ကာမပိုင် ရှိသူနဲ့ ဖောက်ပြားလျှင် ကြုံရမည့် ငရဲ

Posted on

ဒု – သ – န – သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်းကတော့ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။

တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။နန်းတော်ပြန်ရောက်ပြီး အဲဒီအ မျိုးသမီးအကြော င်းကို စုံးစမ်းခိုင်းတဲ့ အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုး သမီးကို အရယူဖို့သူမရဲ့ ယောက်ျား ကိုခေါ်ပြီး နန်းတော်မှာအလု ပ်ခန့်ခဲ့ပါတယ်။

ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ် ဆိုတဲ့ရ ည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းေ တာ်ကနေ တစ်ယူဇနာ ကျော်ကျော်လော က်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏဝတီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။

ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာြ ဖစ်ပါတယ်။ဒါနဲ့သူဆင်းရဲသား လည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။

လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တဝါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။

တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏဝတီမြေကို ရရှိခဲ့ပါတယ်။ဘုရင်အမိန့်အတိုင်း လိုအပ်တာကိုယူဆောင်ပြီး နန်းတော်သို့အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာ သူဆင်းရဲသားမရောက်ခင် နန်းတော်မြို့တံခါးကို စောစောအပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တဝါတွေရဲ့ထုံးစံအတိုင်းဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။

အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။

အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။ မနက် လင်းတော့ ကောသလ ဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးေ တာကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက

“အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်၊

ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ဝက်၊ သတိုးသား၊သတိုးသမီး စသဖြင့်သတ္တဝါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။

ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် စေပါတယ်။ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။

ဒီအသံတွေကြောင့် ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်ပါတယ်။

နောက်ဆုံးတော့ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအ တိုင်းဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။ဘုရားရှင်ထံရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲမှကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊

ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေး ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ေ ကြာင့်ပဲသူတို့ လေးယော က်သေတဲ့အခါ အဝီစိငရဲမှာ ကျရောက်ကာ အဝီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီးအခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက

“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ် ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘဝကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း စသဖြင့် ဒု – သ – န – သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင် အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါ တော့တယ်။

Zawgyi Version

ဒု – သ – န – ေသာ ဆိုတဲ့ ဒီစကား ေလးလုံးအေၾကာင္းကေတာ့ ျမတ္စြာဘုရားရွင္ သာ၀တၳိျပည္၊ ေဇတ၀န္ ေက်ာင္းေတာ္မွာ သီတင္းသုံး ေနေတာ္မူခ်ိန္က ျဖစ္ပါတယ္။

တစ္ေန႕သာ၀တၳိျပည္ရွင္ ေကာသလဘုရင္ဟာ တိုင္းခန္းလွည့္လည္ရင္း မထင္မရွား ဆင္းရဲသားအမ်ိဳးသမီး တစ္ဦးကိုႏွစ္သက္သေဘာက်ခဲ့ပါတယ္။နန္းေတာ္ျပန္ေရာက္ၿပီး အဲဒီအ မ်ိဳးသမီးအေၾကာ င္းကို စုံးစမ္းခိုင္းတဲ့ အခါ အိမ္ေထာင္ရွိ အမ်ိဳးသမီး တစ္ေယာက္ဆိုတာ သိခဲ့ရေပမယ့္ ဘုရင္ေကာသလဟာ အမ်ိဳးသမီးအေပၚစြဲ လန္းေနမိတဲ့အတြက္ ဒီအမ်ိဳး သမီးကို အရယူဖို႔သူမရဲ႕ ေယာက္်ား ကိုေခၚၿပီး နန္းေတာ္မွာအလု ပ္ခန့္ခဲ့ပါတယ္။

ေကာသလမင္းႀကီးဟာ အမ်ိဳးသမီးဟာ လင္ရွိမယား ျဖစ္ေနတဲ့အတြက္ အဲဒီလင္ေယာက္်ားကို တစ္နည္း နည္းနဲ႕အျပစ္ရွာၿပီး အျပစ္အတိုင္းအဆုံးစီရင္ကာ က်န္ခဲ့တဲ့အမ်ိဳးသမီးကို သိမ္းပိုက္မယ္ ဆိုတဲ့ရ ည္႐ြယ္ခ်က္နဲ႕ သူဆင္းရဲသား လင္ေယာက္်ားကို နန္းေတာ္မွာ တာ၀န္ေပးခဲ့ျခင္း ျဖစ္ပါတယ္။

