ကိုယ့်ရဲ့ သားသမီးတွေကို ချစ်ရာမရောက် နှစ်ရာရောက်စေနိုင်တဲ့ အချက် (၅) ချက်

Posted on

သားသ မီးကို သူများထက် ကော င်းအောင် ထားနိုင် တယ်ဆိုပြီး ဂုဏ်တ က်နေကြသူများ ၊ကိုယ့် ကလေးကို ထိရင် ဆရာ၊ ဆရာမပါ မကျန် ဆတ်ဆတ်ထိ မခံဘူးဟေ့လို့ ကြွေးေြ ကာ်နေသူများ ၊ခြေမွှေးမီး မလောင် လက်မွှေးမီးမေ လာင်ထားနိုင် တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ

သားသမီးကို ပိုးမွေး သလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ ၊ကိုယ့်သား သမီးများကို ချစ်ရာမရောက်၊ နှစ်ရာရော က်နေသလား ဆိုတာကို မိဘများ စမ်းစစ်နိုင်ဖို့အတွက် ဒီစာလေးကို မျှဝေလိုက်ပါတယ်။

၁။ အထူး အခွင့် အရေး ပေးလွန်းခြင်း –

အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့် အရေးပေးထား တတ်ပါတယ်။ဒါ သားသားေ လးစားဖို့၊ ဒါ မီးမီးတစ်ယော က်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မ ရအောင် တားဆီးထား ပါတယ်။ ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်း ပတာ အရေးမကြီးဘူး၊

ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ၊ ဒီလိုမိသားစုအ တွင်းမှာရှိတဲ့ ခွင့်ထူးခံ သားသမီးများ ဟာ အတ္တလွ န်ကဲလာမှာဖြစ် ပါတယ်။သူများကို ကိုယ်ချင်းမစာတတ်တော့ဘူး၊ ဂရုလည်း မစိုက်တတ်တော့ဘူး၊ “ငါမှငါ” ဖြစ်ဖို့ သေချာသ လောက် ဖြစ်ပါတယ်။

၂။ အကာအကွယ် လွန်ကဲခြင်း –

တစ်ခုခု မှားလို့ ဖေဖေက ဆုံးမတော့မယ်၊ မေမေက ချက်ချ င်းကာဆီးကာဆီးလုပ်တယ်။ မေမေက ဆုံးမတော့မယ်။ ဖိုးဖိုးဖွားဖွားက ချက်ချင်းကာကွယ်ပေးတယ်။“ ကလေးပဲ၊ သူဘာနားလည်မှာလဲ၊ သူကြီးလာရင် လိမ်မာမှာပါ။” ဒီလိုကလေးမျိုး ကြီးလာရင် ဘယ်လိုအဆင်ပြေနိုင်မလဲ။

ငယ်ငယ်ကတည်းက အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ ဖေဖေက မှားတယ်ပြောလိုက်၊မေမေက ကာကွယ်လိုက်၊ မေမေက မှားတယ်ပြောရင် ဖွားဖွားက ကာကွယ်လိုက်နဲ့ ကလေးအတွက် ဘာလုပ်လုပ် အမှန်ချည်းပဲ။ ကလေးကို ဒီလိုပျိုးထောင်ရင် နောင်ကလေးကြီးလာတဲ့အခါ ရာဇဝတ်မူ ကျူးလွန်တဲ့အထိ လွန်ကဲသွားတတ်ပါတယ်။ ဆင် ခြင်ပါလေ။

၃။ ဂရုစိုက် လွန်ကဲခြင်း –

တစ်မိသားစုလုံးက သူ့ကိုဝိုင်းထားတယ်။ သူတစ်ခုခု လုပ်တတ်ပြီဆိုရင် တစ်အိမ်သားလုံးက ဝိုင်းချီးကျူးတယ်။လက်ခုပ်တီးပေးတယ်။ ရေဆိုရင်ရေ၊ ထမင်းဆိုရင် ထမင်းချက်ချင်းရှေ့ ရောက်လာတယ်။ စားပြီးရင် ချက်ချင်းသိမ်းဆည်းပေးတဲ့လူရှိတယ်။ ဘာအဝတ်ဝတ်ချင်သလဲ၊ ပြောလိုက်ရုံနဲ့ ချက်ချင်းအနီးရောက်လာတယ်။ကလေးကိုယ်တိုင် လက်မပါတဲ့အတိုင်းပဲ။

