ကိုယ်ဝန် လရင့်လာတာနဲ့အမျှ သမီးလေးရဲ့ထိတွေ့မှုကြောင့် ညဘက်အိပ်ရေးတွေပျက်နေရတဲ့အကြောင်းပြောပြလာတဲ့ အိမ့်ချစ်

Posted on

အဆိုတော် အိမ့်ချစ် ကတော့ သီချင်းဆို ကောင်းပြီး ဖော်ရွေတတ်သူ တစ်ယောက် အဖြစ် ပရိသတ် တွေကြားမှာ ကောင်းသတင်းမွှေးသူ ဖြစ်ပါတယ်။ အိမ့်ချစ် ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ သူမရဲ့ ချစ်သူနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီ ဖြစ်ပြီး အခု ဆိုရင် အိမ်ထောင်ရှင် အမျိုးသမီး အဆိုတော် အဖြစ် ရပ်တည် နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ့်ချစ်ဟာ သူမရဲ့ ပထမဦးဆုံး ရင်သွေးလေးကို လွယ်ဆောင် နေတာပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင် တစ်ယောက် ဖြစ်တာနဲ့ အမျှ သမီးလေးရဲ့ ထိတွေ့မှုတွေ ခံစားနေရပြီ ဖြစ်တဲ့ အကြောင်း အိမ့်ချစ်က အခုလိုပဲ ပြောလာ ပါတယ်။ “Pregnancy 31 weeks 🌸 ခုဆို ဗိုက်ထဲ မှာ Amara လေး တိုးလွန်းလို့ အိပ်ရေးတွေ စပျက် နေပါပြီ။ ညညတွေ ဆိုလဲ ဗိုက်ဆာတာမှတအား 😁 ခြေဆစ်လက်ဆစ်လေးတွေလဲ ကိုက်လာတယ် 😑 ကံကောင်းတာ တစ်ခု ကတော့ ကိုယ်ဝန်စရှိ ကတည်းက အရမ်းဝပြီး ဖောသွပ် မလာတာပဲ ကိုယ်အလေးချိန်က တော့တက် ပါတယ်။

ကိုယ့်မှာ မဝလို့ ကလေးထွားရဲ့ လားဆိုက်ကို ဖြစ်နေ ပေမယ့် Amara လေးက ကိုယ်ဝန် ၃၁ပတ်မှာ ၃ပေါင် ၁ဝအောင်စ ဖြစ်နေပြီ ဒါပုံမှန် ပဲလို့ OG ကပြောမှပဲ စိတ်ချမ်းသာရ ❤️ 31 weeks ရဲ့ အမှတ်တရ များ 👼🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသား လာပါတယ်။ အိမ့်ချစ် ကတော့ သမီးလေးကြောင့် အိပ်ရေးတွေ ပျက်ပြီး ပင်ပန်းလာ ပေမယ့် မကြာခင် လူ့လောကထဲ ရောက်ရှိ လာတော့မှာမို့ ပင်ပန်းသမျှ အမောတွေ ဖြေနေတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ် တစ်ယောက် သမီးလေးကို ကျန်းကျန်း မာမာနဲ့ မွေးဖွား နိုင်ပါ စေလို့ ဆုတောင်း ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.