1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး😓 2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်😥😥 3. ရင်ကြပ်တယ် သလိပ်ထွက်တယ်😪 4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)🗣🗣🗣
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်🤢🤢🤢 6. ခေါင်းကိုက်တယ်😰 7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) 8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ် 9. ည အိပ်မပျော်ဘူး
1. #အားမရှိဘူး_နုံးနေတယ်
နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊ Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။
– ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
– ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
– ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
– အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ် SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
👉 ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ် 👉 ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်
– ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
– ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
– အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
– Position ခဏခဏ ပြောင်းပေးခြင်း
– ကျောကုန်းကို ပုတ်ပေးခြင်း
– ရေနွေးသောက်ပေးခြင်း
– ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်) သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)
4. ချောင်းခြောက်ဆိုးတယ်
အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်
– နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
– ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
– ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ
– ငုံဆေးလေးငုံထားပါ (Lozenges – အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
– မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။
5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်
သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့) ကိုဗစ်လူနာတွေကြတော့
👉 နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
👉 တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
👉 Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
👉 အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။
– မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
– အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
– ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။
အရေးတကြီးမှာလိုတာက
👌 အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ် #အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်
6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး
ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်
👉 ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
👉 ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
👉 အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လားစတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။
– စိတ်အေးအေးထားပါ
– အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
– ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
– Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ 👉 နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
– ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့
– အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်
– ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။ (Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ #ရောဂါအန္တာရယ်အပေါင်းမှာ့ကင်းဝေးကြပါစေ credit~Dr.phone si thu lwin
Zawgyi Version
1. အားမရွိဘူး ၊ ႏုံးေနတယ္၊ မလွုပ္ခ်င္ဘူး😓 2. အသက္ရွူရခက္တယ္၊ နည္းနည္း လွုပ္တာနဲ႔ ေမာတယ္😥😥 3. ရင္ၾကပ္တယ္ သလိပ္ထြက္တယ္😪 4. ေခ်ာင္းဆိုးတယ္ (ေအးရင္ ပိုဆိုးတယ္)🗣🗣🗣
5. အစားမစားခ်င္ဘူး ၊ အစာဝင္ရင္ ပ်ိဳ့တယ္ အန္တယ္🤢🤢🤢 6. ေခါင္းကိုက္တယ္😰 7. ဘာလုပ္လုပ္ အာ႐ုံမလာဘူး (စိတ္မဝင္စားဘူး) 8. စိတ္ဖိစီးမွုမ်ားတယ္၊ ေၾကာက္တယ္ လန႔္ေနတတ္တယ္ 9. ည အိပ္မေပ်ာ္ဘူး
1. #အားမရွိဘူး_ႏုံးေနတယ္
ေနမေကာင္းတုန္း အစားဘယ္ေလာက္ပဲ စားတယ္ေျပာေျပာ ေကာင္းေနစဥ္ကေလာက္ မစားနိုင္ပါဘူး၊ Virus အသစ္ကို သတ္ဖို့အတြက္ ကိုယ္ခံအားက အစြမ္းကုန္ထုတ္ၿပီး တိုက္ထားရတဲ့အတြက္ #ခရီးအေဝးႀကီးကိုေျပးထားရတဲ့_မာရသြန္အေျပးသမား လို ပင္ပန္းႏြမ္းနယ္ၿပီး အားမရွိျဖစ္ကာ နည္းနည္းလွုပ္ လိုက္တာနဲ႔ ေမာေနရတာပါ။
– ပုံမွန္အတိုင္း အစာျပန္စားပါ (ထမင္း၊ အသား/ငါး၊ အဆီ၊ ဟင္းသီးဟင္းရြက္၊ အသီးအႏွံမၽွတေအာင္စားပါ)
– ေရမ်ားမ်ားေသာက္ပါ (ေရေႏြးျဖစ္ျဖစ္၊ ေရေအးျဖစ္ျဖစ္ရပါတယ္)
– ေခၽြးထြက္မ်ားပါက (ေသြးတိုးမရွိပါက ဓာတ္ဆားရည္ေသာက္ပါ)
– အားေဆးဆိုသည့္ Multivitamins မ်ားကို အရမ္းႀကီးအားမကိုးၾကပါနဲ႔ (Multivitamins ေတြဟာ => ဟင္းသီးဟင္းရြက္ေတြနဲ႔ တူတူပဲမို့ အားေဆးလို့ေခၚေပမယ့္ အားရွိေစတဲ့ေဆး မဟုတ္ပါဘူး)
