ကိုဗစ် ကြောင့် အောက်စီဂျင် ကျသော် ဒီလို အနေအထား နဲ့ အသက်ရှု လေ့ကျင်ခန်း လုပ်ပေးပါ(ရုပ်သံဖိုင်)

Posted on

ဒေါက်တာ သိန်းသန်းဝင်း (ပြန်လည်သန်စွမ်းေ ရး) အကောင့်မှ ကူးယူေ ဖာ်ပြပါသည်။

အရင်က ကိုဗစ်လူ နာများ ICU မှာတင်ရင်း အောက်စီဂျင် ကျသွားရင် မှောက်လျက် အနေအထား (Prone Position) နဲ့ အောက်စီဂျင်ပေးလေ့ရှိတယ်။ ပေးဘို့လည်း

Recommend လုပ်ထားပြီးြ ဖစ်တယ်။ မှောက်လျှ က်အနေအထား က ကိုဗစ်ဆိုးရွားလူ နာတွေမှာ အဆုတ်လေအိတ် တော်တော်များ များကို အောက်စီဂျင်ပိုရစေတယ်လို့ ဆိုပါတယ်။ အခု

နောက်ပိုင်း သုတေသန များအရ ကိုဗစ်အသ င့်အ တင့်ဆိုးတဲ့ လူနာတွေ၊ Home care လုပ်ရင်းအော က်စီဂျင်ကျေ နတဲ့ ကိုဗစ် လူနာတွေမှာ လည်း အဆုတ်လေအိတ်တွေထဲ အောက်စီ

ဂျင်ရောက်ရှိဘို့ မှောက်လျှ က်အသက် ရှူနည်းကို အသုံးပြုလို့ရပါတယ်။ သုေ တသနအရ မှောက်လျှက် အသက်ရှူနည်းြ ပုလုပ်ခြင်းဖြင့် အောက်စီဂျင် ပိုရစေရုံ မျှမက ICU ပို့မယ့်ပမာဏ

လည်းလျော့သွားစေမယ်။ လည်ချောင်း ထဲ အသက်ရှူပိုက် ထည့်ရမ ယ့်ပမာဏလည်း လျော့သွား စေမယ်။ ICU ရောက်ခဲ့ရင်လည်း အဲဒီမှာ နေရမယ့် အချိန်တိုသွားစေမယ်။ ဆေးရုံ

တက်ရမယ့် ရက်တွေ လျော့သွားစေမယ်။ အသိ သာဆုံးကတော့ လူနာရဲ့ Well being ပါဘဲ။ အောက်စီဂျ င်ပိုရနေတော့ လူနာက နေရထိုင်ရ အရမ်းသက်သာနေတယ်မဟုတ်လား။

ဒီတော့ကာ မှောက်လျှက် အသက်ရှူခြ င်းလုပ်ဖို့အတွက်—

၁။ ဘာတွေလိုအပ်မလဲ။

၂။ ဘယ်လောက်ကြာကြာလုပ်လို့ရသလဲ။

၃။ ဘယ်လိုလူနာမျိုးတွေဆိုမလုပ်သင့်ဘူးလဲ။

ဆိုတာတွေ သိဘို့လိုအပ်လာပါမယ်။

၁။ ဘာတွေလိုအပ် မလဲဆိုရင် မှောက်လျက် အနေအ ထားအတွက် မလိုလားအပ် တဲ့နာကျင်မှုတွေမဖြစ် စေဘို့ အခုအခံ ခေါင်းအုံး ၅ လုံးလောက် လိုပါမယ်။ (ပုံ ၁၊ ပုံ ၂ တွင်ကြည့်

ပါ)။ အောက်စီဂျ င်ပေးလ က်စဆိုရင် ဆက်ပေးထားဘို့ လိုပါမ ယ်။ အောက်စီ ဂျင်ပိုက်တွေ ခေါက်နေတာ ပြုတ်နေတာ မဖြစ်ဘို့ သေချာစစ်ဆေးရပါမယ်။

၂။ ဘယ်လော က်ကြာကြာ လုပ်လို့ရ မလဲဆိုရင် မှောက် လျက် တစ်ကြိမ်ကို မိနစ် ၃၀ ကနေ ၂ နာရီလောက်အထိ ထားလို့ ရပါတယ်။ ၁ နာရီထက်ပိုနေနိုင်ရင်တော့ အကောင်းဆုံး

ပါ။ တစ်နေ့ကို ၁၆ နာရီအ ထိ မှောက်လျှ က်နေလို့ရပါတယ်။ ကျန်အချိ န်တွေကတော့ အစာစားဖို့၊ ဆေးသောက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ပါဘဲ။ အစာစားပြီး ၁ နာရီအတွင်းလည်း မ

မှောက်သင့်ပါဘူး။

၃။ ဘယ်လိုလူ နာမျိုးတွေ မလုပ်သင့်ဘူလဲ ဆိုရင် —

-ကိုယ်ဝန်ရင့်တဲ့သူတွေ (Pregnancy)

-အဝလွန်ဗိုက်ပူတဲ့သူတွေ (Morbid Obesity)

-ခါးရိုးဆစ်ပြဿနာရှိလို့ ခါးနာနေသူတွေ (Spondylolisthesis, scoliosis etc)

-ခြေထောက်သွေးကြောပိတ်ရောဂါရှိသူတွေ (DVT)

-ဦးခေါင်းတွင်းဖိအားများနေသူတွေ (Increase ICP)

– သွေးအရမ်းတိုး၊ နှလုံးကြောင့်အမောဖောက်နေတဲ့သူတွေ

– လတ်တလော ရင်ဘတ်ထိခိုက်ဒဏ်ရာနဲ့ ဝမ်းဗိုက်ခွဲစိတ်ထားသူတွေ

စတဲ့သူတွေကတော့ မှောက်လျှက် အသက်ရှူခြင်းကို မလုပ်သင့်ပါဘူး။

မှောက်လျှက် အပြင် ဘေးစောင်းအေ နအထား၊ တစ်ဝက်ထိုင်ခြေ (၆ဝံ) ပက်လက်ခြေဆင်း အနေအထားတွေကလည်း အရေးကြီးပါတယ်။ (ပုံ ၃၊ ပုံ ၄ တွင်ကြည့်ပါ)

နောက်ထပ်ြ ဖည့်စွက်ချင်တာက ဒီလို အနေထားနဲ့ အသက်ရှူေ နလျက်နဲ့မှ အောက်စီဂျင်က မတက်လာဘူး၊ လူနာက မောတာမသက်သာ ဘူးဆိုရင် ဆက်မလုပ်သင့်ပဲ နီးစပ်ရာကျန်းမာ

ရေးဝန်ထမ်းများနဲ့ ဆက်လက်တို င်ပင်သင့်ပါတယ်။ ပြန်လည် သန်စွမ်းရေးဆရာဝန် တစ်ယောက် အနေနဲ့ လူနာအနေအထား မှန်ကန်စွာဖြင့် အသက်ဝဝရှူနိုင်ရေးဟာလည်း အရေးပါတာ

ကြောင့် ဆောင်ရန်/ရှောင်ရန်များနှ င့်တကွ သတိပြု လိုက်နာကျင့်သုံး နိုင်စေဘို့ တင်ပြလိုက်ပါတယ်။

ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်းရေး)

Leave a Reply

Your email address will not be published. Required fields are marked *