ကိုဝေလုရဲ့ မွန်မြတ်လွန်းလှတဲ့ ကွက်လပ်ဖြည့် အစီစဉ်လေးမှာ တန်ဖိုးရှိတဲ့အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ ဝေလာရီ

Posted on

ပရိသတ် ကြီးရေ ဝေလာရီ ကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲ တွေမှာ ပါဝင် သရုပ်ဆောင် ခဲ့ပြီး ပရိသတ် တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ပရိသတ် အချစ်တော် မင်းသမီးချောလေး တစ်လက်ပဲ ဖြစ်ပါတယ်။ ဝေလာရီ ကတော့ ရုပ်ကလေးလည်း လှသလို စိတ်ထား လေးကလည်း လှတဲ့ သူတစ်ယောက်ပါ။

လူကြီးမိဘ ဆရာသမားတွေ အပေါ်မှာလည်း သိတတ် လိမ္မာသလို ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်း တွေလည်း ရက်ရောစွာနဲ့ လှူဒါန်းလေ့ ရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ မနေ့က ဇွန်လ (၁)ရက်နေ့ လေးမှာလည်း ဝေလာရီက ကိုဝေလုရဲ့ ကွက်လပ်ဖြည့် အလှူအစီစဉ် လေးမှာ ပါဝင် လှူဒါန်းပေးခဲ့ ပါသေးတယ်။ အလှူလေးကတော့ မျက်စိအတု လိုအပ်နေတဲ့ သူတွေအတွက် မျက်စိ အတု လှူဒါန်းပေးတဲ့ အလှူလေးပဲ ဖြစ်ပါတယ်။

ဝေလာရီ ကတော့ ကုန်ကျစရိတ် အားလုံးကို လှူဒါန်း ပေးခဲ့တဲ့ အမြင် ဆေးခန်းအထိပါ သူကိုယ်တိုင် ကိုယ်ကျ လာရောက် လှူဒါန်းပေးခဲ့တာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဝေလာရီရဲ့ အလှူလေး ကတော့ တကယ်ကို မွန်မြတ် လွန်းလှတဲ့ ကွက်လပ်ဖြည့် အလှူလေးပဲ ဖြစ်ပါ တယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.