ကွယ်လွန်သွားပီဖြစ်တဲ့ လူတစ်ယောက်ကို လက်မနှစ်ခုနှင့် ခြေမနှစ်ခုကို ကြိုးချည်ထားတာ ဘာကြောင့်လဲ…?

Posted on

လူတစ်ယော က်သေလျှင် လက် မနှစ်ခုနှင့် ခြေမနှစ်ခုကို ကြိုးချည်ထား တတ်သည်။ ဘာကြောင့်မှန်းမသိခဲ့ပါ။ ထုံးစံအရ လုပ်သည်ဟုသာ နားလည်ထား၏။

ဟိုတုန်းက ဆရာတော်တစ်ပါးဟောကြားသော တရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နားထောင်ရင်း သဘောကျမိသည်။ ဓမ္မမိတ်ဆွေများ အကျိုးရှိနိုင် သည့်အတွက် ဖော်ပြလိုက်ပါသည်။

တစ်ခါတုန်းက လယ်ပိုင်ရှင်သူေ ဌးတစ်ေ ယာက်ဆီမှာ အခစား လုပ်သည့် သူရင်းငှားတစ်ယေက်ရှိသည်။ နေ့စဉ်လု ပ်နေသော်လည်း ကြီးပွားတိုးတက်ြ ခင်းမရှိ၍ စိတ်ပျက်နေလေ၏။ တစ်နေ့၌ စဉ်းစားမိ၏။ လယ်ပိုင်ရှင်ထံ လယ်ေ တာင်းမည်။ ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်သည်။

“သူဌေး … သူဌေးမှာ မျက်စိတစ်ဆုံး လက်ညိုးထိုးမလွဲ လယ်တွေအ များကြီးပါ။ ကျွန်တော့်မှာ လယ်တစ်ကွက်ေ တာင်မရှိဘူး လယ်တစ်ရှင် စာလောက်ပေးပါ။” လယ်တစ်ရှင်စာ ဆိုတာ နွားနှ စ်ကောင်နှင့် တစ်မိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကိုပြောတာပါ။

သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။

“မင်းလိုချင်သလောက် ငါပေးမယ်။ ရော့ ဒီမှာ ငုတ်တစ်ချောင်း … ရော့ ဒီမှာ တုတ်တစ်ချောင်း … ဒီကနေသွားပါ။ မင်းလိုချင်သလောက် လယ်မြေကိုေ ရာက်ရင် ငုတ်ကို တုတ်နဲ့ရိုက်ပြီး မှတ်ထားခဲ့။

ငုတ်အတွင်းကို မင်းပိုင်တဲ့ မြေအဖြစ် မှတ်ထားခဲ့။” သူဌေးစ ကားဆုံးတော့ သူရင်းငှားခမျာ ဘယ်လောက်ဝမ်းသာမလဲ စဉ်းစားကြည့်ပါ။ တုတ်နဲ့ငုတ်ကို ကိုင်ပြီး … ခပ်သွက် သွက်လျှောက် သွားပါတယ်။

ပြီးတော့ နောက်ပြန် ကြည့်လို က်ပါတယ်။ စိတ်ထဲမှာလည်း တွေးလိုက်ပါတယ်။ “နည်းသေးတယ်” ဟူ၍ ဖြစ်ပါသည်။ ငါလမ်းလျှောက်တာ နှေးလို့ဖြစ်မယ်ဆိုပြီး မပြေးရုံတမယ် သွားပြန်ပါတယ်။

“နည်းသေးတယ်” ဟူ၍ပင် ဖြစ်ပါသည်။

မိမိရပြီးသား ဥစ္စာများနှင့် နောက်ထပ်ရမည့် ပစ္စည်းဥစ္စများကို တဏှာမျက်လုံးနှင့်ကြည့်လျှင် အဖြေက တစ်ခုတည်း ဖြစ်ပါသည်။

“နည်းသေးတယ်”ဟူ၍ ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေများခင်ဗျာ ……။

မိုးလင်းမှ မိုးချုပ် တကုပ်ကုပ်နဲ့ မမောနိုင်မပန်းနိုင် ရှာဖွေနေ ကြခြင်းသည် တဏှာက ခိုင်းလို့ဖြစ်ပါသည်။ မိုးချုပ်လို့ စာရင်းသိ မ်းပြီး “နည်းသေးတယ်” ထပ်ရှာဦးမယ် တွေးခြင်းသည် တဏှာ၏ သတ္တိဖြစ်ပါသည်။

