ကိုယ်တွေဆီက အထူးကုဆေးရုံတွေထက်ကောင်းနေတဲ့ ဘန်ကောက်က အစိုးရဆေးရုံ (လမ်းညွှန် ထည့်ပေးထားပါတယ်)
Posted on
ဘန်ကောက်က အစိုးရဆေးရုံတဲ့ ကိုယ်တွေဆီက အထူးကုဆေးရုံတွေထက်ကောင်းနေသလို 😁😁 ဘုရင့်သမီးတော် အငယ်ဆုံးလေးဖွင့်ထားပေးတာတဲ့
ဈေးကတော့ ဘန်ကောက်က ပုပ္ပလိက ဆေးရုံတွေနဲ့ (၁၀)ပုံ (၁)ပုံပဲ ကျတယ်။ (ကိုယ်တွေ့) အမေဆို ဆေးရုံမှာ (၂)ညအိပ်၊ ကင်ဆာဆေးသွင်းမှ မြန်မာငွေ (၈)သိန်းပဲကျတယ် (တခြား ဘန်ကောက်က ပုပ္ပလိက ဆေးရုံမှာဆို ကင်ဆာ ကီမိုဆေး တစ်လုံးကို သိန်း (၄၀) ကနေ သိန်း (၈၀) အထိရှိတယ်… ဒါတောင်ဆေးရုံတက်ခ မပါသေးဘူးရယ်)
ကင်ဆာ ဟုတ်မဟုတ် အသားစ ထုတ်စစ်တာအပြင်ဆေးရုံမှာ တစ်ခါစစ် (၂၅) သိန်းအခု ဆေးရုံမယ် (၁) သိန်း မှ (၅) သိန်းPet CT ရိုက် အပြင်ဆေးရုံမှာ (၃၇)သိန်းဒီဆေးရုံမယ် (၉) သိန်းအပြင်ဆေးရုံမယ် အရေးပေါ် အခန်း တစ်ည သိန်း (၅၀) ဒီဆေးရုံမယ် (၁)သိန်း
အစိုးရဆေးရုံမို့လို့ ဟောက်လား၊ ဟိန်းလား ဆူညံ ညစ်ပတ်တာမျိုးမရှိဘူး။ နစ့်မလေးတွေက ပုပ္ပလိက ဆေးရုံကလိုပဲ ချိုချိုသာသာ၊ လှလှလေးတွေ။ တစ်ခုပဲ ဆေးရုံဂိုက်တော့ သီးသန့်ထပ်ငှါးရတယ်။ ကိုယ့်အလှည့်ပြဖို့ တန်းစီစောင့်ရတယ်။
ကိုယ်လဲ ပထမတုန်းက အပြင်ဆေးရုံပြနေတာ ပိုက်ဆံ မနိုင်တော့လို့ ဒီအစိုးရဆေးရုံပြောင်းလိုက်တာ တော်တော်မှန်သွားတယ်။ ဘုရင့်သမီးတော်ဆေးရုံမို့လို့ စက်တွေ၊ ဆေးတွေကလည်း အပြင်ဆေးရုံတွေနဲ့ ယှဉ်လို့ရတယ်။
အမေဆိုလေ ကီမို (၁)လုံးပဲ သွင်းရသေးတယ် သူ့လည်ပင်းက အကြိတ်ဆိုတာ တစ်ဝက်လောက်ပဲ ကျန်တော့တာ။ တော်တော် သိသာတယ်။ အမေကတော့ ပျော်လို့ပဲ … 😁😁ခုလိုဆေးရုံတက်ရရင် နာရီဝက်ခြား (၁)ခါ နစ့်မလေးတွေ လာစစ်တယ်။ တနေ့ကို ထမင်း (၃)နပ်နဲ့ အစာပြေ (၁)နပ်ကျွေးသေးတယ်။
ကိုယ်ကတော့ ကိုယ်တွေလို မတတ်နိုင်တဲ့သူတွေ၊ ကင်ဆာကေစ့် ကြီးရင်၊ ဘန်ကောက်မှာ ဆေးကုချင်ရင် ဒီကိုပဲ လာပါပြောတာပဲ။ ကင်ဆာက ရေရှည်ကုရမယ့်ရောဂါ မှာ စတည်းက နင့်ကနဲ ငွေကုန်ရင် မိသားစုလဲ အရမ်း ပင်ပန်းတယ်။ လူနာလည်း မိသားစုကို ပိုအားနာရတယ်။ ခေတ်ဆေးဝါးတွေကောင်းလို့ ရောဂါတော့ ပျောက်ပါပြီရဲ့ အကုန်ချွတ်ချုံကျဆိုရင်တော့ မသက်သာဘူးလေနော့ … 😁😁😁
တကယ်လို့ ကင်ဆာ case ကြီးတယ်၊ ဘန်ကောက်မှာ ကုချင်တယ်၊ ငွေအရမ်းကြီး မနိုင်ဘူးဆို ဒီမှာ တော်တော် အဆင်ပြေပါတယ်။ စိတ်လဲ ချမ်းသာရတယ်။ မလုပ်တတ်ဘူးဆိုလည်း ကိုယ့်ကိုသာ လာပြောပါ။ ကူညီနိုင်သလောက် ကူညီပေးပါ့မယ် မိသားစုဝင်တွေကို ကိုယ်ချင်းစာလို့ပါ ….. 🙏🏼🙏🏼🙏🏼
Edit – အခု Chulabhorn ဆေးရုံက ကင်ဆာ အထူးကုပုံစံမျိုးပါ
ဆေးစစ်တာ၊ အထွေထွေစစ်တာတော့ ရပါတယ်။ အသိ အမတစ်ယောက် ဆိုရင်လည်း သားအိမ်ရောဂါမှာ ရန်ကုန်မှာကျ သားအိမ်ထုတ်ရမယ်ပြောလို့ ဒီဆေးရုံမှာပဲ ကုတာ သားအိမ်ပဲ ခြစ်လိုက်ရတယ်တဲ့။ ကောင်းသွားပြီတဲ့။ (ကျန်တဲ့ရောဂါကျ သေချာမသိလို့ပါ)
တခြားရောဂါတွေဆို ဘုရင့် သမီးတော်ကြီး ဆေးရုံ၊ ဘုရင့် ဆေးရုံ Chulalongkorn ဆေးရုံတွေလည်း ကောင်းပါတယ်။ မနေ့ကပိုစ့်ကြောင့် လာမေးတဲ့သူတွေကို တစ်ယောက်ချင်းစီ မဖြေနိုင်မှာစိုးလို့ Group လုပ်လိုက်ပါတယ် ဒီ Group ထဲဝင် Join လို့ရပါတယ်
https://www.facebook.com/groups/560693111184726/?ref=share
📌Chulabhorn ဆေးရုံမှာ ဆေးကုချင်တဲ့ သူတွေအတွက် လမ်းညွှန်ပါ
https://www.facebook.com/groups/560693111184726/permalink/561506824436688/
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *