ကမ္ဘာ့ သမိုင်းတလျှောက် အချမ်းသာဆုံး ပုဂ္ဂိုလ်

Posted on

ကမ္ဘာ့ အချမ်းသာ ဆုံး ပုဂ္ဂိုလ်လို့ ဆို လိုက်ရင် ဘီဂိတ်စ် ၊ ရောခ့်ဖဲလား ၊ အင်ဒရူးကာနယ်ဂျီ စတဲ့သူဌေး ကြီးတွေ ကို ပြေးမြ င်မိကြမှာပါ။ ဒါပေမယ့် ပညာရှင် အများစု လက်ခံထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူရဲ့ နာမည်ကိုတော့ မိတ်ဆွေကြားဖူးချင်မှ ကြားဖူးမှာ ပါ။ သူဟာ ယနေ့အချမ်းသာဆုံး သူဌေးကြီး ဘီဂိတ်စ်ထက် ၄ ဆကျော် ချမ်းသာသူဖြစ်ပါတယ်။

သူကတော့ မာလီအင်ပါယာ ရဲ့ ဘုရင် Mansa Musa ပဲဖြစ်ပါတယ်။ ၁၃ ရာစု ဝန်းကျင်မှာ အုပ်စိုးခဲ့တဲ့ မာလီအင်ပါယာ ရဲ့ ၁၀ဆက်မြောက် Mansa ဘုရင်ဖြစ်ပါတယ်။ Mansa ကို Sultan(king),Conqueror,emperor စသဖြင့် အမျိုးမျိုး ဘာသာပြန်နိုင်ပါတယ်။

ကမ္ဘာ့ သမိုင်းတလျှောက် အချမ်းသာဆုံး ပုဂ္ဂိုလ်

Mansa Musa ရဲ့ ဘုရင်နာမည် က Musa Keita I ဖြစ်ပြီး သူ့ကို ၁၂၈၀ ခုနှစ် မာလီမှာ မွေးဖွား ခဲ့ပါတယ်။ ၁၃၁၂ ခုနှစ် အသက် ၃၂နှစ်အရွယ်မှာ ဘုရင် Abubakari Keita II ကိုအောင်နိုင်ပြီးတဲ့နောက် အနောက် အာဖရိက မာလီဘုရင်ဖြစ် လာပါတယ်။ မာလီနိုင်ငံဟာ ယနေ့ခေတ်မှာ နိုင်ငံငယ်လေးြ ဖစ်ပေမယ့် သူ့လက်ထက်မှာတုန်းကတော့ မာလီနိုင်ငံဟာ ဆား နဲ့ ရွှေ အမြောက်အ များထွက်ပြီး အလွန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရွှေအများဆုံး ထွက်ခဲ့တဲ့နေ ရာလည်းဖြစ် ပါတယ်။

Mansa Musa ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ တန်ဖိုးနဲ့တွက်ရင် ၄၀၀ ဘီလျံကျော်ကို ပိုင်ဆိုင်ခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းဆုံးတွ က်ချက်ထားြ ခင်းသာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒီထက်မက များနိုင်သေးတယ် လို့ တွက်ချက်သူေ တွက ဆိုကြပါတယ်။

အဲဒီအချိန်တုန်းက မာလီအင်ပါယာဟာ အတ္တလန်တိတ် သမုဒ္ဒရာကနေ Chad ရေကန်အထိ မိုင်ပေါင်း ၂ထောင်ကျော် ကျယ်ပြန့်ပြီး ယနေ့ နိုင်ဂျီးရီးယား ၊ ချက်ဒ်(Chad) ၊ နိုင်ဂါ ၊ မာလီ ၊ ဘူရီကာဖာဆို ၊ ဂွာရာနာ ၊ ဂမ်ဘီယာ ၊ ဆီနီဂေါ ၊ မာရီတန်နီးယား အစရှိတဲ့နိုင်ငံတွေဟာ မာလီအင်ပါယာထဲမှာ ပါဝင်ပါတယ်။

