ကားရဲ့ခိုင်ခံ့မှု က သမ္မတကား အဆင့်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ က ကျောင်းကား

Posted on

အဝါရောင်သုတ်ထားတိုင်း ကျောင်းကား မဖြစ်ပါ

အမေရိကန် ကျောင်းကားက Truck car ကိုအခြေခံထားပီး Tank car လိုခိုင်ခံ့တယ် ရိုးရိုးကားထက် အဆလေးဆယ် ပိုမာပီး ဆီတိုင်ကီ ပတ်လည်ကို သံချပ်ကာကာထားတယ်။ သမ္မတကားနဲ့ တန်းတူရှိပီး ခိုင်ခံ့မှုနှုန်းကို ရထားနဲ့တိုက် စမ်းသပ်ထားတယ် အလေးချိန် 16 တန်ရှိပီး ရေကြီးနေတဲ့ ချောင်းကိုအေးဆေးဖြတ်နိုင်ပါတယ် သူတို့ဆီမှာ ကျောင်းသားကို အဲ့လောက်တန်ဖိုးထားပါတယ်။

ကားရဲ့ခိုင်ခံ့မှု က သမ္မတကား အဆင့်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ က ကျောင်းကား

အမေရိကန်ကျောင်းကားနဲ့ပတ်သက်ပြီး အများနည်းတူ ကျွန်မသိထားတဲ့အြ ကမ်းဖျင်းအကြောင်းအရာက ဒီအဝါရောင်ေ ကျာင်းကားတွေဟာ လမ်းပေါ်မှာ ထူးခြားတဲ့အခွင့်အရေးကိုရထားတဲ့ ကားဖြစ်တယ်။ သူနှေးရင် ကိုယ်လို က်နှေးရတယ်၊ သူ့ဆီက အဝါရောင်မီး မှိတ်တုတ်မှိတ်တုတ်လင်းပြီဆို ကိုယ်အရှိန်လျော့မောင်းရတယ်၊ သူ့ဆီက အနီရောင်မီးလင်းပြီဆို ကိုယ့်ကားကိုရပ်ရတယ်။ တကယ်လို့ သူမီးနီပြပြီးရ ပ်နေရက်နဲ့ ကိုယ့်ကားကို အရှိ န်မလျော့ဘူး၊ မရပ်ဘူးဆိုရင် ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရတယ်။ မီးသတ်ကား၊ လူနာတင်ကား၊ သမ္မတကား ပဲဖြစ်ဖြစ် ဒီဥပဒေကို လိုက်နာရပါတယ်။

ကားရဲ့ခိုင်ခံ့မှု က သမ္မတကား အဆင့်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ က ကျောင်းကား

ပြောကြတာကတော့ အမေရိက န်ကျောင်း ကားတွေဟာ တင့်ကားလို ခိုင်ခံ့ပြီး ထရပ်ကားလို အခြေခံထားသတဲ့။ တစ်နှစ်ကို ကျောင်း ကားတွေအတွက် သီးသန့်သုံးတဲ့စရိတ်က ဒေါ်လာ ၂၁ ဘီလျံတဲ့။ သူ့ရဲ့လုံခြုံမှုက ရိုးရိုးကား ရဲ့အဆ ၄ဝ လို့ဆိုတယ်။ ဆီတိုင်ကီရဲ့ ၄ စင်တီမီတာပတ်ပတ်လည်ကို သံချပ်ကာကာထားတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အခါ မီးလောင်ပေါက်ကွဲမှုမဖြစ်အောင် ကာကွယ်တယ်လို့ဆိုတယ်။ ကားရဲ့ခိုင်ခံ့မှုက သမ္မတကား အဆင့်လောက်ရှိပါသတဲ့။ ခိုင်ခံ့မှုနှုန်းကို ရထားနဲ့တိုက်ပြီး စမ်းသပ်ခံထားတယ်လို့ ဆိုပါတယ်။

ကားရဲ့ခိုင်ခံ့မှု က သမ္မတကား အဆင့်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ က ကျောင်းကား

