ကလေး ထိန်းရသက်သာအောင် ငြိမ်အောင် အချိန်ကြာမြင့်စွာ ဖုန်းပေး သုံးထားမိတဲ့ မိဘတွေ သတိထား

Posted on

အရွယ်မရောက်သေးတဲ့ ကလေးတွေကို အချိန်ကြာမြင်စွာ ဖုန်းပေးကိုင်ပြီး အလိုလိုက် ဂိမ်းပေးဆော့ခိုင်းတဲ့ မိဘများ တကယ်ဖြစ်ရင် ကလေး ဘဲခံရတာ ကိုယ်ခံရတာမှာ မဟုတ်တာနော ……

အခုခေတ်က ကလေးကို သေချာ မထိန်းချင် မသင်ချင်ကြတော့ဘူး ကလေးကို မရိုက်ရဘူး ဘာညာပြောတာနဲ့ မိဘတွေက ဘာမှကို မဆုံးမတော့ဘူး

ရိုက်တာနဲ့ ဆုံးမတာနဲ့ မတူပါဘူး ရိုက်မှ ဆုံးမတာမဟုတ်ဘူး မရိုက်ဘဲလေပြေလေးနဲ့လဲ ဆုံးမလို့ရတယ် အာရုံလွဲ လို့ရတယ် ကိုကအခရာဘဲ မွေးကတည်း အူဝဲကထဲကဖုန်းဆိုပြီး
မမွေးလာကြပါဘူး ။

အခု ph က ပထမ မျက်လုံးကို ထိခိုက်မယ် နောက် ပညာသင်ကြားရေး၊ ဘဝရေး အတွက်ပါ ထိခိုက်လာလိမ့်မယ် အခုကထည်းက ဖုန်းကို ဆေးစွဲနေသ လိုဖြစ်နေတဲ့ ကလေးက ကြီးလာ

ရင် ဖုန်းမသုံးနဲ့လို့ပြောလို့ ရမယ် ထင်နေလို့လား ဖုန်းက သုံးတတ်ရင်တော့ဆေး မသုံးတတ်ရင်တော့ဘေးဘဲ အချိန်လေးနဲ့ကြည့်တာတော့ မပြောလိုပါဘူး။

10 မိနစ် 15 မိနစ်ပေါ့ တချို့မိဘတွေက ဂုဏ်ယူနေသေး ငါ့ကလေးက လုပ်တတ်တယ်ပေါ့ ကလေးဘဲ သင်ပေးရင် အကုန်လိုက် လုပ်တတ်တယ် ကလေးတွေ ဖုန်းကိုင်နေတာ။

မြင်ရင် အသည်းယားလွန်းလို့ပါ…….. ။

ကလေးလေးတွေ အားလုံးအနာဂတ်ရဲ့ တောက်ပစွာ ထွန်းလင်းနိုင်တဲ့ ကြယ်ပွင့်လေးတွေ ဖြစ်ကြပါစေကွယ်။

Leave a Reply

Your email address will not be published.