ကမ္ဘာ့ သမိုင်းတလျှောက် အချမ်းသာဆုံး ပုဂ္ဂိုလ်

Mansa Musa ဟာ ခရီးအလွန်ထွ က်တဲ့ဘုရင်ဖြစ်ပြီး မိုင်ပေါင်းထော င်ချီအောင် ထွက်လေ့ရှိပါတယ်။ ဒီလိုခရီးထွက်တဲ့အခါမျိုးမှာ အစေခံ ထောင် နဲ့ချီပြီး ခေါ်ယူကာထွက်လေ့ရှိပါတယ်။ သူ့ရဲ့အစေခံအားလုံး ကိုလည်း တန်ဖိုးကြီးလှတဲ့ ပါရှားပြည်က ပိုးထည်တွေကို ဝတ်ဆ င်စေပါတယ်။ ကုလားအုတ် အကောင် ၈၀ နဲ့ အတူ ရွှေ ပေါင် ၃၀၀ ခန့်ကိုလည်း ခရီးထွက်ရင် သယ်သွားလေ့ရှိပါတယ်။

သူသွားခဲ့တဲ့လမ်း တလျှောက်မှာ လက်ဆော င်ပစ္စည်းတွေကို အမြဲေ ဝမျှခဲ့ပါတယ်။ သူ့ရဲ့အထင်ရှားဆုံးခရီးကတော့ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို သွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။

ကမ္ဘာ့ သမိုင်းတလျှောက် အချမ်းသာဆုံး ပုဂ္ဂိုလ်

သူ့လက်ထက်မှာ မာလီနိုင်ငံ ဟာ အကြီးမားဆုံး ထွန်းတော က်ခဲ့ပါတယ်။ သူ့ရဲ့မြို့တော် တင်ဘခ်တူဟာ အဲဒီအချိန်က ယဉ်ကျေးမှု နဲ့ ကုန်သွယ်မှု အထွန်းကားဆုံးမြို့ဖြစ်ခဲ့ပါတယ်။ သူဟာ ပညာရေးကို တန်ဖိုးထားတဲ့ဘု ရင်ဖြစ်ပြီး သူ့ရဲ့မြို့တော်မှာ Sankore တက္ကသိုလ်ကိုဖွင့်လှစ်ပြီး ကမ္ဘာတစ်ဝန်းက ပညာသင်ဆုရကျောင်းသားတွေကို တက်ရောက်သင်ယူစေခဲ့ပါတယ်။

သူဟာ အသက် ၅၇နှစ် အရွယ် ၁၃၃၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူ့လက်ထက်က မာလီအင်ပါယာကို အထွန်းတောက်ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုဆက်ခံသူများရဲ့လက်ထက် မှာတော့ လွဲမှားတဲ့စီမံမှုတွေ ၊ နယ်ချဲ့ခြင်း နဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် Mansa Musa တည်ထောင်ခဲ့တဲ့ အင်ပါယာကြီး ပျက်စီးခဲ့ရပါတယ်။

ကမ္ဘာ့ သမိုင်းတလျှောက် အချမ်းသာဆုံး ပုဂ္ဂိုလ်

သူ့ရဲ့နန်းတော် မရှိတော့ပေမယ့် သူတည်ေ ထာင်ခဲ့တဲ့ အဆောက်အဦးတွေ တက္ကသို လ်တွေကတော့ ယနေ့တိုင်ရှိနေဆဲပါ။ သူ့ထက်ချမ်းသာတဲ့သူ ထပ်ပေါ်လာဖို့ ဆိုတာလည်း မဖြစ်နိုင်လောက်အောင်ပါပဲ။