ဘုရားမသွားနိုင် ကျောင်းမတ က်နိုင်အောင် ခိုင်းနေတာ တဏှာပင်ဖြစ်သည်။ တရားမနာနိုင်အောင် ခုနှစ်ရက်မျှ တရားအားမ ထုတ်နိုင်အောင် တရားအတွက် အချိန်မပေးနိုင်အောင် ခိုင်းနေတာ တဏှာဖြစ်၏။

ရက်ကြီးအခါကြီးမှာ အများသူငါ ကုသိုလ်တွေပြုလို့……။

ဒါတွေကို မြင်သော်လည်း … ဒီရက်က ဈေးရောင်းလို့ ပိုကောင်းတယ်ဆိုပြီး ဘုရားကျောင်းကန် မျက်နှာလွှဲတာ တဏှာကြောင့်ဖြစ်သည်။ သူရင်းငှားက နည်းသေးတယ်အတွေးနဲ့ ငုတ်နဲ့ တုတ်ကိုမြေမှာချ ခါးတောင်းကို မြှောင်အော င်ကျိုက်ပြီး တုတ်နဲ့ ငုတ်ကိုကိုင်ပြီး ပြေးပါတော့တယ်။

များများရဖို့ မြန်မြန်ပြေးနေခြင်းပါ။

ပြေးရင်းပြေးရင်း အမောဆို့ပြီး လယ်ကွက်တစ်ခုထဲကို မှောက်လဲသွားပါတယ်။ ကူမည့်သူမရှိဘဲ မှောက်လဲနေတော့ ပါးစပ်ထဲ နှာခေါင်းထဲမှ ရေဝင်ပြီးသေသွားပါတယ်။

အတော်ကြာမှ လယ်ပိုင်ရှင်က _

“ဟေ့ သူရင်းငှား လယ်ယူဖို့သွားတာ ပြန်လာတာမတွေ့သေးဘူး လာလိုက်ကြစို့” လို့ အနီးရှိ လူများခေါ်ပြီး လိုက်ကြည့်ပါတယ်။ လယ်ကွက်ထဲမှာ မှောက်လဲသေတာ တွေ့တော့ စိတ်မေ ကာင်းစွာနဲ့ ဘေးကလူတွေကို ပြောပါတယ်။

ငါက လယ်မြေတွေကို လိုသလော က်ပေးတယ် သူက ခြောက်ပေပဲယူသွားတယ် ပြောပြီး… မြေမြုတ်ဖို့ ခြောက်ပေတွင်း တစ်တွင်းတူးခိုင်းပါတယ်။ တွင်းတူးနေတုန်းမှာ မှောက်ခုံကြီး သေနေတဲ့ သူရင်းငှားကို ပက်လက်လှန် လိုက်ပါတယ်။

လက်ထဲက တုတ်နဲ့ ငုတ်က ပြုတ်မထွက်ဘဲ ကိုင်ထားမြဲ ဖြစ်နေပါတယ်။ လယ်ပိုင်ရှင်က သေသေချာချာကြည့်ပြီး အလောင်းကို တွင်းထဲမချခင် တုတ်နဲ့ ငုတ်ကို သူရင်းငှား လက်ထဲမှ ဖြုတ်လိုက်ပြီး ကြိုးတစ်ချောင်းနဲ့ လက်မနှစ်ချောင်းကို ပူးချည်လိုက်ပါတယ်။

ဘေးကလူတွေက လယ်ပိုင်ရှင်ကို ဘာလုပ်ဖို့ချည်တာလဲလို့ မေးတော့ လယ်ပိုင်ရှင်က ပြန်မဖြေသေးဘဲ ခြေမနှစ်ချောင်းကို ပူးပြီး ကြိုးနဲ့ချည်ပြန်ပါတယ်။

ပြီးမှ ဘေးကလူတွေကို ရှင်းပြပါတယ်။

“တုတ်နဲ့ ငုတ်ကိုင်ပြီး ညညပြေးနေမှာစိုးလို့ ခြေမနဲ့ လက်မကို ကြိုးချည်ထား တာပါလို့” ဖြေလိုက်ပါတယ် ………။

မကြာခဏ ဆိုသလို မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေး တစ်ခုရှိပါတယ်။ နင်ပြေးနေတုန်းလား ? ငုတ်ရိုက်နေပြီလား ? ဆိုတာပါပဲ။

( ဓမ္မဒူတ အရှင်ပညာဝရ )

Zawgyi Version

လူတစ္ေယာ က္ေသလွ်င္ လက္ မႏွစ္ခုႏွင့္ ေျခမႏွစ္ခုကို ႀကိဳးခ်ည္ထား တတ္သည္။ ဘာေၾကာင့္မွန္းမသိခဲ့ပါ။ ထုံးစံအရ လုပ္သည္ဟုသာ နားလည္ထား၏။