ဆယ်တန်းဖြေတဲ့ကလေးကို ထမင်းခွံ့ကျွေးတာ ကျွန်တော်မြင်ဖူးတယ်။ ဒီလိုမျိုးကလေးများဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ကြတယ်။ ပြင်ပလောက ရောက်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ခုခုလုပ်ရင် အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ပညာထူးချွန်လို့ ကျောင်းပြီးသွားရင်လည်း ဘာမှ အရည်အချင်းမရှိသူများဖြစ်တတ်ကြတယ်။

၄။ အလိုလိုက် လွန်ကဲခြင်း –

သူဘာလိုချင်လိုချင်း ဝယ်ပေးတယ်။ မျက်နာမငယ်အောင်ဆိုပြီး မုန့်ဖိုးအများကြီးပေးတယ်။ ကလေးကလည်း လိုချင်တာအားလုံး ရမှန်းသိတော့ တစ်ခုခု မရရင် ချက်ချင်းဆန္ဒပြတယ်။အော်ငိုတယ်။ မြေလူးတယ်။ လူကြီးကလည်း ချက်ချင်းဝယ်ပေး လိုက်တယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှ တန်ဖိုးမထားတတ်တော့ဘူး။ ပစ္စည်းကိုလည်း မသိမ်းဆည်းတတ်တော့ဘူး။ ရှောက်ပစ်တယ်။ မေ့လွယ်တယ်။ ပျောက်သွားရင် ထပ်ဝယ်လို့ရမှန်းသိတယ်။ ပိုက်ဆံအသုံးအဖြုန်းကြီးတယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှတန်ဖိုးမ ထားတတ်တော့ ပျော်ရွှင်မူ ကင်းနေတတ်တယ်။ “ လိုတရ ” ဖြစ်နေတော့ ဘာကိုမှ ကြိုးကြိုးစားစား မလုပ်ချင်တော့ဘူး။အပင်ပမ်းမခံနိုင်ဘူး။ ဘာကိုမှလည်း တန်ဖိုးမထားတတ်ဘူး၊ အရွယ်သာ တဖြည်းဖြည်းကြီးသွားမယ်။ ဘာမှ မယ်မယ်ရရ အလုပ်ဖြစ်မဲ့ လူစားမျိုး မဟုတ်နိုင်ဘူး။

၅။ အသဲ လွန်ကဲခြင်း –

ကလေးဆို တာ ဆော့တတ်တဲ့ သဘာ ဝရှိတယ်။ ထိမိခိုက်မိတတ်တဲ့ သဘာဝရှိတယ်။ ကလေးက ဆော့ရင်းနဲ့ လမ်းဘေးသစ်ပင်တိုက်မိတော့ သစ်ပင်ခုတ်ပစ်ချင်တဲ့ မိဘတွေ့ဖူးပါတယ်။ ကလေးများ ဆော့ကစားရင်းနဲ့ ချော်လဲတတ် ပါတယ်။ မှန်ကန်တဲ့နည်းလမ်းက ကလေးကိုယ့်ကိုယ်ကို ပြန်ထခို င်းရပါတယ်။

အဲဒီလိုမဟုတ်ပဲ နည်းနည်းချော်လဲ လိုက်တာနဲ့ လိုက်ထူပေး၊ နည်းနည်း ထိမိရှမိတာနဲ့ ဘေးကို အပြစ်ရှာနေမယ်ဆိုရင် ကလေးကြီးလာရင် ဘာကိုမှ တာဝန်မယူရဲတေ့ာပါ။ဒီလို အသဲလွန်မိသားစု မှပေါက်ဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် ပျော့အိနေတတ်တယ်။ နည်းနည်းလေးမှ စိတ်အနောက်မယှက် ခံနိုင်စွမ်းမရှိတတ်ဘူး။နောင်ကလေးကြီးလာရင် ပညာ ရှာရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတဲ့နေရာမှာဖြစ်ဖြစ် တစ်ခုခု အခက်အခဲေ တွ့သွားရင် နှလန်မထူနိုင်ေ တာ့ပါ။

အခက်အခဲ နည်းနည်းလေးေ တွ့ရုံနဲ့ ရေးကြီးခွင်ကျယ် လုပ်ပြီး တွန့်ဆုတ်ေ နပါတော့တယ်။ လူဆိုတာ သဘာဝလောကကြီးအတွင်းမှာရှိတဲ့ သတ္တဝါဖြစ်တဲ့အလျှောက် ကလေးကို သူ့အရွယ်နဲ့ သူ့သဘာ၀ အလျှောက် ကြီးပြင်းစေတာ မှန်ကန်တဲ့နည်းလ မ်းဖြစ်ပါ တယ်။ သူငယ်ချင်းဇနီးမောင်နှံ သူတို့ရဲ့ မွေးကင်းစကလေး ကို ကျွန်တော်ကို လာပြပါတယ်။

