ကိုယ်ဝယ်မည့် တိုက်ခန်း/မြေ အမျိုးအစား အလိုက် မဖြစ်မနေစစ်ဆေးရမည့် စာရွက်စာတမ်း ပုံစံများ

Posted on

အိမ်ခြံမြေဈေး ကွက်အ တွင်းမှာ မြေ၊ တိုက်ခ န်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအ စားအလိုက်စ စ်ဆေးရမယ့် စာရွက် စာတမ်းေ တွကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအ မျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတ မ်းတွေက အပြည့် အဝမတူညီနို င်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို တိုက်ဆိုင်စစ်ေ ဆးသင့်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဝယ် ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

– ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်”မှန် မမှန်၊ စစ် မစစ်” ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။

– ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာ ကတော့ မြို့သစ်ဘ က်တွေမှာ ချထားပေးတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။ – ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားေ ပးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင် ထားဖို့ လိုအပ်ပါ တယ်။ အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေး လိုက်တဲ့ပါ မစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီ ဝင်ပြီးသား ပါမစ် ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံ ဆိပ်တုံးလေး နဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်း မကွာဘူး ဆိုရင်တောင် ရာ တန်အကွက်ေ တွမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝ င်ရသေးလို့ပွဲပျက် တာတွေေ တာင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။

– ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက် – အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။

– လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ “လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း” ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ် ယာမြေကို လုပ်ကိုင်နေပြီး အခွန်စည်းကြ ပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အ င်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင် ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရ င်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။

– တချို့လယ်ယာမြေတွေက အခွန်ပြေစာ အပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ – မြေစာရင်းပုံစံ ၁၀၅ ဆိုတာ က မြေစာရင်းဌာန ကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက် နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက် အရမြေကွက် တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။

“လယ်ယာမြေကို စလစ်တ စ်ခုတည်းနဲ့ အရောင်းအဝယ် လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး” လို့ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။

– ယခုအချိန်မှာ လယ် ယာမြေကို အရပ် သဘောရော င်းဝယ်နေကြြ ပီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ် ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

– လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူ မယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ – ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်း အဝယ် ပြုလုပ်တဲ့ အခါမှာဆ က်စပ်စာချုပ် တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သ င့်ပါဘူး။ တိုက်ခန်း အရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့

– ဆက်စပ် စာချုပ်၊

– BCC (လူနေထိုင်ခွင့်)

– မြေ ရှင်လက်မှတ်

– ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။ အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင် တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်ေ တာ့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှ တ်တမ်းမှာ ပိုင်ရှင်အဖြစ်မှ တ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *