ကွယ်လွန်သွားတဲ့မိသားစုတွေကို တစ်ရက်မှမေ့မရတဲ့အတွက် သူမရဲ့ ဗိုက်ထဲမှာပြန်ဝင်စားဖို့ဆုတောင်းခဲ့တဲ့ အကြောင်းပြောပြလာတဲ့ ဗီဗာဟိန်း

Posted on

အဆိုတော် ဗီဗာဟိန်း ကတော့ ဟိုးအရင် ကတည်းက အနုပညာ အလုပ်တွေကို ကြိုးစား လုပ်ကိုင် ခဲ့ပြီး ပရိသတ် ရင်ထဲ နေရာတစ်ခု အခိုင်အမာ စိုက်ထူ နိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ သူမ တူတဲ့ အသံချိုချို လေးနဲ့ တေးသီချင်းပေါင်း များစွာကို ပရိသတ် ရင်ထဲ ရောက်အောင် သီဆိုနိုင် ခဲ့တဲ့ အဆိုတော် တစ်ဦးပါ။ စကားပြောဆိုပွင့်လင်းပြီး မာန်မာန မရှိတဲ့ သူမက အင်တာဗျူးတွေမှာ အရှိကို အရှိတိုင်း ဖြေဆိုတတ် သူမို့ လူကြီး၊ လူငယ်မရွေး ပရိသတ် တွေက အချစ်ပို နေတာပါ။

အဆိုတော် ဗီဗာဟိန်း ကတော့ အနုပညာသက်တမ်း တစ်လျှောက်မှာ မြူးမြူးကြွကြွ သီချင်းတွေကို သီဆိုရင်း အောင်မြင် ကျော်ကြားတဲ့ သီချင်းများစွာနဲ့ အတူ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ ထားသူ ဖြစ်ပါတယ်။ အဆိုတော် ဗီဗာဟိန်း ကတော့ ကွယ်လွန် သွားတဲ့ မိသားစုသုံးဦး ဖြစ်တဲ့ အဖေ၊အမေ နဲ့ အစ်ကို ဖြစ်သူတို့ ပြန်ဝင်စားရင် ကောင်းမယ် ဆိုပြီး ဆုတောင်း လိုက်ပါတယ်။

“သူက အခုချိန်ထိ သူ့မိသားစု အတွက် ဝမ်းနည်း နေတုန်း ငိုနေတုန်း ၊သူ့ကို ဖျောင်းဖျ ထားတယ် ၃ ယောက်တည်း က တစ်ယောက် ပြန်ဝင်စား နေပြီပဲ ၊ပျော်အောင်နေလို့ ပြောထားတယ်၊ သူက ၃ ယောက်စလုံး ပြန်ဝင်စားရင် ကောင်းမယ် ဆိုပြီးမျှော်လင့် နေတာ” ဆိုပြီး အင်တာဗျူး တစ်ခုမှာ ဖြေထားတာကို တွေ့ရပါတယ်။ ဗီဗာဟိန်း ကတော့ အခုချိန်ထိ ကွယ်လွန် သွားတဲ့ မိသားစုတွေကို တစ်ရက်မှ မေ့လို့ မရသေးဘူးလို့ ရင်ဖွင့် ထားပါတယ်။ အဆိုတော် ဗီဗာဟိန်း ရဲ့ခင်ပွန်းဖြစ်သူကတော့ သူမကို အကောင်းဆုံး စောက်ရှောက် ပေးနေပြီး အရမ်းကို ချစ်ပေးတာ ကြောင့် ပျော်ရွှင် နေရပြီး ချစ်တဲ့ ပရိသတ်တွေက ကျေနပ် နေကြတာ ဖြစ်ပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.