ထိုင်ခုံတွေကိုလည်း ယာဉ်တိုက်မှုဖြ စ်တဲ့အခါ ထိခိုက်ဒ ဏ်ရာနည်းအောင် ပြုလုပ်ထားပြီး ကျောင်းသားတိုင်း ထိုင်ခုံနေရာရှိရပါတယ်။ ကျောင်းကားကို အဝါရောင်သတ်မှတ်ရခြင်းက ညအခါ၊ မြူတွေပိတ်ဆို့တဲ့အခါ၊ မှုန်ရီဝိုးတဝါးအချိန်မှာ အမှောင်ထုကြားထဲက ထိုးဖောက်မြင်ရဖို့ဖြစ်တယ်။ ကားကို ACD အမျိုးအစားသုံးမျိုးခွဲထားပြီး အကြီးဆုံးဖြစ်တဲ့ Dအမျိုးအစားက အလေးချိန်၁၆တန်ရှိတယ်လို့ဆိုပါတယ်။ ရေကြီးနေတဲ့ချောင်းကိုတောင် ကျော်ဖြတ်နိုင်ပါသတဲ့။

ကားရဲ့ခိုင်ခံ့မှု က သမ္မတကား အဆင့်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ က ကျောင်းကား

ဘာဖြစ်လို့ ကျောင်း ကားတွေကို သမ္မတကားနီးနီး ခိုင်ခံ့အော င်လုပ်ထားသလဲ။ ဘာဖြစ်လို့ တခြားကားတွေထက် ထူးခြားတဲ့အခွင့်အရေးရထားသလဲ။ ဘာဖြစ်လို့ သူမီးနီပြ stop ဆိုင်းပြတာနဲ့ ကိုယ့်ကားကို ရပ်ရသလဲ….

အဖြေကရှင်းရှင်းလေးပါ …

ကားရဲ့ခိုင်ခံ့မှု က သမ္မတကား အဆင့်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ က ကျောင်းကား

ကားထဲမှာ ကျောင်းသားကလေးသူငယ်တွေပါလို့.. ဒီကလေးတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံ့သားကောင်းရတနာဖြစ်လာမယ့် သူတွေမို့ပါတဲ့။ ကလေးငယ်တွေရဲ့လုံခြုံစိတ်ချမှုကို အစိုးရက အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။

ကျောင်းကားတွေ့တာနဲ့ အရှိန်လျော့တန်လျော့ ရပ်တန်ရပ် ကားတိုင်းလိုက်နာကြရပါတယ်..


ပုံထဲက ဝဲမှယာ..

အင်္ဂလန်ကျောင်းကား.. ကျောင်းသားလေးတွေ ကားပေါ်ရောက်တာနဲ့ ဖြစ်သမျှအားလုံး ကျောင်းကားတာဝန်ယူရတယ်တဲ့။

အမေရိကန်ကျောင်းကား… လုံခြုံမှုက ကိုယ်ပိုင်ကားရဲ့အဆ ၄ဝ။

ဂျပန်ကျောင်းကား…

ကနေဒါကျောင်းကား… ကျောင်းကားဥပဒေကိုချိုးဖောက်ရင် ကြီးလေးတဲ့ပြစ်ဒဏ်ခံရတယ်။ ကျောင်းကားက အလုံခြုံအစိတ်ချရဆုံး သယ်ယူပို့ဆောင်ရေးပါတဲ့။ သေဆုံးနှုန်းက သုညလို့ဆိုတယ်။