လင္ရွိမယားကို သိမ္းပိုက္လိုတဲ့ ဘုရင္ဟာ ရည္႐ြယ္ခ်က္အတိုင္း တစ္ေန႕ေတာ့ သူဆင္းရဲသား ေယာက္်ားကို တာ၀န္တစ္ခုကို ေစခိုင္းခဲ့ပါတယ္။ ဘုရင္ႀကီးက “အခ်င္းေယာက္်ား… ငါ့ဘုရင္နန္းေ တာ္ကေန တစ္ယူဇနာ ေက်ာ္ေက်ာ္ေလာ က္မွာရွိတဲ့ ျမစ္တစ္ခုကိုသြားၿပီး အဲဒီမွာရွိတဲ့ ကုမုျဒာၾကာပန္းနဲ႕ အ႐ုဏ၀တီေျမကို ငါဘုရင္ ေရးခ်ိဳးခ်ိန္အမီ ေဆာင္ယူကာ ဆက္သရမယ္၊ အခ်ိန္မီ ေရာက္မလာရင္ သင့္ကိုမင္းျပစ္မင္းဒဏ္ေပးမယ္၊ အျမန္သြားၿပီး ေဆာင္ယူခဲ့ေလာ့”လို႔ မင္းအမိန့္နဲ႕ ေစခိုင္းခဲ့ပါတယ္။

ဘုရင္ႀကီးဟာ မျဖစ္နိုင္တာကိုတမင္ အျပစ္ရွာၿပီး ခိုင္းတဲ့သေဘာ ျဖစ္ေပမယ့္ မင္းခေယာက္်ား သူဆင္းရဲသားကေတာ့ အမိန့္အတိုင္းသြားေရာက္ ေဆာင္ယူရမွာျ ဖစ္ပါတယ္။ဒါနဲ ႕သူဆင္းရဲသား လည္း ဇနီးမယားကို အက်ိဳးအေၾကာင္းေျပာကာ ထမင္းရိကၡာျပင္ေစၿပီး တစ္ယူဇနာခရီးကို အၿပီးႏွင္ခဲ့ပါတယ္။

လမ္းခရီးမွာ ထမင္းစာခ်ိန္ေရာက္လို႔ ထမင္းစားၿပီးတဲ့အခါ ပါလာတဲ့ ထမင္းဟင္းမ်ားရဲ႕ တစ္ခ်ိဳ႕တစ္၀က္ကို ခရီးသြား ေယာက္်ားကိုလည္း လႉကာ က်န္တဲ့အစားအစာေတြကိုလည္း ျမစ္ထဲမွာရွိတဲ့ သတၱဝါေတြကို ေကြၽးေမြးလႉဒါန္းၿပီး သစၥာျပဳလိုက္ပါတယ္။

တိုတိုေျပာရရင္ ဒီကုသိုလ္ေကာင္းမႈေၾကာင့္ပဲ မရနိုင္တဲ့ကုမုျဒာၾကာနဲ႕ အ႐ုဏ၀တီေျမကို ရရွိခဲ့ပါတယ္။ဘုရင္အမိန့္အတိုင္း လိုအပ္တာကိုယူေဆာင္ၿပီး နန္းေတာ္သို႔အခ်ိန္မီေရာက္ေအာင္ ျပန္လာခဲ့ေပမယ့္ အႀကံႀကီးတဲ့ဘုရင္ႀကီးဟာ သူဆင္းရဲသားမေရာက္ခင္ နန္းေတာ္ၿမိဳ႕တံခါးကို ေစာေစာအပိတ္ခိုင္းလိုက္ပါတယ္။ ဆင္းရဲသားေယာက္်ားဟာ ၿမိဳ႕တံခါးပိတ္ထားတဲ့ အတြက္အဲဒီည အိပ္စရာမရွိတဲ့အခါေနာက္ဆုံး သတၱဝါေတြရဲ႕ထုံးစံအတိုင္းဒုကၡေရာက္မွ ဘုရားေက်ာင္း ကန္ကိုသတိရကာ ျမတ္စြာဘုရားေက်ာင္းေတာ္မွာ သြားေရာက္အိပ္စက္ခဲ့ရပါတယ္။

ေကာသလဘုရင္ဟာ အဲဒီညမွာ ဆင္းရဲသားေယာက္်ားကို မင္းဒဏ္နဲ႕ အဆုံးစီရင္ၿပီး သူ႕မယားကို သိမ္းပိုက္ ဖို႔အေရး၊ သူမနဲ႕အတူ ေနထိုင္နိုင္ေရး စတဲ့အေတြးေတြနဲ႕ ကိေလသာမီး ေတာက္ေလာင္ကာ အိပ္မရျဖစ္ေန ခဲ့ပါတယ္။