2. အသက္ရွူရခက္တယ္၊ နည္းနည္း လွုပ္တာနဲ႔ ေမာတယ္
Virus ဟာ အဆုတ္ကို အဓိက ဖ်က္ဆီးတာျဖစ္လို့ လူတိုင္းမွာ အနည္း နဲ႔ အမ်ားေတာ့ အဆုတ္က ဒဏ္ျဖစ္ပါတယ္ SpO2 က်ခဲ့တဲ့ လူနာေတြက ဒဏ္ရာပိုၿပီးႀကီးပါတယ္ ၊ ေရာဂါ သက္သာလာၿပီး SpO2 ျပန္တက္လာေပမယ့္
👉 ဒဏ္ရာေတြကို ကုစားဖို့ အခ်ိန္ယူရပါေသးတယ္ 👉 ဒဏ္ရာေတြ ပို မဆိုးလာေစဖို့လည္း ဂ႐ုစိုက္ရပါတယ္
– ေဆးလိပ္ လုံးဝ (လုံးဝ) မေသာက္ပါနဲ႔
– ျပင္းထန္တဲ့လွုပ္ရွားမွုေတြ မလုပ္ပါနဲ႔
– အသက္ရွူေလ့က်င့္ခန္း မွန္မွန္လုပ္ပါ
3. ရင္ၾကပ္တယ္ သလိပ္ထြက္တယ္
ေရာဂါျပင္းထန္တုန္းက ထြက္ထားၿပီး ခဲေနတဲ့ ခၽြဲသလိပ္ေတြ ျပန္ေပ်ာ္ေနတာ ျဖစ္လို့ သလိပ္ထြက္ပါတယ္၊
– Position ခဏခဏ ေျပာင္းေပးျခင္း
– ေက်ာကုန္းကို ပုတ္ေပးျခင္း
– ေရေႏြးေသာက္ေပးျခင္း
– ေရေႏြးေငြ႕ရွူေပးျခင္း (ခဏပဲလုပ္ပါ အလြန္အကၽြံမလုပ္ပါနဲ႔ ေရပူေငြ႕ေတြက အသက္ရွူလမ္းေၾကာင္းကို အပူေလာင္ေစၿပီး ျပန္ၿပီးေရာင္ေစနိုင္ပါတယ္) သလိပ္စြန႔္ပစ္မွုကလည္း အလြန္ အေရးႀကီးပါတယ္ (တပါးသူမ်ားကို ကူးစက္မွုမရွိေအာင္ အထူးဂ႐ုစိုက္ၿပီး စြန႔္ပစ္ဖို့လိုပါတယ္)
4. ေခ်ာင္းေျခာက္ဆိုးတယ္
အဆုတ္ကေရာင္ထားေတာ့ ေလႁပြန္ေလးေတြ က်ဥ္းသြားတဲ့အတြက္ ရွူတဲ့ေလကေအးၿပီး ေျခာက္ေသြ႕တဲ့အခါ၊ လွဲအိပ္တဲ့အခါ လည္ေခ်ာင္းယားၿပီး ေခ်ာင္းဆိုးပါတယ္
– ေႏြးေႏြးေထြးေထြးေနပါ (စြပ္က်ယ္ဂ်ိဳင္းျပတ္၊ လက္ျပတ္၊ ေဘာင္းဘီတို ထက္စာရင္ T-shirt, ေဘာင္းဘီရွည္ႏွင့္ေနပါ)
– ေရေႏြးေသာက္ေပးပါ (ေခ်ာင္းဆိုးခ်င္လာလၽွင္ ေရေႏြးကို နည္းနည္း နည္းနည္း ခဏ ခဏ ေသာက္ေပးပါ)
– ဆားရည္ + ေရေႏြးျဖင့္ပါးလုတ္က်င္းပါ (ပါးလုတ္က်င္းတာ မ်ိဳခ်တာမဟုတ္လို့ ေသြးမတိုးပါဘူး) ဆားရည္မသုံးခ်င္လၽွင္ (ပိုက္ဆံေပါလၽွင္) Betadine mouthwash သုံးပါ
– ငုံေဆးေလးငုံထားပါ (Lozenges – အဆင္ေျပရာ/ဝယ္လို့ရတာ ငုံလို့ရပါတယ္)
– မသက္သာရင္ ေသာက္ေနက် ေခ်ာင္းဆိုးေပ်ာက္ေဆး ေသာက္ပါ။
5. အစားမစားခ်င္ဘူး၊ အစာဝင္ရင္ ပ်ိဳ့တယ္
သာမန္ေနေကာင္းကာစ နလန္ထ လူနာေတြဟာ ဖ်ားနာတုန္းက ကုန္ဆုံးသြားတဲ့ စြမ္းအင္ေတြ ျဖည့္ဖို့အတြက္ အစားမ်ားမ်ားျပန္စားၾကပါတယ္၊ (ေနေကာင္းတာနဲ႔ စားခ်င္ေသာက္ခ်င္စိတ္ တိုးလာတယ္ေပါ့) ကိုဗစ္လူနာေတြၾကေတာ့
👉 ေနာက္ဆက္တြဲအေန နဲ႔ အနံ့ေပ်ာက္တာ၊ အရသာပ်က္တာေတြေၾကာင့္ (အာ႐ုံ ႏွစ္ပါးခ်ိဳ့တဲ့ၿပီး) စားခ်င္ေသာက္ခ်င္စိတ္ မရွိၾကပါဘူး၊
👉 တခ်ိဳ့ ေရာဂါျပင္းျပင္းထန္ထန္ ခံစားလိုက္ရတဲ့ လူေတြမွာ ေရာဂါခံစားရစဥ္ အစာစားလည္း ေမာတဲ့အတြက္ ေရာဂါသက္သာလာလည္း အစာစားရမွာ ေၾကာက္ေနတတ္ၾကပါတယ္။
👉 Virus နဲ႔ ကိုယ္ခံအား တိုက္ပြဲႀကီးျဖစ္ေတာ့ ခႏၶာကိုယ္တစ္ခုလုံး ေရာင္ရမ္းမွုေတြျဖစ္တဲ့အတြက္ အစာအိမ္ႏွင့္အူလမ္းေၾကာင္းပါ ထိခိုက္မိရင္ အစာအိမ္အနာအခံရွိသူေတြ ေရာဂါျပန္ႂကြတတ္ပါတယ္
