ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်ကြီးဒါရိုက်တွေနဲ့တွေ့ဆုံပြီး အလုပ်အတူတူလုပ်ကိုင်ဖို့အတွက် ဆွေးနွေးနေတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်များ
Posted on
မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင် တော့ မသိသူ မရှိလောက်‌ အောင်လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သာမကဘဲ ထိုင်းနိုင်ငံမှာပါ ရေပန်းစားတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ မိဘကို သိတတ်လိမ္မာတဲ့ သားလိမ္မာတစ်‌ဦးလဲ ဖြစ်ပါတယ်။ပိုင်တံခွန်ဟာ ဆိုရင် ဒိတ်ဒိတ်ကြဲ မင်းသားဆိုပေမယ့်လည်း ဂုဏ်ပကာသန မောကက်မာထောင်လွှားခြင်းမရှိပဲ ရိုးရိုးအေးအေးသာ နေတတ် တာကြောင့် ပိုပြီးလူချစ်လူခင် ပေါများနေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က (၂၀၂၁) ခုနှစ်မှာ ဆိုရင်လည်း World’s Most Handsome Face ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်နော်။
နိ်ုင်ငံ တကာမှာ ပရိတ်သတ် တွေရှိသလို နိုင်ငံတကာမှ ပရိတ်သတ်တွေနဲ့လည်း ထိတွေ့နိုင်ဖို့ အမြဲတမ်း ကြိုးစားနတဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာ ဆိုရင်လည်း ကမ္ဘောဒီးယား နိုင်ငံရဲ့ နာမည်ကြီး ဒါရိုက်တာ Leak Ly Da နဲ့ အလုပ် အတူတူလုပ်ဖို့ တွေ့ဆုံခဲ့တာ ကိုလည်း တွေ့ရ ပါတယ်နော်။ ဒါရိုက်တာ Leak Ly Da ကသူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ပိုင်တံခွန်နဲ့ အတူတူ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို “It’s not only about work it about friendship also.” ဆိုတဲ့စာသားလေးနဲ့အတူ သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှု အတိုင်းအတာကို ပြသလာခဲ့ တာပဲ ဖြစ်ပါ တယ်နော်.။
ပိုင်တံခွန်က (၂၀၁၉) ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ အလှမယ် Sothida Pokimtheng နဲ့ရုပ်ရှင် ရိုက်ဖို့ စားချုပ်ချုပ်ဆို ထားတာဖြစ်ပြီး အခုဒါရိုက်တာLeak Ly Da နဲ့ ဆုံတွေ့မှုဟာ စာချုပ်ချုပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ များလားဆိုတာ ကတော့ ရင်ခုန် စရာပါပဲနော်..။
Zawgyi
Leave a Reply
Your email address will not be published.