ပြင်သစ်ကျောင်းကား… ပြည်နယ်အဆင့်လိုင်စင်ရှိမှ မောင်းခွင့်ရှိပါသတဲ့။

ဂျာမဏီကျောင်းကား.. ကျောင်းကားက မီးနီ၊ မီးဝါပြထားရင် ကားကိုမကျော်ရ။

Zawgyi

အဝါေရာင္သုတ္ထားတိုင္း ေက်ာင္းကား မျဖစ္ပါ

အေမရိကန္ ေက်ာင္းကားက Truck car ကိုအေျခခံထားပီး Tank car လိုခိုင္ခံ့တယ္ ရိုးရိုးကားထက္ အဆေလးဆယ္ ပိုမာပီး ဆီတိုင္ကီ ပတ္လည္ကို သံခ်ပ္ကာကာထားတယ္။ သမၼတကားနဲ႕ တန္းတူရွိပီး ခိုင္ခံ့မႈႏႈန္းကို ရထားနဲ႕တိုက္ စမ္းသပ္ထားတယ္ အေလးခ်ိန္ 16 တန္ရွိပီး ေရႀကီးေနတဲ့ ေခ်ာင္းကိုေအးေဆးျဖတ္နိုင္ပါတယ္ သူတို႔ဆီမွာ ေက်ာင္းသားကို အဲ့ေလာက္တန္ဖိုးထားပါတယ္။

အေမရိကန္ေက်ာင္းကားနဲ႕ပတ္သက္ၿပီး အမ်ားနည္းတူ ကြၽန္မသိထားတဲ့ျအ ကမ္းဖ်င္းအေၾကာင္းအရာက ဒီအဝါေရာင္ေ က်ာင္းကားေတြဟာ လမ္းေပၚမွာ ထူးျခားတဲ့အခြင့္အေရးကိုရထားတဲ့ ကားျဖစ္တယ္။ သူေႏွးရင္ ကိုယ္လို က္ေႏွးရတယ္၊ သူ႕ဆီက အဝါေရာင္မီး မွိတ္တုတ္မွိတ္တုတ္လင္းၿပီဆို ကိုယ္အရွိန္ေလ်ာ့ေမာင္းရတယ္၊ သူ႕ဆီက အနီေရာင္မီးလင္းၿပီဆို ကိုယ့္ကားကိုရပ္ရတယ္။ တကယ္လို႔ သူမီးနီျပၿပီးရ ပ္ေနရက္နဲ႕ ကိုယ့္ကားကို အရွိ န္မေလ်ာ့ဘူး၊ မရပ္ဘူးဆိုရင္ ႀကီးေလးတဲ့ျပစ္ဒဏ္ကို ခံရတယ္။ မီးသတ္ကား၊ လူနာတင္ကား၊ သမၼတကား ပဲျဖစ္ျဖစ္ ဒီဥပေဒကို လိုက္နာရပါတယ္။

ေျပာၾကတာကေတာ့ အေမရိက န္ေက်ာင္း ကားေတြဟာ တင့္ကားလို ခိုင္ခံ့ၿပီး ထရပ္ကားလို အေျခခံထားသတဲ့။ တစ္ႏွစ္ကို ေက်ာင္း ကားေတြအတြက္ သီးသန႔္သုံးတဲ့စရိတ္က ေဒၚလာ ၂၁ ဘီလ်ံတဲ့။ သူ႕ရဲ႕လုံၿခဳံမႈက ရိုးရိုးကား ရဲ႕အဆ ၄ဝ လို႔ဆိုတယ္။ ဆီတိုင္ကီရဲ႕ ၄ စင္တီမီတာပတ္ပတ္လည္ကို သံခ်ပ္ကာကာထားတယ္။ ယာဥ္တိုက္မႈျဖစ္တဲ့အခါ မီးေလာင္ေပါက္ကြဲမႈမျဖစ္ေအာင္ ကာကြယ္တယ္လို႔ဆိုတယ္။ ကားရဲ႕ခိုင္ခံ့မႈက သမၼတကား အဆင့္ေလာက္ရွိပါသတဲ့။ ခိုင္ခံ့မႈႏႈန္းကို ရထားနဲ႕တိုက္ၿပီး စမ္းသပ္ခံထားတယ္လို႔ ဆိုပါတယ္။

