ကားတစ်စီးရဲ့ ဓာတ်ဆီတိုင်ကီ ကို ပြည့်လျှံသည် အထိ ဆီ ဖြည့်သင့်သလား…

Posted on

ကားတစ်စီးရဲ့ ဓာတ်ဆီတို င်ကီကို ပြည့်လျှံသ ည်အထိ ဘယ်တော့ မှ မဖြည့်မိပါစေနဲ့။ ဒါဟာ . . ကျွန်တော်တို့ full tank လို့ ပြောပြောပြီး ဖြည့်ခိုင်းနေတာ ကို မလုပ်နဲ့လို့ ပြောတာမ ဟုတ်ပါဘူး။ Full tank ထက် ကျော်လွန်ပြီး ဆီတိုင်ကီအေ ပါက်ဝအထိ မဖြည့်စေဖို့ ပြောတာပါ။

ကျွန်တော်တို ့အနေနဲ့ full tank ထည့် ဆိုပြီး ဆီဆိုင်က ဝန်ထမ်းေ လးကို ဖြည့်ခိုင်းတယ်။ သူက ဆီဖြည့်နေရင်း 10000 ဖိုး မရောက် တစ်ရောက် 9500 လောက်မှာ full tank ပြည့်သွားတ ယ်ဆိုပါစို့။ အကြွေအမ်းရခက်လို့ တစ်သောင်းဖိုးအထိ ဆက်ဖြ ည့်လိုက်မယ်နော် လို့ ဆိုတတ် ပါတယ်။ ကျွန်တော်တို့လည်း အလွယ်ပဲ အေး အေး ဖြည့်လိုက်ပေါ့လို့ ပြောတတ်ကြပါတယ်။

ဒါပေမဲ့ တစ်ခုသတိထားစရာက…ဆီဆိုင်က ပိုက်ခေါ င်းတွေဆိုတာ ဓာတ်ဆီမပြည့်မီ အနည်းငယ် အလို လေသံများလိုက်လာတဲ့ အခြေအေ နမှာ ပန့်က ဆီဖြည့်တဲ့ အလုပ်ကို ဖြတ်ချရပ် တန့်ပေးလို က်စေဖို့ စနစ်ကို အလိုအလျောက် ပြုလုပ်ထားတာပါ။ ဓာတ်ဆီဆ က်ဖြည့်ဖို့ နေရာကျန်နေေ သးပါရက်နဲ့ ဘာကြာင့် အပြည့်အထိ လျှံကျခါနီးအထိ ဝင်ဆံ့နိုင်သလောက်အထိ မဖြည့်ရတာပါလဲ?

အားလုံးသော ဓာတ်ဆီသုံး ကားများမှာ ဓာတ်ဆီငွေ့တွေကို ပြန်လည်စုေ ဆာင်းသည့်စနစ် (Vapour Recovery System) ပါဝင် တပ်ဆင်လာေ သာကြောင့် ဖြစ်ပါတယ်။ ဆီတို င်ကီထဲကို ဓာတ်ဆီထည့် တဲ့အခါ ဘယ်လိုပဲထည့်ထည့် ဓာတ်ဆီက အငွေ့ပြန်ပါ တယ်။ အဲဒီလိုအငွေ့ပြန်လာ တဲ့ ဓာတ်ဆီငွေ့တွေကို EVAP စနစ်က တိုင်ကီအတွ င်းမှာ ဖမ်းယူပါတယ်။ အဲဒီကမှတစ်ဆင့် လှောင်ဘူးငယ်(Canister) အတွင်း ကို ပို့ဆော င်ပေးပါတယ်။

အင်ဂျင်လည်ပတ်ေ နစဉ် ဖြစ်ပေ ါ်နေသော ဓာတ်ဆီဓာတ်ငွေ့များကို Intake Manifold သို့ ဆက်လက် လမ်းပြပို့ဆော င်ပေးပြန်ပါတယ်။ ဒီလိုလုပ်တာက ဓာတ်ဆီငွေ့တွေ ကို ပေါက်ကွဲ မီးလောင်ဖြစ်စဉ် (Combustion Procedure) အတွင်း ပါဝင်သွားနိုင်စေဖို့ လမ်းကြောင်းပြေး ခင်းလ ည်းဖြစ်သလို ကျွန်တော်တို့ ရှူရှိုက်နေရတဲ့ လေကို အဆိပ်အတောက် ကင်းနိုင်သမျှ ကင်းသွားစေရန် ဆောင်ရွက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒီလိုအငွေ့ပြန် လာတဲ့ ဓာတ်ဆီငွေ့တွေအတွက် ဆီတိုင်ကီ ထဲမှာ သူတို့အတွက် နေရာလွတ်ရှိနေဖို့ လိုပါတယ်။ အဲဒီလိုမ ဟုတ်ဘဲ ဆီဖြည့်စဉ်မှာ ဆီပန့်ခေါင်း ကို အသာမပြီး အပြင်အထိ လျှံကျလုနီးပါး ဆက်ထည့်တာမျိုး ဒါမှမဟုတ် ကားကိုလှုပ်၍ ဆက်ထည့် တာမျိုး လုပ်မယ်ဆိုရင် ဓာတ်ဆီငွေ့ကို ဆီတိုင်ကီက လက်မခံ နိုင်တော့တဲ့ အခြေအနေ၊ အနေအထား ဖြစ်သွားတော့မှာပါ။ ဒီလို ဓာတ်ဆီငွေ့လှုပ်ရှားမူအတွက် နေရာလွတ် မကျန်လောက်အောင် ဆီဖြည့်လိုက်ရင် ဓာတ်ဆီငွေ့တွေဟာ ဘယ်နေရာကို သွားရတော့မည်ကို မသိနိုင်တော့ပါဘူး။

ဒီလုပ်ရပ် ဟာ ဓာတ်ဆီငွေ့ဆားက စ်စနစ်ကို ပျက်စီးစေတဲ့အပြင် ဓာတ်ဆီ (အရည်) ကို စနစ်တွင်းပါရှိတဲ့ ဓာတ်ဆီအငွေ့ဘူး (Vapour Cansister)အတွ င်းသို့ ရောက်ရှိစေတာေ ကြာင့် လွန်စွာအန္တရာယ်များပါတယ်။ ဒါကြောင့် မိမိကားကို စက်ပိုင်းဆိုင် ရာပြဿနာ ဖြစ်စေနိုင်တဲ့အပြ င် ပျက်စီးရာပျက်စီးကြောင်း ဖြစ်သည်ကလ ည်း တစ်ကြောင်း၊

ပတ်ဝန်းကျင်လေထုအတွင်းသို့ အဆိပ်ငွေ့ထုတ်လွှတ်မူကို ဖြစ်ပေါ်စေသည်ကလည်း တစ်ကြောင်းကြောင့် ဆီပိုဝင်သွားလည်း အကျိုးပိုရှိလာ မှာမဟုတ်တဲ့ ကား ဆီတိုင်ကီအလွ န်အမင်းပြည့်သွားသ ည်အထိ ဓာတ်ဆီဖြည့်တင်းတဲ့ကိစ္စကို မည်သည့်အခါမျှ မပြုလုပ်မိစေဖို့ သတိပေးလိုက်ပါရစေခင်ဗျား…Credit to Author.

Zawgyi Version









Leave a Reply

Your email address will not be published.