ကံ ကံ၏အကျိုး

Posted on

တစ်ခါတုန်းက…လူမိုက်တစ်ယောက်ဟာ ခရီးတစ်ခုကို ထွက်ခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက်လုံးတွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီးဖျက်ဆီးခဲ့တယ်တဲ့။ ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ်ခုနားကို ရောက်တဲ့အခါမှာ ချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။

ဒီလိုနဲ့ ခရီးဆက်ခဲ့တာ ရေအိုးစင်တစ်ခုကိုလည်း တွေ့ရောမောမောနဲ့ ရေသောက်ဖို့လုပ်တယ်။ ဖြစ်ချင်တော့… ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။ အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီးရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။

အဲဒီလိုနဲ့ ခရီးဆက်သွားရင်းညောင်ပင်ကြီးတစ်ပင်အောက်ကိုရောက်သွားပါတယ်။ အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီးအနားယူနေတဲ့ အချိန်မှာပဲရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။ လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။

ထိုနည်းတူစွာပဲ…

လူကောင်းတစ်ယောက်ကလည်းလူမိုက်ထွက်ခဲ့တဲ့ လမ်းခရီးအတိုင်း သွားခဲ့ပါတယ်။လမ်းခရီးတစ်လျှောက်လုံး ပျက်ဆီးသမျှတွေကိုပြုပြင်တယ်။ လူမိုက်ဖျက်ဆီးခဲ့တဲ့ တံတားနားကိုရောက်တဲ့အခါမှာ…

ဟင်…တံတားက ပျက်ဆီးနေပါလား။ငါဒီအတိုင်းထားခဲ့လိုက်ရင်ခရီးသွားပြည်သူတွေ ဒုက္ခရောက်မယ် ဆိုပြီးတံတားကိုပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်။ လူကောင်းလည်း ခရီးဆက်ထွက်ခဲ့ရာလူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့ရေအိုးအသစ်တစ်လုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ပြန်တယ်။

အဲဒီလိုနဲ့ ခရီးထွက်လာလိုက်တာလူမိုက်ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီးအောက်လည်းရောက်ရောမောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့အချိန်မှာပဲသစ်ပင်ပေါ်ကနေညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကိုကျကာပေါင်ကျိုးသွားခဲ့ပါတယ်။

အဲဒီတော့…လူကောင်းက…ငါဒီလောက် ကောင်းမှုကုသိုလ်တွေလုပ်နေရက်သားနဲ့ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲ လို့လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့အချိန်မှာပဲ သိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။

ပထမလာတဲ့ လူမိုက်သည်…အရင်ဘဝကကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာ ရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။ ဒါပေမဲ့…သူသည် အခုလက်ရှိဘဝမှာ မကောင်းမှုတွေလုပ်တာများတဲ့အတွက်ကြောင့်ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။

အသင်ဟာ အရင်ဘဝက…အကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့အချိန်မှာညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။ ဒါပေမဲ့…သင်သည် အခုလက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်းဖြစ်တယ်အသင်လူသား ဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် သူတော်ကောင်းတို့လည်း…ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲဖြစ်နေတယ် လို့ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။ ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်အခုလက်ရှိဘဝမှာမကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်းမမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။

အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင်နောင်လာမယ့်အနာဂါတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာ အသေအချာပါပဲနော်…မျှဝေလိုက်ပါသည်

Credit….

Leave a Reply

Your email address will not be published. Required fields are marked *