ထိုင္ခုံေတြကိုလည္း ယာဥ္တိုက္မႈျဖ စ္တဲ့အခါ ထိခိုက္ဒ ဏ္ရာနည္းေအာင္ ျပဳလုပ္ထားၿပီး ေက်ာင္းသားတိုင္း ထိုင္ခုံေနရာရွိရပါတယ္။ ေက်ာင္းကားကို အဝါေရာင္သတ္မွတ္ရျခင္းက ညအခါ၊ ျမဴေတြပိတ္ဆို႔တဲ့အခါ၊ မႈန္ရီဝိုးတဝါးအခ်ိန္မွာ အေမွာင္ထုၾကားထဲက ထိုးေဖာက္ျမင္ရဖို႔ျဖစ္တယ္။ ကားကို ACD အမ်ိဳးအစားသုံးမ်ိဳးခြဲထားၿပီး အႀကီးဆုံးျဖစ္တဲ့ Dအမ်ိဳးအစားက အေလးခ်ိန္၁၆တန္ရွိတယ္လို႔ဆိုပါတယ္။ ေရႀကီးေနတဲ့ေခ်ာင္းကိုေတာင္ ေက်ာ္ျဖတ္နိုင္ပါသတဲ့။

ဘာျဖစ္လို႔ ေက်ာင္း ကားေတြကို သမၼတကားနီးနီး ခိုင္ခံ့ေအာ င္လုပ္ထားသလဲ။ ဘာျဖစ္လို႔ တျခားကားေတြထက္ ထူးျခားတဲ့အခြင့္အေရးရထားသလဲ။ ဘာျဖစ္လို႔ သူမီးနီျပ stop ဆိုင္းျပတာနဲ႕ ကိုယ့္ကားကို ရပ္ရသလဲ….

အေျဖကရွင္းရွင္းေလးပါ …

ကားထဲမွာ ေက်ာင္းသားကေလးသူငယ္ေတြပါလို႔.. ဒီကေလးေတြဟာ ေနာင္တစ္ခ်ိန္မွာ နိုင္ငံ့သားေကာင္းရတနာျဖစ္လာမယ့္ သူေတြမို႔ပါတဲ့။ ကေလးငယ္ေတြရဲ႕လုံၿခဳံစိတ္ခ်မႈကို အစိုးရက အျပည့္အဝ အကာအကြယ္ေပးထားပါတယ္။

ေက်ာင္းကားေတြ႕တာနဲ႕ အရွိန္ေလ်ာ့တန္ေလ်ာ့ ရပ္တန္ရပ္ ကားတိုင္းလိုက္နာၾကရပါတယ္..

အဂၤလန္ေက်ာင္းကား.. ေက်ာင္းသားေလးေတြ ကားေပၚေရာက္တာနဲ႕ ျဖစ္သမွ်အားလုံး ေက်ာင္းကားတာဝန္ယူရတယ္တဲ့။

အေမရိကန္ေက်ာင္းကား… လုံၿခဳံမႈက ကိုယ္ပိုင္ကားရဲ႕အဆ ၄ဝ။

ဂ်ပန္ေက်ာင္းကား…

ကေနဒါေက်ာင္းကား… ေက်ာင္းကားဥပေဒကိုခ်ိဳးေဖာက္ရင္ ႀကီးေလးတဲ့ျပစ္ဒဏ္ခံရတယ္။ ေက်ာင္းကားက အလုံၿခဳံအစိတ္ခ်ရဆုံး သယ္ယူပို႔ေဆာင္ေရးပါတဲ့။ ေသဆုံးႏႈန္းက သုညလို႔ဆိုတယ္။

ျပင္သစ္ေက်ာင္းကား… ျပည္နယ္အဆင့္လိုင္စင္ရွိမွ ေမာင္းခြင့္ရွိပါသတဲ့။

ဂ်ာမဏီေက်ာင္းကား.. ေက်ာင္းကားက မီးနီ၊ မီးဝါျပထားရင္ ကားကိုမေက်ာ္ရ။

Leave a Reply

Your email address will not be published. Required fields are marked *