အိမ္မေပ်ာ္ျဖစ္ေနတဲ့ ဘုရင္ဟာ ညဥ့္နက္နက္အခ်ိန္မွာ ေလာဟကုမၻီငရဲမွာ ငရဲခံေနရတဲ့ငရဲသား ေလးေယာက္ရဲ႕အသံကို ထူးထူးျခားျခား ၾကားလိုက္ရပါတယ္။ အဲဒီငရဲသား ေလးေယာက္ဟာ ငရဲခံရင္းသူတို႔ မွားခဲ့တဲ့အမွားအတြက္ ခံရတဲ့ဒုကၡေတြကို တစ္ေယာက္နဲ႕တစ္ေယာက္ ၾကားရေအာင္ ေအာ္ဟစ္ညဥ္းၫူ ေျပာၾကားဖို႔ ႀကိဳးစားၾကရင္း အျပည့္အစုံ မေျပာနိုင္ဘဲ တစ္ေယာက္က“ဒု”၊ တစ္ေယာက္က“သ”၊ တစ္ေယာက္က “န”၊ တစ္ေယာက္က “ေသာ”လို႔ တစ္လုံးစီေလာက္ပဲ ေအာ္ေျပာနိုင္ၾကၿပီး ငရဲအိုးထဲျပန္ျမဳပ္ သြားခဲ့ၾကပါတယ္။

အိပ္မေပ်ာ္ျဖစ္ေနတဲ့ ေကာသလမင္းႀကီးဟာ အဲဒီအသံႀကီးေတြကို ၾကားၿပီး အရမ္းထိတ္ လန့္ကာဘယ္လိုမွ အိပ္မရေတာ့ဘဲ တစ္ညလုံး မိုးလင္းခဲ့ရပါတယ္။ မနက္ လင္းေတာ့ ေကာသလ ဘုရင္ဟာ ညကအျဖစ္အပ်က္ေတြကို ေတြးေ တာေၾကာက္လန့္ၿပီး ပညာရွိပု ေရာဟိတ္ကို ေမးျမန္းတဲ့အခါ ပုေရာဟိတ္ပုဏၰားက

“အရွင္မင္းႀကီး ဒါဟာ အရွင္မင္းႀကီး အသက္အႏၲရာယ္ အတြက္စိုးရိမ္စရာျဖစ္ပါတယ္၊ ဒီအႏၲရာယ္ေတြကင္းဖို႔ သဗၺသတဆိုတဲ့ ယဇ္ကိုပူေဇာ္ရပါမယ္၊

ဒီယဇ္ပူေဇာ္ဖို႔ အတြက္ ဆင္၊ျမင္း၊ႏြားလဥသဘ၊ နို႔ညွစ္ႏြားမ၊ဆိတ္၊ အာဇာနည္ျမင္း၊ ၾကက္၊၀က္၊ သတိုးသား၊သတိုးသမီး စသျဖင့္သတၱဝါတစ္မ်ိဳးမ်ိဳးကို တစ္ရာစီျပဳကာ သတ္ၿပီးပူေဇာ္ရပါမယ္၊ အဲဒါဆိုဘုရင္ႀကီးရဲ႕ အသက္အႏၲရာယ္ အတြက္စိုးရိမ္စရာမရွိပါ အရွင္မင္းႀကီး”လို႔ ေလွ်ာက္တင္လိုက္ပါတယ္။

ေကာသလဘုရင္ဟာ ဉာဏ္အျမင္ နည္းပါးၿပီး ကိုယ့္အသက္ရွင္ေရးဆို ဘာမဆိုလုပ္နိုင္တဲ့ သူျဖစ္တဲ့အတြက္ ပုေရာဟိတ္ေျပာတဲ့အတိုင္းစီရင္ ေစပါတယ္။ဘုရင္ရဲ႕ယဇ္ပူေဇာ္မႈအစီအစဥ္ေၾကာင့္ တိုင္းျပည္တစ္ျပည္လုံး အုပ္အုပ္က်က္က်က္ျဖစ္ၿပီး သား သမီးပါသြားတဲ့ မိဘေဆြမ်ိဳးေတြဟာ အမ်ိဳးမ်ိဳးပူေဆြး ငိုေႂကြးၾကပါတယ္။

