ကားလေစစ် ကိုယ်တိုင်လဲမယ် ဆိုရင် ပြုလုပ်ရမယ့် သတိပြုသင့်တဲ့ အဆင့်များ

Posted on

ကားတစ်စီး ရဲ့လေ စစ်ဆိုတာ အရေးပါတဲ့ အစိတ်အ ပိုင်း တစ်ခုဖြစ်ပြီး ဈေးလည်း သိပ်ပြီး မကြီးသလို ထိန်း သိမ်းပြုပြင်ရတဲ့ အပိုင်းမှာလည်း လွယ်ကူပါတယ်။ လေစစ် မရှိရင် ကားအတွင်းကို ရှိုက်သွင်း လိုက်တဲ့ လေတွေကတ စ်ဆင့် အင်ဂျင်ထဲကို လေနဲ့အတူ အမှိုက်တွေ ဝင်ရောက် သွားစေနိုင်ပါတယ်။

လေစစ်မှာ ဖုန်မှုန့်နဲ့အ မှိုက်တွေ ပိတ်နေရင်လည်း အင်ဂျင် ထဲကို လေ ဝင်ရောက်မှု နည်းစေပြီး အင်ဂျင်အရုန်းအစွဲ ကျစေပါတယ်။ ဒါကြောင့် ကားတစ်စီး ရဲ့လေစစ် ဆေးကြော၊ လဲလှယ်တာတွေ လုပ်ဖို့အတွက် ကားဆားဗစ် မကြာခဏ သွားစရာမလိုဘဲ ကိုယ်တိုင်ပြုပြင် ဆေးကြောနို င်မယ့်နည်း လမ်းေ တွကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်။

အဆင့်(၁) – မိမိကားနဲ ့ကိုက်ညီတဲ့ လေစစ်၊ ကား ထုတ် လုပ်သူက ညွှန်ပြပေး ထားတဲ့ လေစစ် အသစ်တစ်ခုကို ကားပစ္စည်း အရောင်းဆိုင်တွေမှာ ရွေးချယ် ဝယ်ယူပါ။ အဲဒါဆိုရင်တော့ ကား လေစစ်ရဲ့မူလ အနေအထားကို မြင်တွေ့နိုင်ပြီဖြစ်ပါ တယ်။

အဆင့်(၂) – ဒုတိယ အဆင့်မှာတော့ မြေပြင်ညီေ နရာမှာ ကားကို ပါကင်နေရာမှာ ပါကင်ထိုးပြီး ရပ်ပါ။ ကား ဘောနက်ဖုံး ကိုဖွင့်ပြီး သေချာေ အာင် ဒေါက်ထောက်ပါ။ လေစစ်ဘူး ကိုရှာပါ။ လေစစ်ဘူးအဖုံး ကလစ် တွေကို ဖြုတ်ထုတ်ပြီး အဖုံးကိုဖယ်ထုတ်ပါ။ လေစစ်ကို ထုတ်ယူပါ။

အဆင့်(၃) – လေစစ်အသစ်နဲ့ ကားထဲက လေစစ်ကို နှိုင်းယှဉ်ကြည့်ရင် လေစစ် အဟောင်း ကပ်နေတဲ့ အမှိုက်တွေနဲ့ ဖုန်မှုန့်တွေ ဘယ်လောက် များနေလဲ သိနိုင်ပါတယ်။ ဆေးကြောလို့ရနိုင်မလား၊ အသစ်လဲလှယ်လို့ ရ/မရ ဆိုတာတွေကို အမြင်နဲ့ အရင်ဆုံးဖြတ်ပါ။ အသစ်လဲသင့်ရင် လဲလှယ်ပါ။

အဆင့်(၄) – ဆေးကြောလို့ရမယ့် အခြေအေ နဆိုရင်တော့ ဖွင့်ထားတဲ့ လေစစ် ထည့်ထားတဲ့ဘူးကို ပြန်ဖုံးထားပြီး လေစစ်ကို ကားနဲ့ ဝေးတဲ့နေရာကို ယူသွား ပါ။ လေစစ်ကို ရှေ့နောက်ခွဲခြား မှတ်သားပြီးနောက် လေမှုတ်စက်ကိုအသုံးပြုပြီး အားအသင့်တင့် ရှိတဲ့ လေမှုတ်အားဖြင့် ရှေ့၊ နောက် တစ်ဖက်ချင်း ကို မှုတ်ထုတ်ပါ။ လေစစ်က ဖုန်မှုန့်နဲ့အမှိုက်တွေ ကင်းစင်သွားရင် မူလ အရောင်နီးပါး ပြန်ဖြစ်လာနိုင်ပါတယ်။

အဆင့်(၅) – သန့်စင်ပြီး လေစစ်ကို ကား အနီးသို့ ပြန်ယူလာပြီး မူလတပ်ဆင်တဲ့ ပုံစံအတိုင်း လေစစ်ကို ပြန်လည် တပ်ဆင်ပေးပါ။ လေစစ်ဘူးအဖုံးကလစ်တွေကိုလည်း သေချာအောင် ချိတ်ပြီးမှ ပြန်ပိတ်လိုက်ပါ။ ဘောနက်ကိုလည်း သေချာပြန်ဖုံး အုပ်ပြီး ပိတ်ပေးပါ။

လေစစ် တစ်ခုကို လဲလှယ်တာ၊ ဆေးကြောတာတွေ လုပ်ဆောင်ဖို့အတွက် သတ် မှတ်ထားတဲ့ ခရီးမိုင် အကွာအဝေး သတ်မှတ်ချက်တွေ လည်း ရှိနေပါတယ်။ ကားထုတ် လုပ်သူေ တွကလည်း ကားအမျိုးအစား အလိုက်သတ်မှတ်ပေး ထားတာတွေလည်း ရှိပါတယ်။ ယေဘုယျအေ နနဲ့တော့ ကား လေစစ်ကို စစ်ဆေးပြီး လဲလှယ်တာ၊ ဆေးကြောတာ တွေလုပ်ေ ပးသင့်တာ ကတော့ အနည်းဆုံး ကီလိုမီတာ ငါးသောင်း (မိုင်သုံးသောင်းခန့်) အသုံးပြုပြီးတိုင်း စစ်ဆေး ပေးသင့်ပါတယ်။ ဖုန်ထူထပ်တဲ့နေရာတွေဘက် ခရီးထွက်ရင်တော့ အခြေနေပေါ် မူတည်ပီး ၂ ရက် ၃ ရက် တခါလည်း စစ်ဆေးသင့်ရင် စစ်ရပါမယ်။ Author – Aung Phyo Mon

Zawgyi Version

ကားတစ္စီး ရဲ့ေလ စစ္ဆိုတာ အေရးပါတဲ့ အစိတ္အ ပိုင္း တစ္ခုျဖစ္ၿပီး ေဈးလည္း သိပ္ၿပီး မႀကီးသလို ထိန္း သိမ္းျပဳျပင္ရတဲ့ အပိုင္းမွာလည္း လြယ္ကူပါတယ္။ ေလစစ္ မရွိရင္ ကားအတြင္းကို ရွိုက္သြင္း လိုက္တဲ့ ေလေတြကတ စ္ဆင့္ အင္ဂ်င္ထဲကို ေလနဲ႔အတူ အမွိုက္ေတြ ဝင္ေရာက္ သြားေစနိုင္ပါတယ္။

ေလစစ္မွာ ဖုန္မႈန႔္နဲ႔အ မွိုက္ေတြ ပိတ္ေနရင္လည္း အင္ဂ်င္ ထဲကို ေလ ဝင္ေရာက္မႈ နည္းေစၿပီး အင္ဂ်င္အ႐ုန္းအစြဲ က်ေစပါတယ္။ ဒါေၾကာင့္ ကားတစ္စီး ရဲ့ေလစစ္ ေဆးေၾကာ၊ လဲလွယ္တာေတြ လုပ္ဖို႔အတြက္ ကားဆားဗစ္ မၾကာခဏ သြားစရာမလိုဘဲ ကိုယ္တိုင္ျပဳျပင္ ေဆးေၾကာနို င္မယ့္နည္း လမ္းေ တြကို အဆင့္ဆင့္ ေဖာ္ျပေပးလိုက္ပါတယ္။

အဆင့္(၁) – မိမိကားနဲ ့ကိုက္ညီတဲ့ ေလစစ္၊ ကား ထုတ္ လုပ္သူက ညႊန္ျပေပး ထားတဲ့ ေလစစ္ အသစ္တစ္ခုကို ကားပစၥည္း အေရာင္းဆိုင္ေတြမွာ ေရြးခ်ယ္ ဝယ္ယူပါ။ အဲဒါဆိုရင္ေတာ့ ကား ေလစစ္ရဲ့မူလ အေနအထားကို ျမင္ေတြ႕နိုင္ၿပီျဖစ္ပါ တယ္။

