ကားဘက်ထရီ ခေါင်း ဖြုတ်မိသော အခါ ဖြစ်တတ်တဲ့ ပါဝါဝင်းဒိုး ဖွင့်မရခြင်း ပြသာနာ ကို ကိုယ်တိုင်ဖြေရှင်းနည်း

Posted on

ခုနောက်ပိုင်း မော်ဒယ်မြင့်ကား တွေမှာ ဘက်ထရီ ခေါင်းဖြုတ်မိသော အခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ် မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ ခုမှ မှန်များအား ယာဉ်မောင်းသူ မှ အတင်အချ ပြုလုပ်၍ မရတော့ပါ။

ကျန် တံခါးပေါက် ၁ ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။ ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေး မှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ် … ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ် ..

ကျနော်တို့အခေါ် အဝေါ် ဆက်တင်ပြန်ချိန်ရ မယ် တို့ .. ဆော့ဝဲလ် သွင်း ရမယ် ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ 😁 ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်၂ ကြီး ပေးမှ လေ ..

ဘယ်လိုလုပ်ရမလဲ ?

ကားစက်နိုးထားပါ … ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော တံခါးပေါက် ၁ ခုမှ မှန်အတင်အချခလုတ်ကို နိပ်၍ မှန် ကို အဆုံးထိ တင်ပါ … အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ ၃ စက္ကန့် လောက် ဆက် ‘ မ ‘ ထားပေးပါ..

ပြီးနောက် မှန်ကို အဆုံးထိချပါ အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ ၅ စက္ကန့် လောက် ဆက် ‘ ဖိ ‘ ထားပေးပါ.. ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။(မသေချာမှာ စိုးလို့)

ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ .. ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ် …

ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။ မရသေး သော တံခါးပေါက် ကျန်ရှိနေပါက အထက်ပါ နည်းအတိုင်း ပြန်လည်ပြုလုပ်ပေးပါ .. ရသွားပါလိမ့်မယ်…

သတိပေးချက် ။ ။

ဘက်ထရီ ခေါင်း ဖြုတ်ခြင်းကြောင့် အခြား ပြသာနာ များ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေ တောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့ …လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ … #ကားချစ်သူ

Zawgyi Version

ခုေနာက္ပိုင္း ေမာ္ဒယ္ျမင့္ကား ေတြမွာ ဘက္ထရီ ေခါင္းျဖဳတ္မိေသာ အခါ၊ ယာဥ္ေမာင္းသူ တံခါးေပါက္ရွိ ပါဝါဝင္းဒိုး မိန္း ခလုတ္ မွ ယာဥ္ေမာင္းဘက္ တံခါးမွန္မွလြဲ၍ က်န္ တံခါးေပါက္ ၃ ခုမွ မွန္မ်ားအား ယာဥ္ေမာင္းသူ မွ အတင္အခ် ျပဳလုပ္၍ မရေတာ့ပါ။

က်န္ တံခါးေပါက္ ၁ ခုခ်င္းဆီမွသာ အတင္အခ် ျပဳလုပ္နိုင္ေတာ့ျခင္း မ်ိဳးျဖစ္တတ္ပါသည္။ ဒီအခ်ိန္မွာ မွန္ အတင္အခ် ခလုတ္မွာ ပါေသာ မီးအစိမ္းေလး မွာ မွိတ္တုတ္မွိတ္တုတ္ သာ လင္းေနပါမယ္ … ခုလိုျဖစ္ေနရင္ ဝါယာရိန္းဆိုင္ သို႔ ေျပးစရာ မလိုဘဲ ကိုယ္တိုင္ အလြယ္တကူ ေျဖရွင္းနိုင္ပါတယ္ ..

က်ေနာ္တို႔အေခၚ အေဝၚ ဆက္တင္ျပန္ခ်ိန္ရ မယ္ တို႔ .. ေဆာ့ဝဲလ္ သြင္း ရမယ္ ဆိုပီး လူရွိန္ေအာင္ ေျပာရတာ ေပါ့ဗ်ာ 😁 ဒါမွ ပိုက္ဆံ ေပးရမယ္သူလည္း ေပ်ာ္၂ ႀကီး ေပးမွ ေလ ..

ဘယ္လိုလုပ္ရမလဲ ?

ကားစက္နိုးထားပါ … ယာဥ္ေမာင္းသူမွ မွန္အတင္အခ် ျပဳလုပ္မရေသာ တံခါးေပါက္ ၁ ခုမွ မွန္အတင္အခ်ခလုတ္ကို နိပ္၍ မွန္ ကို အဆုံးထိ တင္ပါ … အဆုံးထိ ေရာက္သြားပါက ခလုတ္ကို မလႊတ္ေသးဘဲ ၃ စကၠန႔္ ေလာက္ ဆက္ ‘ မ ‘ ထားေပးပါ..

ၿပီးေနာက္ မွန္ကို အဆုံးထိခ်ပါ အဆုံးထိ ေရာက္သြားပါက ခလုတ္ကို မလႊတ္ေသးဘဲ ၅ စကၠန႔္ ေလာက္ ဆက္ ‘ ဖိ ‘ ထားေပးပါ.. ထိုသို႔ အတင္အခ် ၃ႀကိမ္ ျပဳလုပ္ပါ ။(မေသခ်ာမွာ စိုးလို႔)

က်န္တံခါးေပါက္အသီးသီးကိုလည္း အထက္ပါ နည္း အတိုင္း တံခါး၁ေပါက္ခ်င္း ျပဳလုပ္ေပးပါ .. ျပဳလုပ္မူ ေအာင္ျမင္ရင္ ခလုတ္မွ မီးအစိမ္းေလးမွာ မွိတ္တုတ္မွိတ္တုတ္ မျဖစ္ေတာ့ဘဲ ၿငိမ္ သြားပါတယ္ …

ယာဥ္ေမာင္းသူဘက္ မိန္းခလုတ္မွ အေပါက္တိုင္းမွ မွန္မ်ားကို အတင္အခ် လုပ္ၾကည့္ပါ ။ မရေသး ေသာ တံခါးေပါက္ က်န္ရွိေနပါက အထက္ပါ နည္းအတိုင္း ျပန္လည္ျပဳလုပ္ေပးပါ .. ရသြားပါလိမ့္မယ္…

သတိေပးခ်က္ ။ ။

ဘက္ထရီ ေခါင္း ျဖဳတ္ျခင္းေၾကာင့္ အျခား ျပသာနာ မ်ား (ဥပမာ tv မွ ဘက္ကင္မရာ ေပ်ာက္ျခင္း map ေခြ ေတာင္းျခင္း code ေတာင္းျခင္း အျခား error မ်ား) ျဖစ္တတ္ပါသျဖင့္ ဘက္ထရီေခါင္းကို မျဖဳတ္ၾကပါနဲ႔ …လိုအပ္လို႔ျဖဳတ္မယ္ဆိုရင္လည္း OBD 2 ေပါက္မွ ဘက္ထရီ ေကၽြး ျဖဳတ္ပါရန္ အႀကံျပဳပါရေစ … #ကားခ်စ္သူ

Leave a Reply

Your email address will not be published. Required fields are marked *