ကလေးငိုရင် ဘယ်လိုလုပ်မလဲလို့လည်း မေးပါတယ်။ ငိုတာလည်း ကလေးကျန်းမာေ ရးအတွက် ကောင်းတယ်။ အကြာကြီးငို တာမျိုးမဟုတ်ရင် သင့်တော်တဲ့ အငိုတော့ ခွင့်ပြုရမယ်လို့ ပြန်ပြောလိုက်ပါတယ်။

ထိုန ည်းတူပါပဲ၊ ကလေးတွားသွားသင့် တဲ့အချိန်မှာ တွားသွား ခွင့်ပေးရမယ်။ လမ်းလျှောက်သင် တဲ့အခါ ချော်လဲခွင့်ပြုရမယ်။ အပြင်မှာ ရောင်းတဲ့ လမ်းလျှောက်လှည်းမျိုးနဲ့ လမ်းလျှော က်သင်စေတာမျိုး မပြုလုပ်သင့်ပါ။

Zawgyi Version

သားသ မီးကို သူမ်ားထက္ ေကာ င္းေအာင္ ထားနိုင္ တယ္ဆိုၿပီး ဂုဏ္တ က္ေနၾကသူမ်ား ၊ကိုယ့္ ကေလးကို ထိရင္ ဆရာ၊ ဆရာမပါ မက်န္ ဆတ္ဆတ္ထိ မခံဘူးေဟ့လို႔ ေႂကြးေၾ ကာ္ေနသူမ်ား ၊ေျခေမႊးမီး မေလာင္ လက္ေမႊးမီးမေ လာင္ထားနိုင္ တာကို ဂုဏ္ယူပီတိ ျဖစ္ေနၾကသူမ်ား

သားသမီးကို ပိုးေမြး သလို ေမြးျမဴတယ္ဆိုၿပီး ဟစ္ေႂကြးေနၾကသူမ်ား ၊ကိုယ့္သား သမီးမ်ားကို ခ်စ္ရာမေရာက္၊ ႏွစ္ရာေရာ က္ေနသလား ဆိုတာကို မိဘမ်ား စမ္းစစ္နိုင္ဖို႔အတြက္ ဒီစာေလးကို မွ်ေဝလိုက္ပါတယ္။

၁။ အထူး အခြင့္ အေရး ေပးလြန္းျခင္း –

အခ်ိဳ႕ မိသားစုမ်ားဟာ အခ်ိဳ႕ သားသမီးမ်ားကို အထူးအခြင့္ အေရးေပးထား တတ္ပါတယ္။ဒါ သားသားေ လးစားဖို႔၊ ဒါ မီးမီးတစ္ေယာ က္တည္းအတြက္ စသည္ျဖင့္ သတ္မွတ္ထားၿပီး အျခားသူမ်ား ထိလို႔မ ရေအာင္ တားဆီးထား ပါတယ္။ ဖိုးဖိုး ဖြားဖြား ေမြ႕ေန႕ က်င္းပတာ မက်င္း ပတာ အေရးမႀကီးဘူး၊

ဒီေျမးဦးေလးအတြက္ ကိတ္မူန့္ဆို အႀကီးႀကီးမွ၊ လက္ေဆာင္ဆို အေကာင္းဆုံးမွ၊ ဒီလိုမိသားစုအ တြင္းမွာရွိတဲ့ ခြင့္ထူးခံ သားသမီးမ်ား ဟာ အတၱလြ န္ကဲလာမွာျဖစ္ ပါတယ္။သူမ်ားကို ကိုယ္ခ်င္းမစာတတ္ေတာ့ဘူး၊ ဂ႐ုလည္း မစိုက္တတ္ေတာ့ဘူး၊ “ငါမွငါ” ျဖစ္ဖို႔ ေသခ်ာသ ေလာက္ ျဖစ္ပါတယ္။

၂။ အကာအကြယ္ လြန္ကဲျခင္း –

တစ္ခုခု မွားလို႔ ေဖေဖက ဆုံးမေတာ့မယ္၊ ေမေမက ခ်က္ခ် င္းကာဆီးကာဆီးလုပ္တယ္။ ေမေမက ဆုံးမေတာ့မယ္။ ဖိုးဖိုးဖြားဖြားက ခ်က္ခ်င္းကာကြယ္ေပးတယ္။“ ကေလးပဲ၊ သူဘာနားလည္မွာလဲ၊ သူႀကီးလာရင္ လိမ္မာမွာပါ။” ဒီလိုကေလးမ်ိဳး ႀကီးလာရင္ ဘယ္လိုအဆင္ေျပနိုင္မလဲ။