အဆင့္(၂) – ဒုတိယ အဆင့္မွာေတာ့ ေျမျပင္ညီေ နရာမွာ ကားကို ပါကင္ေနရာမွာ ပါကင္ထိုးၿပီး ရပ္ပါ။ ကား ေဘာနက္ဖုံး ကိုဖြင့္ၿပီး ေသခ်ာေ အာင္ ေဒါက္ေထာက္ပါ။ ေလစစ္ဘူး ကိုရွာပါ။ ေလစစ္ဘူးအဖုံး ကလစ္ ေတြကို ျဖဳတ္ထုတ္ၿပီး အဖုံးကိုဖယ္ထုတ္ပါ။ ေလစစ္ကို ထုတ္ယူပါ။

အဆင့္(၃) – ေလစစ္အသစ္နဲ႔ ကားထဲက ေလစစ္ကို ႏွိုင္းယွဥ္ၾကည့္ရင္ ေလစစ္ အေဟာင္း ကပ္ေနတဲ့ အမွိုက္ေတြနဲ႔ ဖုန္မႈန႔္ေတြ ဘယ္ေလာက္ မ်ားေနလဲ သိနိုင္ပါတယ္။ ေဆးေၾကာလို႔ရနိုင္မလား၊ အသစ္လဲလွယ္လို႔ ရ/မရ ဆိုတာေတြကို အျမင္နဲ႔ အရင္ဆုံးျဖတ္ပါ။ အသစ္လဲသင့္ရင္ လဲလွယ္ပါ။

အဆင့္(၄) – ေဆးေၾကာလို႔ရမယ့္ အေျခေအ နဆိုရင္ေတာ့ ဖြင့္ထားတဲ့ ေလစစ္ ထည့္ထားတဲ့ဘူးကို ျပန္ဖုံးထားၿပီး ေလစစ္ကို ကားနဲ႔ ေဝးတဲ့ေနရာကို ယူသြား ပါ။ ေလစစ္ကို ေရွ႕ေနာက္ခြဲျခား မွတ္သားၿပီးေနာက္ ေလမႈတ္စက္ကိုအသုံးျပဳၿပီး အားအသင့္တင့္ ရွိတဲ့ ေလမႈတ္အားျဖင့္ ေရွ႕၊ ေနာက္ တစ္ဖက္ခ်င္း ကို မႈတ္ထုတ္ပါ။ ေလစစ္က ဖုန္မႈန႔္နဲ႔အမွိုက္ေတြ ကင္းစင္သြားရင္ မူလ အေရာင္နီးပါး ျပန္ျဖစ္လာနိုင္ပါတယ္။

အဆင့္(၅) – သန႔္စင္ၿပီး ေလစစ္ကို ကား အနီးသို႔ ျပန္ယူလာၿပီး မူလတပ္ဆင္တဲ့ ပုံစံအတိုင္း ေလစစ္ကို ျပန္လည္ တပ္ဆင္ေပးပါ။ ေလစစ္ဘူးအဖုံးကလစ္ေတြကိုလည္း ေသခ်ာေအာင္ ခ်ိတ္ၿပီးမွ ျပန္ပိတ္လိုက္ပါ။ ေဘာနက္ကိုလည္း ေသခ်ာျပန္ဖုံး အုပ္ၿပီး ပိတ္ေပးပါ။

ေလစစ္ တစ္ခုကို လဲလွယ္တာ၊ ေဆးေၾကာတာေတြ လုပ္ေဆာင္ဖို႔အတြက္ သတ္ မွတ္ထားတဲ့ ခရီးမိုင္ အကြာအေဝး သတ္မွတ္ခ်က္ေတြ လည္း ရွိေနပါတယ္။ ကားထုတ္ လုပ္သူေ တြကလည္း ကားအမ်ိဳးအစား အလိုက္သတ္မွတ္ေပး ထားတာေတြလည္း ရွိပါတယ္။ ေယဘုယ်ေအ နနဲ႔ေတာ့ ကား ေလစစ္ကို စစ္ေဆးၿပီး လဲလွယ္တာ၊ ေဆးေၾကာတာ ေတြလုပ္ေ ပးသင့္တာ ကေတာ့ အနည္းဆုံး ကီလိုမီတာ ငါးေသာင္း (မိုင္သုံးေသာင္းခန႔္) အသုံးျပဳၿပီးတိုင္း စစ္ေဆး ေပးသင့္ပါတယ္။ ဖုန္ထူထပ္တဲ့ေနရာေတြဘက္ ခရီးထြက္ရင္ေတာ့ အေျခေနေပၚ မူတည္ပီး ၂ ရက္ ၃ ရက္ တခါလည္း စစ္ေဆးသင့္ရင္ စစ္ရပါမယ္။ Author – Aung Phyo Mon

Leave a Reply

Your email address will not be published.