ကလေးတွေ ငိုနေတဲ့အခါ မိဘတွေက လည်းကလေးတွေ ကို ငိုခွင့်ပေးလိုက်ပါ…

ကလေးတွေ ငိုယိုတဲ့အခါ မိဘတွေ ကလည်း နည်းမျိုးစုံသုံးပြီး   ကလေးအငို တိတ်အောင် လုပ်တတ်ကြပါတယ်။ တချို့မိဘတွေ ဆိုရင် ကလေးက ငိုတာမတိတ်တော့ ဆူငေါက်မာန်မဲ မိသလို ဖြစ်သွားရပါတယ်။ မိဘတွေက ကလေးမျက်ရည်  ကျမှာကို မကြောက်ပါနဲ့တဲ့၊ သူတို့ငိုနေတဲ့အခါ အငိုတိတ်သွားအောင် မလုပ်ဘဲ ငိုခွင့်ပေးလိုက်ပါတဲ့၊  ကလေးတွေ ငိုလိုက်မယ်ဆိုရင် အကျိုးကျေးဇူးတွေ လည်းရတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ကလေးတွေ  ငိုတဲ့အခါ မိဘတွေက အငိုတိတ်အောင် မလုပ်ဘဲ ငိုခွင့်ပေးလိုက်  မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ  ရမလဲဆိုတာ စဉ်းစားစရာပါပဲ။ သုတေသီတွေ ဘာကြောင့် အခုလို ပြောရ  တာလဲဆိုတာ အောက်မှာ ဖတ်ရှုကြည့်လိုက်ပါနော်။

ငိုကြွေးခြင်းက ချုပ်တည်းထားရတဲ့၊ မကောင်းတဲ့  ခံစားချက် တွေကို ဖွင့်ထုတ် လိုက်ပါတယ်။
ငိုကြွေးတာက ကလေးတွေရဲ့ စိတ်ဖိစီးမှုနဲ့ မကောင်းတဲ့ ခံစားချက်တွေကို လျော့ချပေးတာပါပဲ။ ကလေးတွေ မှာလည်း စိတ်ဖိစီးလာတဲ့အခါ၊ အလိုမကျတဲ့အခါ  ခန္ဓာကိုယ်က ကော်တီဇုန် ဟော်မုန်းဓာတ်ကို  ထုတ်လွှတ်ပေးပါတယ်။ ငိုကြွေးတဲ့အခါ ကျလာတဲ့ မျက်ရည်က ကော်တီဇုန် ဟော်မုန်းပမာဏကို လျော့ချပေးပြီး ကလေးတွေ ခံစားချက်  ကောင်းအောင် သဘာဝ နည်းလမ်းနဲ့  လုပ်ဆောင် ပေးလိုက်တာဖြစ်ပါတယ်။ ကလေးငိုတာကို ရပ်တန့်ပစ်ဖို့ ကြိုးစားလိုက် မယ်ဆိုရင် ပြဿနာဖြေရှင်းဖို့ အတွက်အရေးကြီးတဲ့ ဦးနှောက်ကို ဟန့်တားလိုက် သလိုဖြစ်စေပါတယ်။

ကလေးတွေကို အလိုက်သင့်နေတတ်အောင် ကူညီပေးလိုက်ပါ။

ကလေးတွေ မကြိုက် နှစ်သက်တဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်တွေ  များစွာရှိပါတယ်။ ကလေးတွေက ခွေးစာကို သူတို့မစားနိုင်တာ၊ သစ်ပင်ပေါ်အိပ်လို့မရတာ  တွေကြောင့်၊သူတို့လုပ်ချင်တာ တွေမလုပ်ရတာကြောင့် ကလေးတွေ အလိုမကျတဲ့ အခိုက်အတန့်တွေက မိဘတွေ ကြုံတွေ့ဖူးမှာပါ။ အဲဒီလိုဖြစ်တဲ့အခါမှာ သူတို့ငိုကြွေးလိုက်တာက မဖြစ်နိုင်တဲ့အရာကို လုပ်လို့မရဘူးဆိုတာ နားလည်သွားစေလိုက်တဲ့အပြင် အလိုက်တသင့် နေတတ်အောင်လည်း ကူညီပေးပါတယ်။ ဒေါသကို မျက်ရည်အဖြစ် ပြောင်းလဲလိုက် တဲ့အတွက် ငိုကြွေးလိုက်တာက ကလေးအတွက် ကောင်းပါတယ်။

မျက်ရည်က လူမှုဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာဖွံ့ဖြိုးမှုကို မြှင့်တင်ပေးတယ်။

ကလေးတွေကို သူတို့ရဲ့ ခံစားချက်ထုတ်ပြ နိုင်ဖို့အတွက် ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။ မိဘတွေရဲ့တာဝန်က သူတို့ကိုယ့်ကိုယ် ကိုယ်နာကျင်အောင်မလုပ်ဘဲ၊ အခြားသူတွေကိုလည်း နာကျင် အောင်မလုပ်လဲ၊ သူတို့အနီးနားက ပစ္စည်းတွေကိုလည်း ထိခိုက်အောင်မလုပ်ဘဲ ကန့်သတ်ချက်အတွင်း သူတို့ရဲ့ခံစားချက်တွေကို ထုတ်ပြတတ်ဖို့ လုပ်ပေးရမှာပါ။ ကလေးတွေရဲ့ခံစားချက်တွေကို မျက်ရည်နဲ့အတူ ထုတ်ပြခွင့်ပေးလိုက်တဲ့အခါ သူတို့ရဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားချက်ကို ခွဲခြားသိမြင် နိုင်စွမ်းတွေ တိုးလာစေမှာဖြစ်ပါတယ်။

နာကျင်မှုကို ပြေပျောက်သွားစေတယ်။

ငိုကြွေးတာက ကလေးတွေကို စိတ်ခံစားချက် ကောင်းသွားစေတဲ့၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ရာနာကျင်မှုကို လျော့ချပေးတဲ့ အောက်ဆီတိုဆင်နဲ့ အန်ဒိုဖင်ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ် ပေးတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ဒါကြောင့် နောက်တစ်ခါ ကလေးတစ်ယောက် စက်ဘီးပေါ်က ပြုတ်ကျလို့ မြင်ရင် သူတို့ရဲ့ခံစားချက် ကောင်းသွားအောင် လုပ်ပေးလို့ရပေမဲ့ ငိုတာကိုတော့ မဟန့် တားလိုက်ပါနဲ့။

ကလေးတွေရဲ့အပြုအမူတွေ တိုးတက်လာမယ်။

မိဘတွေက ကလေးငိုနေတာကို ကြမ်းကြမ်းတမ်းတမ်းပြုမှုပြီး အငိုတိတ် ခိုင်းမယ်ဆိုရင် ကလေးတွေရဲ့ မကောင်းတဲ့ အပြုအမူတွေနဲ့ ဒေါသထိန်းချုပ် နိုင်မယ့်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုခက်ခဲ သွားနိုင်ပါတယ်။ ကလေးတွေရဲ့အပြုအမူတွေ မရိုင်းသွားစေ ဖို့အတွက် ကလေးတွေ ငိုကြွေးတဲ့အခါ ငိုခွင့်ပေးလိုက်တာအကောင်းဆုံးပါပဲ။ ငိုကြွေးတာ ကလည်းသူတို့ရဲ့နာကြင်မှု သူတို့ရဲ့ချုပ်တည်းထားတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်တာပဲဖြစ်ပါတယ်။

Credit: (ရိုးရာလေး)

Add a Comment

Your email address will not be published. Required fields are marked *