👉 အူက ေကာင္းေကာင္း မလွုပ္တဲ့အခါ (Gastric emptying ၾကာတဲ့အတြက္) စားလိုက္တာနဲ႔ ရင္ျပည့္ၿပီး အန္ခ်င္တာပါ။
– မစားခ်င္လည္း၊ အရသာမရွိလည္း ႀကိဳးစားၿပီး စားၾကပါ။
– အမ်ားႀကီး မစားပဲ နည္းနည္းနဲ႔ ခဏခဏ စားပါ
– ဘယ္လိုမွ ကိုမရဘူး နည္းနည္းဝင္တာနဲ႔ကို ပ်ိဳ့လာတယ္၊ အန္ပါတယ္ ဆိုတဲ့ သူမ်ားကေတာ့ (Motilium M (သို့မဟုတ္) Maxalon ဆိုတဲ့ေဆးကို မနက္စာ၊ေန႔လည္စာ၊ ညစာ မစားမီ မိနစ္ (၃၀) ႀကိဳေသာက္ပါ။
အေရးတႀကီးမွာလိုတာက
👌 အရသာမရတာဟာ လၽွာေပၚမွာရွိတဲ့ အရသာခံတဲ့ အဖုေလးေတြ ေခတၱခဏ အလုပ္မလုပ္နိုင္တာျဖစ္ၿပီး သူ႔အလိုလိုျပန္ေကာင္းပါတယ္ #အရသာမရဘူး (ပြင့္ထြက္သြားေအာင္ ဆိုၿပီး) အရသာျပင္းလြန္းတဲ့ ခ်ဥ္လြန္း စပ္လြန္း ပူလြန္းတဲ့ အစားမ်ား ကို မစားၾကပါႏွင့္
တကယ္ပြင့္ထြက္သြားမွာက အစာအိမ္ပါ 😰 ပါးစပ္ကသာ အရသာမရတာ စားတဲ့ဟာေတြရဲ့ ဒဏ္ကို က်န္းမာေရးသိပ္မေကာင္းတဲ့အစာအိမ္က ခံရၿပီး အစာအိမ္ေပါက္သြားပါလိမ့္မယ္
6. ေခါင္းကိုက္တယ္ ၊ (7) ဘာလုပ္လုပ္ အာ႐ုံမလာဘူး (စိတ္မဝင္စားဘူး) ၊ (8)စိတ္ဖိစီးမွုမ်ားတယ္၊ ေၾကာက္တယ္ လန႔္ေနတတ္တယ္၊ (9) ည အိပ္မေပ်ာ္ဘူး
က်န္တဲ့ အခ်က္ေတြကေတာ့ စိတ္နဲ႔ပဲ ဆိုင္တာပါ။
ကၽြန္ေတာ္ စာတစ္ပုဒ္ေရးဖူးပါတယ္ (Pandemic stress reactions ) ကပ္ေရာဂါကို အေၾကာက္ႀကီးေၾကာက္ေနရာက ကိုယ့္မွာျဖစ္လိုက္ရတဲ့ အခါ အေၾကာက္ႀကီးေၾကာက္သြားတဲ့အတြက္
👉 ျပန္ျဖစ္ရင္ ဘယ္လိုျဖစ္မွာလဲ
👉 ငါ့ ခႏၶာကိုယ္ႀကီးေရာ ဘယ္ေလာက္ပ်က္စီးသြားၿပီလဲ
👉 အေပၚက ေျပာခဲ့တဲ့ လကၡဏာေတြခံစားရေတာ့တကယ္ျပန္ေကာင္းတာေရာဟုတ္ရဲ့လားစတဲ့ အေတြးေတြနဲ႔က ညအိပ္မေပ်ာ္ပဲ အထက္ပါ (6,7,8,9) ကို ခံစားၾကရပါတယ္။
– စိတ္ေအးေအးထားပါ
– အဆိုးဆုံးအေျခအေနကို ေက်ာ္ျဖတ္ၿပီးၿပီ ေကာင္းလာမွာပါ
– ခ်က္ခ်င္းႀကီး မေကာင္းနိုင္ေပမယ့္ တျဖည္းျဖည္း တိုးတက္လာပါလိမ့္မယ္
– Post-covid မွာ ဘာျဖစ္တယ္ ညာျဖစ္တယ္ ဆိုတဲ့ သတင္းေတြဖတ္ၿပီး စိုးရိမ္မေနပါနဲ႔ (ကိုယ့္အလုပ္ကိုယ္လုပ္ပါ 👉 နားနားေနေန ေန၊ အသက္ရွူေလ့က်င့္ခန္းလုပ္၊ အစားဝင္ေအာင္စား၊ အိပ္ေပ်ာ္ေအာင္အိပ္
– ျဖစ္နိုင္တယ္ ဒါေပမယ့္ ရွားတယ္ေလ (တစ္ကမၻာလုံးမွာ တစ္ေယာက္ေလာက္ေတြ႕လည္း) ေဆာင္းပါးေရးေတာ့ (လူကိုေခြးက ကိုက္တာ သတင္းမဟုတ္ေပမယ့္ ေခြးကိုလူကသြားကိုက္တာေရးေတာ့) နာမည္ႀကီးတာေပါ့
– အိပ္ေပ်ာ္ရင္ အားလုံးသက္သာလာပါလိမ့္မယ္
– ဘယ္လိုမွ အိပ္မရရင္ေတာ့ Melatonin 3mg ေသာက္အိပ္ပါ။ (Melatonin နဲ႔မရရင္ေတာ့ ဆရာဝန္နဲ႔ေဆြးေႏြးၿပီး စိတ္ၿငိမ္ေဆးသာေသာက္ပါ)
သက္ရွည္က်န္းမာ စိတ္ခ်မ္းသာၾကပါေစ #ေရာဂါအႏၲာရယ္အေပါင္းမွာ့ကင္းေဝးၾကပါေစ credit~Dr.phone si thu lwin