ကျွဲ/နွား များအတွက် အဖိုးတန် ဆေးဖက်ဝင် ဗီလား(သို့) ဗီလား တစ်ကောင် ကျွဲတစ်ထောင်
Posted on
ဗီလား တစ်ကောင်ကို နွားတင်းကုတ် ကျွဲတင်းကုတ် များမှာ ချိတ်ဆွဲထားရင်ဖြင့် ကျွဲနွားများ ရောဂါဘယ ကင်းဝေးစေပါတယ်။ ဒီအကောင် ရဲ့ အမည်က”Horseshoe crab (or)Villa” ဗီလား ဖြစ်ပါတယ်။ ကင်းဖို/ကင်းမလို့လည်း ခေါ်ဆိုပါတယ်။
Atlantic သမုဒ္ဒရာ ထဲ၌ အများဆုံးတွေ့ရှိနိုင်ပါတယ်။ ဆိတ် နွား ကျွဲများကို ဗီလားအခြောက်ကို ရေစိမ်တိုက်ပါက ရောဂါကင်းဝေးပါတယ်။ Horseshoe crabs” ပင်လယ် ဗီလားသတ္တဝါတွေဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း(၄၅၀)မီလီယံ ခန့်ကျော်လွန်၍ လာခဲ့ပါပြီ။
ဒိုင်နိုဆော(Dinosours)သတ္တဝါတွေရှိစဉ်အခါကတည်းက ဗီလားတွေဟာ ယနေ့အချိန်ထိ့ မျိုးသုဉ်းပျောက်ကွယ် မသွားသေးပါဘူး.. ဗီလားဟာ အရမ်းအ ဖိုးတန်ပြီး သူ့မှာ အရှားပါးဆုံး သွေးကိုပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့သွေးဟာ အပြာရောင်(blue blood)ဖြစ်ပါတယ်။
ဗီလားတွေရဲ့ သွေးဟာ”Limulus Amebocyte lysate”(LAL) လို့အမည်ပေးထားတဲ့ ဗက်တီးရီယား ပိုးမွှားသန့်စင် ဆေးတစ်မျိုးကို ထုတ်ယူရရှိပါတယ်။ ဒီဆေးဟာ (Endotoxin detection) အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူသားတွေရဲ့သွေး/ တိရစ္ဆာန် သတ္တဝါ တွေရဲ့သွေးထဲက ဗက်တီးရီယား ပိုးမွှားများကိုရှာဖွေ စစ်ဆေးတဲ့ေ နရာမှာအသုံးပြုပါတယ်။
ဒီဆေးကို သိမ်းဆည်းထားမည်ဆိုလျှင် အနည်းဆုံးအပူချိန် 2-8°c စင်တီဂရိတ် ရှိရပါမယ်။ဗီလားမွေးမြူရေးလုပ်ငန်းဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ မီလီယံနဲ့ချီပြီး ဝင်ငွေရရှိပါတယ်။ဗီလားဟာ လူသားတို့စားသုံးရန်မသင့်ပါ..အဆိပ်ဖြစ်တတ်ပါတယ်။
Villa(ဗီလား) Billa(ဘီလား)မဟုတ်ပါ။ Horse(မြင်း) Shoe(ရှုးဖိနပ်) Crab(ကဏန်းကောင်) Horseshoe crab”ကို ဘာသာပြန်ကြည့်ရင်တော့ မြင်းဖိနပ်ဂဏန်း ဖြစ် သွားမှာပေါ့..နောက်တနည်း အဆင်ပြေအောင်ပြန်ဆိုကြည့်ရင်တော့ (မြင်းခွာကဏန်း)ဆိုရင် ပိုမှန်ပါလိ မ့်မယ်။
တကယ်တော့ နေရာဒေသ အလိုက် အခေါ်ဝေါ်တွေ ကွဲလွဲနေခြင်းဟာ အဓိက မကျပါဘူး..ပုံကိုကြည့်ရင်ဖြင့် သိနိုင်ပါတယ်.. ဒီနာမည် မဟုတ်ဘူး ဟိုနာမည် မဟုတ်ဘူးဆိုပြီး ငြင်းဆိုနေကြရင်တော့ မောသွားပါလိမ့်မယ်။
မြန်မာပြည်မှာပေါလို့ဆိုတာက နည်းပညာမရှိတော့ အရာရာဟာ တန်ဖိုးမဲ့နေတတ်ပါတယ်။ဒီ ဗီလားတွေရဲ့သွေးဟာ သတ္တဝါတွေရဲ့အသက်ပေါင်းများစွာကို ကယ်တင်လျှက်ရှိပါတယ်။
များစွာသောအချက်အလက်တွေကျန်ရှိပါသေးတယ်..ဒီလောက်ပဲအချိန်ရလို့ ဒီမျှလောက်နဲ့ပဲဖော်ပြလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်. ..
ဘီလားတစ်ေ ကာင်နွားတ စ်ထောင်ပါ နွားခြံတင်း ကုတ်အမြင့်ဆုံးေ န ရာမှာဘီလား အဖို ဖြစ်စေ အမဖြစ်စေ အချောက် ကိုတွဲထားရင် တော်ရုံနွားရော ဂါလုံး ဝမမဖြစ်ပါဘူး ကိုယ်တို င်သုံးဖူးပါတယ် ။ ကိုရဲနိုင်စိုး မြန်မာ့လယ်ယာ
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *