ဒီကနေ့ ခေတ်ကြီးထဲမှာ ကျနော်တို့လူငယ်တွေ အတု တကယ်ယူတတ်ကြဖို့ လိုပါတယ်….

Posted on

စိုင်းစိုင်းခမ်းလှိုင် MTV တစ်ခုမှာ စတိုင်ပင်ကို ခါးပတ်မပတ်ဘဲ ဝတ်ထားတာ သဘောကျလို့ လိုက်ဝတ်တယ်။ တောသားမြို့တက် လို့ ပြောခံလိုက်ရတယ်၊၊ ဖေ့စ်ဘွတ် တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို အားကျလို့ဆိုပြီး အလုပ်ကို တီရှပ်နဲ ဂျင်းဘောင်းဘီ ဝတ်သွားလိုက်တယ်။ မန်နေဂျာ ခေါ်သတိပေးတာ ခံလိုက်ရတယ်၊၊

ဦးကျော်သူကို အားကျလို့ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး လိုက်ထားတယ်။ အလုပ်အပ်ဖို့ စုံစမ်းတဲ့သူတွေ တစ်ယောက်မှ မလာတော့ဘူး၊၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ ပြည်သူတွေ ခုထိမမေ့နိုင်သေးတာကို ကြည့်ပြီး ကျန်းမာရေးဟောပြောပွဲမှာ “ခင်ဗျားတို့ကိုယ့်ကျန်းမာရေးမှ ကိုယ်ဂရုမစိုက်လို့ကတော့ အကုန်လုံး -ာသည်ရွာ ဖြစ်ကုန်မယ်”လို့ သွားပြောတယ်။ တစ်ရွာလုံး ဓါးမနဲ့ ထွက်ခုတ်လို့ မနည်းပြေးလာရတယ်၊၊

မှန်ပါတယ်၊၊

ဖန်ခွက်တစ်ခွက်ရဲ့ တန်ဖိုးဟာ အပြင်မှာ ခြယ်သထားတာတွေနဲ့ မဆိုင်ပါဘူး၊၊ အထဲထဲမှာ ရေသန့်သန့် ပါလာဖို့ကသာ အရေးကြီးတာပါ၊၊ လူတွေကလည်း အထဲကရေ သန့်တာကိုသာ တကယ်ယုံကြည်သွားရင် အပြင်မှာ ဘယ်လိုပဲ ခြယ်သထား ခြယ်သထား၊ နေရာပေးကြစမြဲပါပဲ၊၊

ဒါပေမယ့် အဲဒီလို တန်ဖိုးရှိတဲ့ ဖန်ခွက်တစ်ခွက်ဖြစ်ဖို့ အရင်ဆုံးလုပ်ရမှာက ရေသန့်သန့်တွေနဲ့ ပြည့်နေအောင် လုပ်ဖို့ပါ၊၊ အပြင်က ဒီဇိုင်းကို အရင်အတုယူရမှာ မဟုတ်ပါဘူး၊၊

ဖက်ရှင်ဟာ လူတစ်ယောက်ကို အတိုင်းအတာတစ်ခုထိ ယုံကြည်မှု ရှိစေပါတယ်၊၊ ဒါကြောင့် ဖက်ရှင်မော်ဒယ်တစ်ယောက်ဆီက အတုယူရမယ်ဆိုရင် သူ့အသားအရည်၊ အရပ်အမောင်းနဲ့ အချိုးအစားအလိုက် အဆင်ပြေအောင် ဝတ်စားဆင်ယင်တတ်တာကို ယူရမှာ ဖြစ်ပါတယ်၊၊ သူဝတ်တဲ့အတိုင်း တစ်ပုံစံတည်း လိုက်ဝတ်ရမှာ မဟုတ်ပါဘူး၊၊

မာ့ခ်ဇူကာဘတ်ကို သဘောကျရမှာက စွန့်ဦးတီထွင်တတ်တဲ့စိတ်၊ ရိုးရိုးရှင်းရှင်း နေတတ်တဲ့စိတ်၊ အလှူအတန်းရက်ရောတဲ့စိတ်တွေကိုပါ၊၊ ပွဲလမ်းသဘင်တိုင်း တီရှပ်လိုက်ဝတ်ဖို့က အဓိက မကျပါဘူး၊၊

မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး လိုက်ထားတိုင်း ဦးကျော်သူလို တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်မလာပါဘူး၊၊ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကြုံဆုံလာသမျှ လူအားလုံးကို တတ်နိုင်သလောက် ကူညီမယ်ဆိုတဲ့ ပရဟိတစိတ်မျိုးနဲ့ ရှင်သန်နေထိုင်ဖို့ကသာ အဓိကလိုရင်း ဖြစ်ပါတယ်၊၊

ကိုယ့်ကိုယ်ကျိုးအတွက် လုံးဝမစဉ်းစားဘဲ တိုင်းပြည်လွတ်လပ်ရေးရဖို့ပဲ ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ စေတနာနဲ့ အရည်အသွေးကို ပြည်သူအားလုံးက နားလည်ပြီးသား ဖြစ်ပါတယ်၊၊ ဒါကြောင့် ဘယ်လိုစကားလုံးမျိုး သုံးပါစေ ပြည်သူတွေက စိတ်မဆိုးတဲ့အပြင် ခပ်ဘွင်းဘွင်းပြောတတ်တယ်ဆိုပြီး ပိုတောင် သဘောကျသွားခဲ့ကြပါသေးတယ်၊၊ ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ အဲဒီစိတ်ဓါတ်နဲ့ စေတနာတွေ၊ အရည်အချင်းတွေ မရှိပါဘဲ နယ်လှည့်ပါးရိုက်လာတာ ဆိုတဲ့စကားမျိုး ပြည်သူကို သွားပြောရင်တော့ ပြည်သူတွေရဲ့ ဝေဖန်မှုနဲ့ပဲ ကြုံရပါလိမ့်မယ်၊၊

ခုခေတ်လူငယ်တွေမှာ စံထားစရာ role model တွေ မရှိကြဘူးလို့ ပြောကြပါတယ်၊၊ တကယ်တော့ နယ်ပယ်အသီးသီးမှာ စံထားစရာ ပုဂ္ဂိုလ်တွေအများကြီး ရှိပါတယ်၊၊ သတင်းနည်းပညာကလည်း ဖွံ့ဖြိုးလာတာကြောင့် သူတို့အကြောင်းတွေကို အလွယ်တကူ လေ့လာလို့လည်း ရလာတယ်၊၊ အမှန်က အတုယူစရာ လူမရှိတာ မဟုတ်ပါဘူး၊၊ အတုယူလွဲနေကြတာသာ ဖြစ်ပါတယ်၊၊

အတုယူလွဲတ ယ်ဆိုတဲ့နေ ရာမှာ ကိုယ်ကျင့် တရားနဲ့ လုပ်ရပ် ကောင်း တဲ့သူထက် ချမ်းသာမှု၊ နာမည်ကျော်ကြားမှုတွေသက်သက်ကိုပဲ ပိုပြီးအားကျနေ တတ်ကြတာမျိုး ပါသလို၊ တကယ်အရေးကြီးတဲ့ အနှစ်သာရပိုင်းကို အတုမယူ မိဘဲ အပေါ်ယံရှပ် အတုယူနေကြတာလည်း ပါပါတယ်၊၊ ကျနော်တို့လူငယ်တွေ အတု တကယ်ယူတတ်ကြဖို့ လိုပါတယ်၊၊

Zawgyi

စိုင္းစိုင္းခမ္းလွိုင္ MTV တစ္ခုမွာ စတိုင္ပင္ကို ခါးပတ္မပတ္ဘဲ ဝတ္ထားတာ သေဘာက်လိဳ႕ လိုက္ဝတ္တယ္။ ေတာသားၿမိဳ႕တက္ လို႔ ေျပာခံလိုက္ရတယ္၊၊ ေဖ့စ္ဘြတ္ တည္ေထာင္သူ မာ့ခ္ဇူကာဘတ္ကို အားက်လိဳ႕ဆိုၿပီး အလုပ္ကို တီရွပ္နဲ ဂ်င္းေဘာင္းဘီ ဝတ္သြားလိုက္တယ္။ မန္ေနဂ်ာ ေခၚသတိေပးတာ ခံလိုက္ရတယ္၊၊

ဦးေက်ာ္သူကို အားက်လိဳ႕ မုတ္ဆိတ္ေမႊး ပါးသိုင္းေမႊး လိုက္ထားတယ္။ အလုပ္အပ္ဖို႔ စုံစမ္းတဲ့သူေတြ တစ္ေယာက္မွ မလာေတာ့ဘူး၊၊  ဗိုလ္ခ်ဳပ္ေအာင္ဆန္း မိန႔္ခြန္းေတြ ျပည္သူေတြ ခုထိမေမ့နိုင္ေသးတာကို ၾကည့္ၿပီး က်န္းမာေရးေဟာေျပာပြဲမွာ “ခင္ဗ်ားတို႔ကိုယ့္က်န္းမာေရးမွ ကိုယ္ဂ႐ုမစိုက္လို႔ကေတာ့ အကုန္လုံး -ာသည္႐ြာ ျဖစ္ကုန္မယ္”လို႔ သြားေျပာတယ္။ တစ္႐ြာလုံး ဓါးမနဲ႕ ထြက္ခုတ္လို႔ မနည္းေျပးလာရတယ္၊၊

မွန္ပါတယ္၊၊

ဖန္ခြက္တစ္ခြက္ရဲ႕ တန္ဖိုးဟာ အျပင္မွာ ျခယ္သထားတာေတြနဲ႕ မဆိုင္ပါဘူး၊၊ အထဲထဲမွာ ေရသန႔္သန႔္ ပါလာဖို႔ကသာ အေရးႀကီးတာပါ၊၊ လူေတြကလည္း အထဲကေရ သန႔္တာကိုသာ တကယ္ယုံၾကည္သြားရင္ အျပင္မွာ ဘယ္လိုပဲ ျခယ္သထား ျခယ္သထား၊ ေနရာေပးၾကစၿမဲပါပဲ၊၊

ဒါေပမယ့္ အဲဒီလို တန္ဖိုးရွိတဲ့ ဖန္ခြက္တစ္ခြက္ျဖစ္ဖို႔ အရင္ဆုံးလုပ္ရမွာက ေရသန႔္သန႔္ေတြနဲ႕ ျပည့္ေနေအာင္ လုပ္ဖို႔ပါ၊၊ အျပင္က ဒီဇိုင္းကို အရင္အတုယူရမွာ မဟုတ္ပါဘူး၊၊

ဖက္ရွင္ဟာ လူတစ္ေယာက္ကို အတိုင္းအတာတစ္ခုထိ ယုံၾကည္မႈ ရွိေစပါတယ္၊၊ ဒါေၾကာင့္ ဖက္ရွင္ေမာ္ဒယ္တစ္ေယာက္ဆီက အတုယူရမယ္ဆိုရင္ သူ႕အသားအရည္၊ အရပ္အေမာင္းနဲ႕ အခ်ိဳးအစားအလိုက္ အဆင္ေျပေအာင္ ဝတ္စားဆင္ယင္တတ္တာကို ယူရမွာ ျဖစ္ပါတယ္၊၊ သူဝတ္တဲ့အတိုင္း တစ္ပုံစံတည္း လိုက္ဝတ္ရမွာ မဟုတ္ပါဘူး၊၊

မာ့ခ္ဇူကာဘတ္ကို သေဘာက်ရမွာက စြန႔္ဦးတီထြင္တတ္တဲ့စိတ္၊ ရိုးရိုးရွင္းရွင္း ေနတတ္တဲ့စိတ္၊ အလႉအတန္းရက္ေရာတဲ့စိတ္ေတြကိုပါ၊၊ ပြဲလမ္းသဘင္တိုင္း တီရွပ္လိုက္ဝတ္ဖို႔က အဓိက မက်ပါဘူး၊၊

မုတ္ဆိတ္ေမႊး ပါးသိုင္းေမႊး လိုက္ထားတိုင္း ဦးေက်ာ္သူလို တန္ဖိုးရွိတဲ့ လူတစ္ေယာက္ ျဖစ္မလာပါဘူး၊၊ ကိုယ့္ရဲ႕ေန႕စဥ္ဘဝမွာ ႀကဳံဆုံလာသမွ် လူအားလုံးကို တတ္နိုင္သေလာက္ ကူညီမယ္ဆိုတဲ့ ပရဟိတစိတ္မ်ိဳးနဲ႕ ရွင္သန္ေနထိုင္ဖို႔ကသာ အဓိကလိုရင္း ျဖစ္ပါတယ္၊၊

ကိုယ့္ကိုယ္က်ိဳးအတြက္ လုံးဝမစဥ္းစားဘဲ တိုင္းျပည္လြတ္လပ္ေရးရဖို႔ပဲ ႀကိဳးပမ္းခဲ့တဲ့ ဗိုလ္ခ်ဳပ္ရဲ႕ ေစတနာနဲ႕ အရည္အေသြးကို ျပည္သူအားလုံးက နားလည္ၿပီးသား ျဖစ္ပါတယ္၊၊ ဒါေၾကာင့္ ဘယ္လိုစကားလုံးမ်ိဳး သုံးပါေစ ျပည္သူေတြက စိတ္မဆိုးတဲ့အျပင္ ခပ္ဘြင္းဘြင္းေျပာတတ္တယ္ဆိုၿပီး ပိုေတာင္ သေဘာက်သြားခဲ့ၾကပါေသးတယ္၊၊ ဒါေပမယ့္ ဗိုလ္ခ်ဳပ္ရဲ႕ အဲဒီစိတ္ဓါတ္နဲ႕ ေစတနာေတြ၊ အရည္အခ်င္းေတြ မရွိပါဘဲ နယ္လွည့္ပါးရိုက္လာတာ ဆိုတဲ့စကားမ်ိဳး ျပည္သူကို သြားေျပာရင္ေတာ့ ျပည္သူေတြရဲ႕ ေဝဖန္မႈနဲ႕ပဲ ႀကဳံရပါလိမ့္မယ္၊၊

ခုေခတ္လူငယ္ေတြမွာ စံထားစရာ role model ေတြ မရွိၾကဘူးလို႔ ေျပာၾကပါတယ္၊၊ တကယ္ေတာ့ နယ္ပယ္အသီးသီးမွာ စံထားစရာ ပုဂၢိဳလ္ေတြအမ်ားႀကီး ရွိပါတယ္၊၊ သတင္းနည္းပညာကလည္း ဖြံ႕ၿဖိဳးလာတာေၾကာင့္ သူတို႔အေၾကာင္းေတြကို အလြယ္တကူ ေလ့လာလို႔လည္း ရလာတယ္၊၊ အမွန္က အတုယူစရာ လူမရွိတာ မဟုတ္ပါဘူး၊၊ အတုယူလြဲေနၾကတာသာ ျဖစ္ပါတယ္၊၊

အတုယူလြဲတ ယ္ဆိုတဲ့ေန ရာမွာ ကိုယ္က်င့္ တရားနဲ႕ လုပ္ရပ္ ေကာင္း တဲ့သူထက္ ခ်မ္းသာမႈ၊ နာမည္ေက်ာ္ၾကားမႈေတြသက္သက္ကိုပဲ ပိုၿပီးအားက်ေန တတ္ၾကတာမ်ိဳး ပါသလို၊ တကယ္အေရးႀကီးတဲ့  အႏွစ္သာရပိုင္းကို အတုမယူ မိဘဲ အေပၚယံရွပ္ အတုယူေနၾကတာလည္း ပါပါတယ္၊၊ က်ေနာ္တို ႔လူငယ္ေတြ အတု တကယ္ယူတတ္ၾကဖို႔ လိုပါတယ္၊၊

Leave a Reply

Your email address will not be published. Required fields are marked *