Zawgyi

ကမာၻ႔ အခ်မ္းသာ ဆုံး ပုဂၢိဳလ္လို႔ ဆို လိုက္ရင္ ဘီဂိတ္စ္ ၊ ေရာခ့္ဖဲလား ၊ အင္ဒ႐ူးကာနယ္ဂ်ီ စတဲ့သူေဌး ႀကီးေတြ ကို ေျပးျမ င္မိၾကမွာပါ။ ဒါေပမယ့္ ပညာရွင္ အမ်ားစု လက္ခံထားတဲ့ ကမာၻ႔အခ်မ္းသာဆုံးသူရဲ႕ နာမည္ကိုေတာ့ မိတ္ေဆြၾကားဖူးခ်င္မွ ၾကားဖူးမွာ ပါ။ သူဟာ ယေန႕အခ်မ္းသာဆုံး သူေဌးႀကီး ဘီဂိတ္စ္ထက္ ၄ ဆေက်ာ္ ခ်မ္းသာသူျဖစ္ပါတယ္။

သူကေတာ့ မာလီအင္ပါယာ ရဲ႕ ဘုရင္ Mansa Musa ပဲျဖစ္ပါတယ္။ ၁၃ ရာစု ဝန္းက်င္မွာ အုပ္စိုးခဲ့တဲ့ မာလီအင္ပါယာ ရဲ႕ ၁၀ဆက္ေျမာက္ Mansa ဘုရင္ျဖစ္ပါတယ္။ Mansa ကို Sultan(king),Conqueror,emperor စသျဖင့္ အမ်ိဳးမ်ိဳး ဘာသာျပန္နိုင္ပါတယ္။

Mansa Musa ရဲ႕ ဘုရင္နာမည္ က Musa Keita I ျဖစ္ၿပီး သူ႕ကို ၁၂၈၀ ခုႏွစ္ မာလီမွာ ေမြးဖြား ခဲ့ပါတယ္။ ၁၃၁၂ ခုႏွစ္ အသက္ ၃၂ႏွစ္အ႐ြယ္မွာ ဘုရင္ Abubakari Keita II ကိုေအာင္နိုင္ၿပီးတဲ့ေနာက္ အေနာက္ အာဖရိက မာလီဘုရင္ျဖစ္ လာပါတယ္။ မာလီနိုင္ငံဟာ ယေန႕ေခတ္မွာ နိုင္ငံငယ္ေလးျ ဖစ္ေပမယ့္ သူ႕လက္ထက္မွာတုန္းကေတာ့ မာလီနိုင္ငံဟာ ဆား နဲ႕ ေ႐ႊ အေျမာက္အ မ်ားထြက္ၿပီး အလြန္ႂကြယ္ဝတဲ့ နိုင္ငံျဖစ္ပါတယ္။ ကမာၻ႔ေ႐ႊအမ်ားဆုံး ထြက္ခဲ့တဲ့ေန ရာလည္းျဖစ္ ပါတယ္။

Mansa Musa ရဲ႕ပိုင္ဆိုင္မႈဟာ ေဒၚလာ တန္ဖိုးနဲ႕တြက္ရင္ ၄၀၀ ဘီလ်ံေက်ာ္ကို ပိုင္ဆိုင္ခဲ့ တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒါဟာ အနည္းဆုံးတြ က္ခ်က္ထားျ ခင္းသာျဖစ္ၿပီး သူ႕ရဲ႕ပိုင္ဆိုင္မႈဟာ ဒီထက္မက မ်ားနိုင္ေသးတယ္ လို႔ တြက္ခ်က္သူေ တြက ဆိုၾကပါတယ္။

အဲဒီအခ်ိန္တုန္းက မာလီအင္ပါယာဟာ အတၱလန္တိတ္ သမုဒၵရာကေန Chad ေရကန္အထိ မိုင္ေပါင္း ၂ေထာင္ေက်ာ္ က်ယ္ျပန႔္ၿပီး ယေန႕ နိုင္ဂ်ီးရီးယား ၊ ခ်က္ဒ္(Chad) ၊ နိုင္ဂါ ၊ မာလီ ၊ ဘူရီကာဖာဆို ၊ ဂြာရာနာ ၊ ဂမ္ဘီယာ ၊ ဆီနီေဂါ ၊ မာရီတန္နီးယား အစရွိတဲ့နိုင္ငံေတြဟာ မာလီအင္ပါယာထဲမွာ ပါဝင္ပါတယ္။