ဒီအသံေတြေၾကာင့္ ေကာသလမင္း ႀကီးရဲ႕မိဘုရားျဖစ္တဲ့ ပညာရွိ မလႅိကာမိဘုရားဟာ ဘုရင္ႀကီးကိုေတြ႕ၿပီး ဒါဟာလမ္းမွန္တဲ့ အလုပ္မဟုတ္တဲ့ အေၾကာင္း၊ ဒီျပႆနာကို ေျဖရွင္းေပးနိုင္မွာ ဘုရားရွင္သာျဖစ္ေၾကာင္းနဲ႕ ဘုရားရွင္ထံ သြားေရာက္ေလွ်ာက္ ၾကားဖို႔အေၾကာင္း အႀကံျပဳလိုက္ပါတယ္။

ေနာက္ဆုံးေတာ့ေကာသလမင္းႀကီးဟာ မိဘုရားႀကီးရဲ႕အႀကံအ တိုင္းဘုရားရွင္ထံ သြားေရာက္ခဲ့ပါတယ္။ဘုရားရွင္ထံေရာက္တဲ့အခါ ေကာသလမင္းႀကီးက ညကၾကားခဲ့ရတဲ့ အသံေတြအေၾကာင္း ေလွ်ာက္ထားတဲ့ အခါ ျမတ္ဗုဒၶက အဲဒီအသံေတြဟာ တျခားမဟုတ္ မေကာင္းတဲ့ ကာေမသုမိစာၦစာရကံေၾကာင့္ ေလာဟကုမၻီ ငရဲမွက်ေရာက္ေနတဲ့ ငရဲသား ေလးေယာက္တို႔ရဲ႕ အသံပဲျဖစ္ေၾကာင္း မိန့္ေတာ္မူကာ အဲဒီ ငရဲသားေတြရဲ႕ အတိတ္အေၾကာင္းကို ေဟာေတာ္မူပါတယ္။

ျမတ္ဗုဒၶက “ဒီငရဲသားေတြဟာ ကႆပျမတ္စြာဘုရားရွင္ လက္ထက္တုန္းက အတူသြားအတူလာအတူေပ်ာ္ ပါးစားေသာက္ၾကတဲ့ ခ်မ္းသားတဲ့ သူ႒ေးသားေတြ ျဖစ္ခဲ့ၾကေၾကာင္း၊ သူ႒ေးသားေလးေယာက္ဟာ ေငြေၾကး ခ်မ္းသာၾကတဲ့အတြက္ အေပ်ာ္အပါး အမ်ိဳးမ်ိဳးကို ေပ်ာ္ပါးၾကရင္း ေနာက္ဆုံးသူတို႔ ေလးေယာက္တိုင္ပင္ကာ စည္းစိမ္ဥစၥာေတြကို ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးေတြကိုေပးကာ သူတို႔နဲ႕ေပ်ာ္ပါးတဲ့အခါ အသုံးျပဳၾကဖို႔ဆုံး ျဖတ္ၿပီးေခ်ာေမာလွပတဲ့ အမ်ိဳးသမီးမွန္သမွ် အိမ္ေထာင္ရွိရွိ မရွိရွိ စည္းစိမ္ေပးၿပီးေပ်ာ္ပါးခဲ့ၾကေၾကာင္း၊

ကႆပဘုရားရွင္ ပြင့္ေတာ္မူတဲ့ အခ်ိန္ဟာ အႏွစ္ႏွစ္ေသာင္းတမ္းမွာ ပြင့္တဲ့အတြက္ သူ႒ေးသားေလး ေယာက္ဟာကာေမသုမိစာၦစာရ အမႈကိုႏွစ္ေသာင္းနဲ႕ခ်ီၿပီး ျပဳလုပ္ခဲ့ၾကေၾကာင္း၊ ဒီအကုသိုလ္ေ ၾကာင့္ပဲသူတို႔ ေလးေယာ က္ေသတဲ့အခါ အဝီစိငရဲမွာ က်ေရာက္ကာ အဝီစိငရဲမွာ ႏွစ္ေပါင္းေျမာက္မ်ားစြာ ခံစားၿပီးအခု တစ္ခါေလာဟကုမၻီငရဲမွာ ထပ္ၿပီးခံေနရတာျဖစ္ေၾကာင္း၊ မင္းႀကီးၾကားတဲ့ အသံေတြဟာ ေလာဟကုမၻီငရဲမွာ ခံစားေနရတဲ့ အဲဒီသူ႒ေးသား ေလးေယာက္ရဲ႕ အသံပဲျဖစ္ေၾကာင္း” စသျဖင့္ အတိတ္ေဆာင္ကာ ေကာသလမင္းၾကားခဲ့တဲ့ အသံႀကီးေလးခုရဲ႕ အဓိပၸါယ္ကို ထပ္မံရွင္းလင္း မိန့္ေတာ္မူပါတယ္။

