကြ သနည်း… ဆိုသည့် မေးခွန်းများ ၏ အဖြေ ကို ရှာဖွေ လေ့လာ နိုင်ခဲ့ခြင်း မရှိ ခဲ့ပါ။

ကမ္ဘာမြေကြီး၏ ချက် (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သော အံ့ဖွယ် အီစတာကျွန်း

ထို့အပြင် ရေဒီယို ကာဗွန်နည်း အရ ကျောက်ရုပ်ထုများ ကို စမ်းသပ် စစ်ဆေးရာ တွင် ကျွန်းသူ ကျွန်းသားတို့ ၏ ကျောက်ဆစ် ထုဆစ်ခြင်း မှာ အေဒီ ၁၆၅၀ ခုနှစ် တွင် လုံးဝ ရပ်ဆိုင်း သွားခဲ့ကြောင်း အံ့ဖွယ် တွေ့ရှိခဲ့ရ ပါသည်။ ဤ အချက် ကို ကြည့်ခြင်း အားဖြင့် ကျွန်းသူ ကျွန်းသားတို့ ၏ ကျောက်ဆစ် ထွင်းထုခြင်း အတတ် မှာ လွန်စွာ ခေတ်လွန် နေကြောင်း ကို သိရှိရမည် ဖြစ်ပါသည်။ ဤ ကြီးမားသော ကျောက်ဆစ် ရုပ်ကြီးများ ကို မည်သည့် နည်းဖြင့် ထွင်းထု ၍ တစ်နေ ရာ မှ တစ်နေရာ ရွေ့ပြောင်းကာ ကျွန်းအနှံ့ စိုက်ထူ ခဲ့သနည်း ဟူသော မေးခွန်း မှာ ဒဏ္ဍာရီ တစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့မည် ဖြစ်ပါတော့ သည်။

ကမ္ဘာမြေကြီး၏ ချက် (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သော အံ့ဖွယ် အီစတာကျွန်း

လွန်ခဲ့သော မကြာမီ နှစ်များ အတွင်း အသစ် ရှာဖွေ တွေ့ရှိမှုများ ကလည်း အီစတာ ကျွန်းပေါ် မှ သံသယ မေးခွန်းများ ကို ထပ်ဆင့် တိုးပွား စေမည် ဖြစ်ပါသည်။ အသစ် ရှာဖွေ တွေ့ရှိမှုများ အရ အီစတာကျွန်း ပေါ်မှ မွိုင် ရုပ်ထုကြီးများ သည် မြေပြင် ပေါ်တွင် ထိုးထွက် နေသော ရုပ်ထု အစိတ်အပိုင်း မျသာ ဖြစ်ပြီး တူးဖော် လိုက်ပါ က အောက်ဘက် ပိုင်းတွင် ဧရာမ ကိုယ်ထည် တစ်ခုပါ ထွက်ပေါ်လာကြောင်း အံ့ဖွယ် တွေ့ ရှိရမည် ဖြစ်သည်။ ‘Art within Art’ ဆိုသည့် အတိုင်း ထို ကိုယ်ထည်ပိုင်း ၏ ကျောဘက်တွင် မူ အသေး စိတ် ထွင်းထု ထားသော ကျောက်ဆစ် ကနုတ်များ ကို ထင်ရှားစွာ ရှာဖွေတွေ့ ရှိခဲ့ရပါ သည်။

ကမ္ဘာမြေကြီး၏ ချက် (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သော အံ့ဖွယ် အီစတာကျွန်း

ထို့ကြောင့် အီစတာကျွန်း ကို လေ့လာနေသူ ပညာရှင်များ အဖို့ ယခင် မေးခွန်း ၏ အဖြေများ ကို ရှာဖွေ တွေ့ရှိခြင်း မရှိသေးပဲ အသစ် အသစ်သော ပဟေဠိများ သာ ဆက်လက် ရှာဖွေ တွေ့ ရှိ ခဲ့ပါကြောင်း နှင့်…….မွိုင် ခေါ် ဧရာမ ကျောက်ဆစ် ရုပ်ထုကြီးတွေ ကို ဘယ်လို သယ်ဆောင် ထွင်းထု ပြီး အဘယ် အကြောင်း ကြောင့် ကိုယ်ထည်တွေ ဟာ မြေကြီးအောက် ရောက် ခဲ့ရ ပါ သလဲ

ပိုလီနီးရှန်း လူမျိုးစု တွေရဲ့ ဗိသုကာ လက်ရာ ဟာ အေဒီ ၁၅၀၀ မတိုင်မီ နှစ်များ ကတည်း က ဘယ်လိုဖြစ်ပြီး အဲ့ဒီ လောက် ခေတ်လွန် နေခဲ့ရ တာလဲ ….

သုံးထပ် တိုက်လောက် အမြင့်ရှိနေ တဲ့ မွိုင် တွေက ကျွန်းသူ ကျွန်းသားတွေ ရဲ့ လက်ရာ မဟုတ်ပဲ အခြား ဂြိုလ် ကမ္ဘာက လာတဲ့ ဂြိုလ်သားတွေ ရဲ့ လက်ရာ လေလား ….

လူ အများ တွေးထင် နေကြ သလို အီစတာကျွန်း ဟာ ကမ္ဘာ့ မြေကြီးတစ်ခု ရဲ့ ရေပေါ် တင်ကျန် ခဲ့တဲ့ အစိတ်အပိုင်း တစ်ခု သက်သက် လား ….

ဆိုတဲ့ ပဟေဠိများ ၏ အဖြေ ကား အီစတာကျွန်း ပတ်ပတ်လည် တွင် ပင်လယ်ဘက် သို့ မျက်နှာ မူလျက်ရှိသော မွိုင် ရုပ်ထုကြီးများ မှ လွဲ၍ အခြားသူများ အဖို့ အံ့ဖွယ် ပုစ္ဆာ တစ်ပုဒ် အဖြစ် ကျန်ရှိ နေဦးမည် ဖြစ်ပါ ကြောင်း…….

Credit;

Leave a Reply

Your email address will not be published. Required fields are marked *