ငယ္ငယ္ကတည္းက အမွားအမွန္မခြဲျခားတတ္ေတာ့ဘူးေလ၊ ေဖေဖက မွားတယ္ေျပာလိုက္၊ေမေမက ကာကြယ္လိုက္၊ ေမေမက မွားတယ္ေျပာရင္ ဖြားဖြားက ကာကြယ္လိုက္နဲ႕ ကေလးအတြက္ ဘာလုပ္လုပ္ အမွန္ခ်ည္းပဲ။ ကေလးကို ဒီလိုပ်ိဳးေထာင္ရင္ ေနာင္ကေလးႀကီးလာတဲ့အခါ ရာဇ၀တ္မူ က်ဴးလြန္တဲ့အထိ လြန္ကဲသြားတတ္ပါတယ္။ ဆင္ ျခင္ပါေလ။

၃။ ဂ႐ုစိုက္ လြန္ကဲျခင္း –

တစ္မိသားစုလုံးက သူ႕ကိုဝိုင္းထားတယ္။ သူတစ္ခုခု လုပ္တတ္ၿပီဆိုရင္ တစ္အိမ္သားလုံးက ဝိုင္းခ်ီးက်ဴးတယ္။လက္ခုပ္တီးေပးတယ္။ ေရဆိုရင္ေရ၊ ထမင္းဆိုရင္ ထမင္းခ်က္ခ်င္းေရွ႕ ေရာက္လာတယ္။ စားၿပီးရင္ ခ်က္ခ်င္းသိမ္းဆည္းေပးတဲ့လူရွိတယ္။ ဘာအ၀တ္၀တ္ခ်င္သလဲ၊ ေျပာလိုက္႐ုံနဲ႕ ခ်က္ခ်င္းအနီးေရာက္လာတယ္။ကေလးကိုယ္တိုင္ လက္မပါတဲ့အတိုင္းပဲ။

ဆယ္တန္းေျဖတဲ့ကေလးကို ထမင္းခြံ႕ေကြၽးတာ ကြၽန္ေတာ္ျမင္ဖူးတယ္။ ဒီလိုမ်ိဳးကေလးမ်ားဟာ ကိုယ့္ကိုယ္ကို ဗဟိုျပဳတတ္ၾကတယ္။ ျပင္ပေလာက ေရာက္ရင္ ေျခမကိုင္မိ၊ လက္မကိုင္မိ၊ တစ္ခုခုလုပ္ရင္ အိုးနင္းခြက္နင္းျဖစ္တတ္တယ္။ပညာထူးခြၽန္လို႔ ေက်ာင္းၿပီးသြားရင္လည္း ဘာမွ အရည္အခ်င္းမရွိသူမ်ားျဖစ္တတ္ၾကတယ္။

၄။ အလိုလိုက္ လြန္ကဲျခင္း –

သူဘာလိုခ်င္လိုခ်င္း ၀ယ္ေပးတယ္။ မ်က္နာမငယ္ေအာင္ဆိုၿပီး မုန့္ဖိုးအမ်ားႀကီးေပးတယ္။ ကေလးကလည္း လိုခ်င္တာအားလုံး ရမွန္းသိေတာ့ တစ္ခုခု မရရင္ ခ်က္ခ်င္းဆႏၵျပတယ္။ေအာ္ငိုတယ္။ ေျမလူးတယ္။ လူႀကီးကလည္း ခ်က္ခ်င္း၀ယ္ေပး လိုက္တယ္။

ဒီလိုကေလးမ်ိဳးဟာ ဘာကိုမွ တန္ဖိုးမထားတတ္ေတာ့ဘူး။ ပစၥည္းကိုလည္း မသိမ္းဆည္းတတ္ေတာ့ဘူး။ ေရွာက္ပစ္တယ္။ ေမ့လြယ္တယ္။ ေပ်ာက္သြားရင္ ထပ္၀ယ္လို႔ရမွန္းသိတယ္။ ပိုက္ဆံအသုံးအျဖဳန္းႀကီးတယ္။

ဒီလိုကေလးမ်ိဳးဟာ ဘာကိုမွတန္ဖိုးမ ထားတတ္ေတာ့ ေပ်ာ္႐ႊင္မူ ကင္းေနတတ္တယ္။ “ လိုတရ ” ျဖစ္ေနေတာ့ ဘာကိုမွ ႀကိဳးႀကိဳးစားစား မလုပ္ခ်င္ေတာ့ဘူး။အပင္ပမ္းမခံနိုင္ဘူး။ ဘာကိုမွလည္း တန္ဖိုးမထားတတ္ဘူး၊ အ႐ြယ္သာ တျဖည္းျဖည္းႀကီးသြားမယ္။ ဘာမွ မယ္မယ္ရရ အလုပ္ျဖစ္မဲ့ လူစားမ်ိဳး မဟုတ္နိုင္ဘူး။

