ကိုဗစ် ကုသရာမှာသုံးတဲ့ ကမ္ဘာ့ ပထမဆုံး သောက်ဆေး

Posted on

ယူကေနိုင်ငံဟာ မိုနျူပီရာဗီးယား molnupiravir ဆေးကို #ကမ္ဘာ့ ပထမဆုံး ကိုဗစ်ကုသရာမှာသုံးတဲ့ 💊 #သောက်ဆေး အဖြစ်အသိအမှတ်ပြု လိုက်ပါပြီ။

The Medicines and Healthcare products Regulatory Agency (MHRA) recommended the drug, molnupiravir, be used as soon as possible following a positive COVID-19 test and within five days of the onset of symptoms.

🇬🇧 ယူကေနိုင်ငံရဲ့ ဆေးနဲ့ကျန်း မာရေးထု တ်ကုန်စိစစ်ရေးေ အဂျင်စီမှ အောက်ပါအ တိုင်းသုံးစွဲဖို့ recommend လုပ်လိုက်ပါတယ်။👉 ကိုဗစ်စစ်ကြည့်လို့ positive ဖြစ်တာနဲ ့အမြန်ဆုံး သုံးစွဲဖို့၊ ပြီးတော့ ကိုဗစ်ရောဂါလက္ခ ဏာတစ်ခုခုပြပြီး (၅) ရက်အတွင်း အဲ့ဒီ molnupiravir ဆေးကိုသုံးစွဲသ င့်တယ်လို့ ဆိုထားပါတယ်။

ဒီဆေးဟာ အမေရိက န်ဆေးကုမ္ပ ဏီတွေဖြစ်တဲ့ Merck and Ridgeback Biotherapeutics တို့ကပူးပေါင်း ထုတ်လုပ်တာပါ။ အခု ကမ္ဘာ့ပထ မဦးဆုံးအဖြစ် 🇬🇧 ယူကေနိုင်ငံကခွင့်ပြု လိုက်ပြီးနောက် အမေရိ ကန်နိုင်ငံက မကြာခင်ကာလမှာ ခွင့်ပြုတော့မ ယ်လို့ မြင်နေကြပါတယ်။

ဒီလထဲမှာ အမေရိ ကန် FDA ကအဲ့ဒီခွင့်ပြုဖို ့ကိစ္စကို အစည်းအဝေးလုပ်မှာဖြစ်ပါတယ်။ ယူကေနိုင်ငံက ဒီဆေးကို လူနာတစ်ခါေ ပးစာ courses ပေါင်း ၄၈၀၀၀၀ ကိုဝယ်ယူဖို့ သေ ဘာတူထား ပါတယ်။ အဲ့ဒီဆေးကို ယူကေနိုင်ငံမှာ Lagevrio လို့ ဘရန်းနာမ ည်ပေးထားပါ တယ်။

ဆေးကုမ္ပဏီအ ဆိုအရ ဒီနှစ် ၂၀၂၁ မကုန်ခင်မှာ ဒီဆေး လူနာတ စ်ခါပေးစာ courses ပေါင်း (၁၀) သန်းထုတ် လုပ်ပြီးဖို့မျှော်လင့် ထားပြီး နောက်နှ စ်ထဲမှာ အနည်း ဆုံးသန်း (၂၀) ထုတ်လုပ်ဖို့ရည် ရွယ်ထား ပါတယ်။

ဒီဆေးသုံးစွဲပုံ၊ ခန့်မှန်းကုန်ကျစားရိ တ်စသည်တို့ကို အောက်ပါကျနော့်ဝက်ဘ်ဆိုက်မှာရေးသားပြီးဖြစ်တာကြောင့် အသေးစိတ်မေ ရးတော့ပါ။ Richard Myo Thant 4-November -2021

https://richardmyothant.com/2021/10/molnupiravir/

Zawgyi Version









Leave a Reply

Your email address will not be published. Required fields are marked *