ျမတ္စြာဘုရားရွင္က ေကာသလမင္းႀကီး ၾကားခဲ့တဲ့ အသံေတြထဲက

“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ျပဳတဲ့ ငရဲသား အေနနဲ႕ငါတို႔အားစည္း စိမ္ဥစၥာမ်ား ထင္ရွားရွိကုန္ပါလ်က္ မေပးမလႉမိၾကကုန္၊ မိမိ၏မွီရာ ကိုင္းကြၽန္းသဖြယ္ ျဖစ္သည့္ကုသိုလ္ ေကာင္းမႈကို မျပဳမိၾကသည့္ ငါတို႔သည္ မေကာင္းသျဖင့္ အသက္ေမြးျခင္းကို ျပဳလုပ္ခဲ့ၾကကုန္၏” လို႔ေျပာလို တာျဖစ္ေၾကာင္း၊

“သ” ဆိုတဲ့ အသံဟာလည္း ဒီအသံကို ျပဳတဲ့ငရဲသား အေနနဲ႕ ေလာဟကုမၻီ ငရဲမွ ခံစားေနရသည့္ ငါအားတို႔ ခပ္သိမ္းေသာ အျခင္းအရာအားျဖင့္ အႏွစ္ေျခာက္ေသာင္းတို႔ ျပည့္ကုန္ၿပီး ျဖစ္ေသာ္လည္း ထိုငရဲခံရမႈသည္ မည္သည့္အခါတြင္ အဆုံးသတ္မည္နည္း” လို႔ ေျပာလိုတာ ျဖစ္ေၾကာင္း၊

“န”ဆိုတဲ့ အသံဟာလည္း ဒီအသံကို ျပဳတဲ့ ငရဲသား အေနနဲ႕ငါတို႔အား အဆုံးအပိုင္းအျခားသည္ မရွိခဲ့၊ ငရဲ၏ အဆုံးကား အဘယ္မွာ ရွိအံ့နည္း၊ ငရဲခံရျခင္း၏အပိုင္းအ ျခားသည္မထင္ရွား၊ ငါတို႔သည္ လူျဖစ္စဥ္က မေကာင္းမႈ အမ်ားအျပားကို ျပဳမိခဲ့ေလၿပီ” လို႔ ေျပာလိုတာ ျဖစ္ေၾကာင္း၊

“ေသာ”ဆိုတဲ့ အသံဟာလည္း ဒီအသံပိုင္ရွင္ အေနနဲ႕ငါသည္ ဤသံပူရည္ ငရဲမွ လြတ္ေျမာက္ၿပီး လူ႕ဘ၀ကို ရပါမူကား အလႉခံသူ လူပုဂၢိဳလ္တို႔၏ စကားကိုသိ ေလ့ရွိသည္ျဖစ္၍၊ သီလႏွင့္ျပည့္စုံသည္ျဖစ္၍၊ မ်ားစြာေသာ ကုသိုလ္ေကာင္းမႈကို ျပဳပါေတာ့အံ့” လို႔ေျပာ လိုတာျဖစ္ေၾကာင္း စသျဖင့္ ဒု – သ – န – ေသာ ဆိုတဲ့ အသံေတြရဲ႕ ဆိုလိုရင္း အက်ယ္ကို ေဟာၾကား ခ်ီးျမႇင့္ေတာ္မူပါတယ္။

အသံပိုင္ရွင္ေတြရဲ႕ အတိတ္ဇာတ္ေၾကာင္းနဲ႕ ဆိုလိုရင္းအဓိပၸါယ္ေတြကို ၾကားနာလိုက္ရတဲ့ ေကာသလဘုရင္ အရမ္းေၾကာက္လန့္သြားၿပီး သူမ်ားသားမယားကို ျပစ္မွားက်ဴးလြန္လိုတဲ့ စိတ္ေတြလည္း ေပ်ာက္ကုန္ပါ ေတာ့တယ္။

Credit-အရွင္ဝိစိတၱ (မနာပဒါယီ)

Leave a Reply

Your email address will not be published. Required fields are marked *