၅။ အသဲ လြန္ကဲျခင္း –

ကေလးဆို တာ ေဆာ့တတ္တဲ့ သဘာ ၀ရွိတယ္။ ထိမိခိုက္မိတတ္တဲ့ သဘာ၀ရွိတယ္။ ကေလးက ေဆာ့ရင္းနဲ႕ လမ္းေဘးသစ္ပင္တိုက္မိေတာ့ သစ္ပင္ခုတ္ပစ္ခ်င္တဲ့ မိဘေတြ႕ဖူးပါတယ္။ ကေလးမ်ား ေဆာ့ကစားရင္းနဲ႕ ေခ်ာ္လဲတတ္ ပါတယ္။ မွန္ကန္တဲ့နည္းလမ္းက ကေလးကိုယ့္ကိုယ္ကို ျပန္ထခို င္းရပါတယ္။

အဲဒီလိုမဟုတ္ပဲ နည္းနည္းေခ်ာ္လဲ လိုက္တာနဲ႕ လိုက္ထူေပး၊ နည္းနည္း ထိမိရွမိတာနဲ႕ ေဘးကို အျပစ္ရွာေနမယ္ဆိုရင္ ကေလးႀကီးလာရင္ ဘာကိုမွ တာ၀န္မယူရဲေတ့ာပါ။ဒီလို အသဲလြန္မိသားစု မွေပါက္ဖြားလာတဲ့ ကေလးဟာ မ်ားေသာအားျဖင့္ ေပ်ာ့အိေနတတ္တယ္။ နည္းနည္းေလးမွ စိတ္အေနာက္မယွက္ ခံနိုင္စြမ္းမရွိတတ္ဘူး။ေနာင္ကေလးႀကီးလာရင္ ပညာ ရွာရာမွာျဖစ္ျဖစ္၊ အလုပ္လုပ္တဲ့ေနရာမွာျဖစ္ျဖစ္၊ အိမ္ေထာင္ျပဳတဲ့ေနရာမွာျဖစ္ျဖစ္ တစ္ခုခု အခက္အခဲေ တြ႕သြားရင္ ႏွလန္မထူနိုင္ေ တာ့ပါ။

အခက္အခဲ နည္းနည္းေလးေ တြ႕႐ုံနဲ႕ ေရးႀကီးခြင္က်ယ္ လုပ္ၿပီး တြန့္ဆုတ္ေ နပါေတာ့တယ္။ လူဆိုတာ သဘာဝေလာကႀကီးအတြင္းမွာရွိတဲ့ သတၱဝါျဖစ္တဲ့အေလွ်ာက္ ကေလးကို သူ႕အ႐ြယ္နဲ႕ သူ႕သဘာ၀ အေလွ်ာက္ ႀကီးျပင္းေစတာ မွန္ကန္တဲ့နည္းလ မ္းျဖစ္ပါ တယ္။ သူငယ္ခ်င္းဇနီးေမာင္ႏွံ သူတို႔ရဲ႕ ေမြးကင္းစကေလး ကို ကြၽန္ေတာ္ကို လာျပပါတယ္။

ကေလးငိုရင္ ဘယ္လိုလုပ္မလဲလို႔လည္း ေမးပါတယ္။ ငိုတာလည္း ကေလးက်န္းမာေ ရးအတြက္ ေကာင္းတယ္။ အၾကာႀကီးငို တာမ်ိဳးမဟုတ္ရင္ သင့္ေတာ္တဲ့ အငိုေတာ့ ခြင့္ျပဳရမယ္လို႔ ျပန္ေျပာလိုက္ပါတယ္။

ထိုန ည္းတူပါပဲ၊ ကေလးတြားသြားသင့္ တဲ့အခ်ိန္မွာ တြားသြား ခြင့္ေပးရမယ္။ လမ္းေလွ်ာက္သင္ တဲ့အခါ ေခ်ာ္လဲခြင့္ျပဳရမယ္။ အျပင္မွာ ေရာင္းတဲ့ လမ္းေလွ်ာက္လွည္းမ်ိဳးနဲ႕ လမ္းေလွ်ာ က္သင္ေစတာမ်ိဳး မျပဳလုပ္သင့္ပါ။

Leave a Reply

Your email address will not be published. Required fields are marked *