Mansa Musa ဟာ ခရီးအလြန္ထြ က္တဲ့ဘုရင္ျဖစ္ၿပီး မိုင္ေပါင္းေထာ င္ခ်ီေအာင္ ထြက္ေလ့ရွိပါတယ္။ ဒီလိုခရီးထြက္တဲ့အခါမ်ိဳးမွာ အေစခံ ေထာင္ နဲ႕ခ်ီၿပီး ေခၚယူကာထြက္ေလ့ရွိပါတယ္။ သူ႕ရဲ႕အေစခံအားလုံး ကိုလည္း တန္ဖိုးႀကီးလွတဲ့ ပါရွားျပည္က ပိုးထည္ေတြကို ဝတ္ဆ င္ေစပါတယ္။ ကုလားအုတ္ အေကာင္ ၈၀ နဲ႕ အတူ ေ႐ႊ ေပါင္ ၃၀၀ ခန႔္ကိုလည္း ခရီးထြက္ရင္ သယ္သြားေလ့ရွိပါတယ္။

သူသြားခဲ့တဲ့လမ္း တေလွ်ာက္မွာ လက္ေဆာ င္ပစၥည္းေတြကို အၿမဲေ ဝမွ်ခဲ့ပါတယ္။ သူ႕ရဲ႕အထင္ရွားဆုံးခရီးကေတာ့ မိုင္ေပါင္း ၄၀၀၀ ေက်ာ္ေဝးတဲ့ ေဆာ္ဒီအာေရဗ်နိဳင္ငံ မကၠာကို သြားခဲ့တဲ့ ခရီးျဖစ္ပါတယ္။

သူ႕လက္ထက္မွာ မာလီနိုင္ငံ ဟာ အႀကီးမားဆုံး ထြန္းေတာ က္ခဲ့ပါတယ္။ သူ႕ရဲ႕ၿမိဳ႕ေတာ္ တင္ဘခ္တူဟာ အဲဒီအခ်ိန္က ယဥ္ေက်းမႈ နဲ႕ ကုန္သြယ္မႈ အထြန္းကားဆုံးၿမိဳ႕ျဖစ္ခဲ့ပါတယ္။ သူဟာ ပညာေရးကို တန္ဖိုးထားတဲ့ဘု ရင္ျဖစ္ၿပီး သူ႕ရဲ႕ၿမိဳ႕ေတာ္မွာ Sankore တကၠသိုလ္ကိုဖြင့္လွစ္ၿပီး ကမာၻတစ္ဝန္းက ပညာသင္ဆုရေက်ာင္းသားေတြကို တက္ေရာက္သင္ယူေစခဲ့ပါတယ္။

သူဟာ အသက္ ၅၇ႏွစ္ အ႐ြယ္ ၁၃၃၇ ခုႏွစ္မွာ ေသဆုံးခဲ့ပါတယ္။ သူ႕လက္ထက္က မာလီအင္ပါယာကို အထြန္းေတာက္ဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ေပမယ့္ သူ႕ကိုဆက္ခံသူမ်ားရဲ ႕လက္ထက္ မွာေတာ့ လြဲမွားတဲ့စီမံမႈေတြ ၊ နယ္ခ်ဲ့ျခင္း နဲ႕ ျပည္တြင္းစစ္ပြဲေတြေၾကာင့္ Mansa Musa တည္ေထာင္ခဲ့တဲ့ အင္ပါယာႀကီး ပ်က္စီးခဲ့ရပါတယ္။

သူ႕ရဲ႕နန္းေတာ္ မရွိေတာ့ေပမယ့္ သူတည္ေ ထာင္ခဲ့တဲ့ အေဆာက္အဦးေတြ တကၠသို လ္ေတြကေတာ့ ယေန႕တိုင္ရွိေနဆဲပါ။ သူ႕ထက္ခ်မ္းသာတဲ့သူ ထပ္ေပၚလာဖို႔ ဆိုတာလည္း မျဖစ္နိုင္ေလာက္ေအာင္ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *