ကိုဗစ် လူနာ နဲ့ အိမ်မှာ ဘယ်လိုနေမလဲ ??

Posted on

ကိုဗစ် လူနာကို ခုက အိမ်မှာထား ပြီး ပြုစုရတဲ့အေ နအ ထားဖြစ်လာပြီ။ ဒီတော့တခြား အိမ်သားတွေ မကူးဖို့ဆို စပြီး နှာစေး ၊ ချောင်းဆိုး ၊ ဖျား တခုခု စတာနဲ့ Covid လို့မှတ်။ မိုးမိတာတွေ ဘာတွေ မပြောပါနဲ့ ။Covid ပဲ။ ခွဲနေပါ။

ဘယ်လောက်ခွဲနေရမလဲ……နှစ်ပတ် ‼️

ကြားထဲမှာ သက်သာသွားလို့တို့ ဘာတို့မလုပ်ပါနဲ့။ သက်သာပြီး လေးငါးရက်နေရင်အနံ့ ပျောက်ရင်ပျောက် ၊ မပျောက်ရင် ဝမ်းလျှော ၊ ချောင်းဆိုး ၊ အောက်ဆီဂျင်ကျတွေ ဖြစ်လာရော။ အဲ့ကျ တအိမ်လုံးကူးပြီးပြီ။ ကိုဗစ်က မာယာ များတယ်။

ကိုယ့်ကြောင့် ကိုယ့်မိသားစု တွေ ထိခိုက်ခံနိုင်ရင်တော့ သဘောပါ အခန်းသီးသန့် ခွဲ နေရမယ်။ အခန်းထဲက အပြင်ထွက်ရင် Mask တပ်ကို တပ်ရမယ်။ ထမင်းစားရင် အခန်းထဲမှာပဲ စားရမယ်။

စားပြီးသား ပန်းကန်တွေကို ကိုယ့်ဟာကို ဆေးရင်ဆေး၊ မဆေးရင် အခန်းထဲမှာ ဆပ်ပြာ ဇလုံထဲ ထည့်ထား.. .ပြီးမှ….တခြား လူကို …ဆေးခိုင်းပါ ရေချိုးခန်းနဲ့ အိမ်သာက အခန်းထဲ ရှိရင်ကောင်းတယ်။ မရှိရင် ရေချိုး ခန်းနဲ့ အိမ်သာ သွားရင် သတိထားပါ

အိမ်သာသွားရင် Mask တပ် ‼️ ရေချိုးရင်….. ****တံတွေး မထွေးရ**** ‼️ ****သလိပ်မဟပ်ထုတ်ရ****‼️ တံတွေး ထွေးခြင်း သလိပ်ဟပ်ခြင်းကို အခန်းထဲ ရောက်မှ လုပ်။

ပြီးရင် သလိပ်တံထွေးကို အဖုံးပါတဲ့ ဗူးနဲ့ ထွေး ပြန်ဖုံးထား။ ဖြစ်နိုင်ရင် အဲ့ သလိပ် တံထွေး တွေကို…. အိမ်သာအိုးထဲ ကိုယ်တိုင်သွန်ပြီး ပိုးသတ်ဆေး ဖြန်းပါ။ ရေများများ သုံးပါ။ အရမ်းအရေးကြီးပါတယ်။

တစ်နာရီ ခန့် ကြာမှ အခြားလူ ဝင်ပါ။ လူနာနေသော အခန်းကို တခြားလူဝင်လျင် Mask တပ်ပါ။ ပြီးလျင် လက်ဆေးပါ။ ဂရုစိုက်ပါ။ တတ်နိုင်သ၍ မဝင်ပါနဲ့ ‼️ အားလုံးပြီးပြီ။ကောင်းပြီ။

၁၄ ရက်ပြည့်ပြီဆိုလျှင် အခန်းကို ပိုးသတ်သင့်ပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမဲ့အချိန် မို့ မဖြစ်အောင်နေပါ။ ဖြစ်လာရင် မကူးအောင်နေပါ။ Credit: Original Post🙏

Zawgyi Version

ကိုဗစ္ လူနာ နဲ႔ အိမ္မွာ ဘယ္လိုေနမလဲ ??

ကိုဗစ္ လူနာကို ခုက အိမ္မွာထား ၿပီး ျပဳစုရတဲ့ေအ နအ ထားျဖစ္လာၿပီ။ ဒီေတာ့တျခား အိမ္သားေတြ မကူးဖို႔ဆို စၿပီး ႏွာေစး ၊ ေခ်ာင္းဆိုး ၊ ဖ်ား တခုခု စတာနဲ႔ Covid လို႔မွတ္။ မိုးမိတာေတြ ဘာေတြ မေျပာပါနဲ႔ ။Covid ပဲ။ ခြဲေနပါ။

ဘယ္ေလာက္ခြဲေနရမလဲ……ႏွစ္ပတ္ ‼️

ၾကားထဲမွာ သက္သာသြားလို႔တို႔ ဘာတို႔မလုပ္ပါနဲ႔။ သက္သာၿပီး ေလးငါးရက္ေနရင္အနံ့ ေပ်ာက္ရင္ေပ်ာက္ ၊ မေပ်ာက္ရင္ ဝမ္းေလၽွာ ၊ ေခ်ာင္းဆိုး ၊ ေအာက္ဆီဂ်င္က်ေတြ ျဖစ္လာေရာ။ အဲ့က် တအိမ္လုံးကူးၿပီးၿပီ။ ကိုဗစ္က မာယာ မ်ားတယ္။

ကိုယ့္ေၾကာင့္ ကိုယ့္မိသားစု ေတြ ထိခိုက္ခံနိုင္ရင္ေတာ့ သေဘာပါ အခန္းသီးသန႔္ ခြဲ ေနရမယ္။ အခန္းထဲက အျပင္ထြက္ရင္ Mask တပ္ကို တပ္ရမယ္။ ထမင္းစားရင္ အခန္းထဲမွာပဲ စားရမယ္။

စားၿပီးသား ပန္းကန္ေတြကို ကိုယ့္ဟာကို ေဆးရင္ေဆး၊ မေဆးရင္ အခန္းထဲမွာ ဆပ္ျပာ ဇလုံထဲ ထည့္ထား.. .ၿပီးမွ….တျခား လူကို …ေဆးခိုင္းပါ ေရခ်ိဳးခန္းနဲ႔ အိမ္သာက အခန္းထဲ ရွိရင္ေကာင္းတယ္။ မရွိရင္ ေရခ်ိဳး ခန္းနဲ႔ အိမ္သာ သြားရင္ သတိထားပါ

အိမ္သာသြားရင္ Mask တပ္ ‼️ ေရခ်ိဳးရင္….. ****တံေတြး မေထြးရ**** ‼️ ****သလိပ္မဟပ္ထုတ္ရ****‼️ တံေတြး ေထြးျခင္း သလိပ္ဟပ္ျခင္းကို အခန္းထဲ ေရာက္မွ လုပ္။

ၿပီးရင္ သလိပ္တံေထြးကို အဖုံးပါတဲ့ ဗူးနဲ႔ ေထြး ျပန္ဖုံးထား။ ျဖစ္နိုင္ရင္ အဲ့ သလိပ္ တံေထြး ေတြကို…. အိမ္သာအိုးထဲ ကိုယ္တိုင္သြန္ၿပီး ပိုးသတ္ေဆး ျဖန္းပါ။ ေရမ်ားမ်ား သုံးပါ။ အရမ္းအေရးႀကီးပါတယ္။

တစ္နာရီ ခန႔္ ၾကာမွ အျခားလူ ဝင္ပါ။ လူနာေနေသာ အခန္းကို တျခားလူဝင္လ်င္ Mask တပ္ပါ။ ၿပီးလ်င္ လက္ေဆးပါ။ ဂ႐ုစိုက္ပါ။ တတ္နိုင္သ၍ မဝင္ပါနဲ႔ ‼️ အားလုံးၿပီးၿပီ။ေကာင္းၿပီ။

၁၄ ရက္ျပည့္ၿပီဆိုလၽွင္ အခန္းကို ပိုးသတ္သင့္ပါတယ္။ ကိုယ့္ၾကမၼာကိုယ္ဖန္တီးရမဲ့အခ်ိန္ မို႔ မျဖစ္ေအာင္ေနပါ။ ျဖစ္လာရင္ မကူးေအာင္ေနပါ။ Credit: Original Post🙏

Leave a Reply

Your email address will not be published.