အန်တီမ က်တာ (Antimatter) ကို အများ စုကတော့ သိချင် မှသိမှာဖြစ်ေ ပမယ့် သိပ္ပံစိ တ်ဝင်စားသူေ တွကေ တာ့ ရင်းရင်းနှီးနှီး သိကြပါတယ်။ အလွန်တန်ဖိုးြ ကီးပြီး အစွမ်း ထက်တဲ့ ဒြပ်စင်တစ် မျိုးဖြစ်ပါတယ်။ မီလီဂရမ်ေ လာက်ရှိတဲ့ အန် တီမက်တာ (Antimatter) လေးဟာ ကမ္ဘာက အလွန်ဝေးတဲ့ အင်္ဂါဂြိုဟ်ကို ရက်ပိုင်းအတွ င်းရောက်အောင် ပို့ေ ပးနိုင်ပါတယ်။
အဲဒီ မီလီဂရမ်ေ လာက်ရဖို့ ဖန်တီးရ တဲ့တန်ဖိုးကတော့ ဒေါ်လာ ကုဋေပေါင်း များစွာ ကုန်ကျနို င်ပါတယ်။ သူ့ရဲ့ ၁ဂ ရမ်တန်ဖိုးက ဒေါ်လာ 62.5 ထရီလီယံဖြစ်ပြီး ဘယ်သူမှဝ ယ်နိုင်မှာမ ဟုတ်သလို ဝယ်လို့လည်းရမှာ မဟုတ် ပါဘူး။ အန်တီမက်တာ (Antimatter) အကြောင်းကို မသိသေးတဲ့ မိတ်ဆွေ များအတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဝေမျှလိုက်ပါတယ်။

၁၉၂၈ – ၃၀ ဝန်းကျင်က ရူပဗေဒ ပညာရှင် ပေါလ် ဒဲရစ် (Paul Dirac) ဆိုသူက အန်တီမက်တာ (Antimatter) လို့ခေါ်တဲ့ အယူအဆတစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ Antimatter ဆိုတာ ပြင်ပေ လာကထဲက matter(ဒြပ်) တွေနဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။ တခုပဲ၊ သူ့ထဲမှာပါတဲ့ လျှပ်စစ် စွမ်းအင်တွေဟာ ပုံမှန် matter တွေနဲ့ ပြောင်းပြန်ဖြစ်နေတာပါ။ ထူးခြားချက်ကတော့ ဒြပ်တစ်ခုနဲ့ ၎င်းရဲ့ ဆန့်ကျင်ဘက် ဒြပ်တို့ ထိတွေ့ကြတဲ့အခါမှာတော့… ပြင်းထန်စွာပေါင်းစပ်ကြပြီး ဒြပ်ထုအားလုံးမှာ စွမ်းအင်အဖြစ်သို့လုံးဝပြောင်းလဲသွားခြင်းဖြစ်ပါတယ်။
Antimatter ရဲ့စွမ်းအင်ထုတ် လွှတ် သုံးစွဲနိုင်စွမ်းဟာ ၁၀၀ ရာနှုန်းအပြည့်ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့ nuclear fission (အနုမြူစွမ်းအင်) ဟာတော့ ထွက်လာတဲ့ စွမ်းအင်ရဲ့ ၁.၅ ရာနှုန်းသာ ထုတ်လုပ်သုံးစွဲနို င်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Antimatter ဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်းမဖြစ်စေဘူး၊ nuclear လို ဓါတ်ရောင်ခြည်သင့်မှုတွေလည်း မဖြစ်စေဘူး။

ရေစက်လေးတ စ်စက်လောက်ရှိတဲ့ Antimatter ဟာ New York လိုမြို့ကြီးတြ မို့လုံးကို တနေကုန် မီးပေးထား နိုင်တယ်လို့ ဆိုပါတယ်။ အက်စပရင်ဆေးပြား အရွယ်စားခန့်မျှသာရှိသော matterနှင့်Antimatter တို့ေ ပါင်းစပ်မိလျှင်ပ င်ထွက်ပေါ်လာသောစွ မ်းအင်ဖြင့်အာကာသယာ ဉ်တစ်စင်းအား အလင်းနှ စ်ရာပေါင်းများစွာအထိ အာကာသအတွင်းသို့ပစ်လွှတ်နိူင်မှာဖြစ်ပါတယ်။ ယင်းနည်းပ ညာကိုသာပိုင်ဆို င်လာပါက လသည်တ စ်မိနစ်ခရီးပင်ဖြစ်ပြီး အင်္ဂါဂြိုဟ်သည် တစ်ရက်သာကြာတော့မည့်ခရီးစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။

ခက်တာက…. ပြဿနာလေး တခုရှိနေတယ်။ Antimatter ဟာ လုံးဝတည် ငြိမ်မှုမရှိဘူး။ တခုခုနဲ့ ထိလိုက်တာနဲ့ ပေါက်ကွဲတာပဲ။ လေနဲ့တောင် ထိလို့မရပါဘူး။ Antimatter ၁ ဂရမ် ဟာ ဟီရိုရှီးမား တမြို့လုံး ပြာကျသွားစေခဲ့တဲ့ ၂၀ ကီလိုတန် nuclear bomb တလုံးနဲ့ စွမ်းအင် အတူတူရှိတာမို့ သိပ်အန္တရာယ်ကြီးတယ်ဆိုတာ အထူးပြောစရာလိုမယ် မထင်ပါဘူး။ ၂၀၁၀ ခုနှစ်ကတော့ ဆွစ်ဇာလန်နိုင်ငံက ကမ္ဘာ့အကြီးဆုံး သိပ္ပံသုတေသန အဖွဲ့အစည်းကြီးဖြစ်တဲ့ Conseil Européen pour la Recherche Nucléaire (CERN) ဟာ Antimatter အမှုန်အမွှားလေးတွေကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခုထက်ထိတော့ CERN ဟာ Antimatter ကို တခါထုတ်ရင် atom နည်းနည်းလေးနဲ့ သိပ်ကို နည်းနည်းလေးစီပဲ ထုတ်နေခဲ့တာပါ။ ဒါပေမယ့် ခုတော့ CERN ဟာ Antimatter အမြောက်အမြား ထုတ်လုပ်နိုင်မယ့် Antiproton Decelerator ကိုစတင်ဆောက်လုပ်နေပါပြီ။

မေးစရာတခုတော့ ဖြစ်နေတာပေါ့။ ဒီ သိပ်ကို မတည်မငြိမ်နဲ့ ပေါက်ကွဲလွယ်တဲ့ ဒြပ်ပစ္စည်းလေးဟာ ကမ္ဘာကြီးကို ကယ်ဆယ်မှာလား၊ ဒါမှမဟုတ် လူသားတွေအတွက် သိပ်ကို ဆိုးရွားတဲ့ အန္တရာယ်အကြီးဆုံး လက်နက်ဖြစ်လာမှာလား ဆိုတာ…။
ကိုးကား။ ။ Ko Htue Post & Min Ye Yaza Kyaw Blog (အာကာသနှင့် စကြဝဠာသို့ မိတ်ဆွေတစ်ဦးမှ ပေးပို့ထားသော ပို့စ် တစ်ခုနှင့် ဘလော့ခ်တစ်ခုမှ ရရှိသည့်အချက်များကို ပြန်လည်တင်ပြေ ပးခြင်းသာဖြစ်ပါတယ်.. ရူပေ ဗဒပညာရှင်များ ပိုမို နားလ ည်မှာပါ.. .. ကျေးဇူးတင်ပါတယ်)