ဟိုတုန္းက ဆရာေတာ္တစ္ပါးေဟာၾကားေသာ တရားကိုနာရင္း ဤအေၾကာင္းကို သိခြင့္ရခဲ့သည္။ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ နားေထာင္ရင္း သေဘာက်မိသည္။ ဓမၼမိတ္ေဆြမ်ား အက်ိဳးရွိႏိုင္ သည့္အတြက္ ေဖာ္ျပလိုက္ပါသည္။

တစ္ခါတုန္းက လယ္ပိုင္ရွင္သူေ ဌးတစ္ေ ယာက္ဆီမွာ အခစား လုပ္သည့္ သူရင္းငွားတစ္ေယက္ရွိသည္။ ေန႔စဥ္လု ပ္ေနေသာ္လည္း ႀကီးပြားတိုးတက္ျ ခင္းမရွိ၍ စိတ္ပ်က္ေနေလ၏။ တစ္ေန႔၌ စဥ္းစားမိ၏။ လယ္ပိုင္ရွင္ထံ လယ္ေ တာင္းမည္။ ကိုယ္ပိုင္ လယ္လုပ္ခြင့္ရလွ်င္ စီးပြားေရး အဆင္ေျပႏိုင္သည္။

“သူေဌး … သူေဌးမွာ မ်က္စိတစ္ဆုံး လက္ညိဳးထိုးမလြဲ လယ္ေတြအ မ်ားႀကီးပါ။ ကြၽန္ေတာ့္မွာ လယ္တစ္ကြက္ေ တာင္မရွိဘူး လယ္တစ္ရွင္ စာေလာက္ေပးပါ။” လယ္တစ္ရွင္စာ ဆိုတာ ႏြားႏွ စ္ေကာင္ႏွင့္ တစ္မိုးတြင္း လုပ္ကိုင္ေလာက္တဲ့ ေျမကိုေျပာတာပါ။

သူေဌးက သူရင္းငွားကိုၾကည့္ၿပီး သနားသြားပါတယ္။

“မင္းလိုခ်င္သေလာက္ ငါေပးမယ္။ ေရာ့ ဒီမွာ ငုတ္တစ္ေခ်ာင္း … ေရာ့ ဒီမွာ တုတ္တစ္ေခ်ာင္း … ဒီကေနသြားပါ။ မင္းလိုခ်င္သေလာက္ လယ္ေျမကိုေ ရာက္ရင္ ငုတ္ကို တုတ္နဲ႔႐ိုက္ၿပီး မွတ္ထားခဲ့။

ငုတ္အတြင္းကို မင္းပိုင္တဲ့ ေျမအျဖစ္ မွတ္ထားခဲ့။” သူေဌးစ ကားဆုံးေတာ့ သူရင္းငွားခမ်ာ ဘယ္ေလာက္ဝမ္းသာမလဲ စဥ္းစားၾကည့္ပါ။ တုတ္နဲ႔ငုတ္ကို ကိုင္ၿပီး … ခပ္သြက္ သြက္ေလွ်ာက္ သြားပါတယ္။

ၿပီးေတာ့ ေနာက္ျပန္ ၾကည့္လို က္ပါတယ္။ စိတ္ထဲမွာလည္း ေတြးလိုက္ပါတယ္။ “နည္းေသးတယ္” ဟူ၍ ျဖစ္ပါသည္။ ငါလမ္းေလွ်ာက္တာ ေႏွးလို႔ျဖစ္မယ္ဆိုၿပီး မေျပး႐ုံတမယ္ သြားျပန္ပါတယ္။

“နည္းေသးတယ္” ဟူ၍ပင္ ျဖစ္ပါသည္။

မိမိရၿပီးသား ဥစၥာမ်ားႏွင့္ ေနာက္ထပ္ရမည့္ ပစၥည္းဥစၥမ်ားကို တဏွာမ်က္လုံးႏွင့္ၾကည့္လွ်င္ အေျဖက တစ္ခုတည္း ျဖစ္ပါသည္။

“နည္းေသးတယ္”ဟူ၍ ျဖစ္ပါသည္။

ဓမၼမိတ္ေဆြမ်ားခင္ဗ်ာ ……။

မိုးလင္းမွ မိုးခ်ဳပ္ တကုပ္ကုပ္နဲ႔ မေမာႏိုင္မပန္းႏိုင္ ရွာေဖြေန ၾကျခင္းသည္ တဏွာက ခိုင္းလို႔ျဖစ္ပါသည္။ မိုးခ်ဳပ္လို႔ စာရင္းသိ မ္းၿပီး “နည္းေသးတယ္” ထပ္ရွာဦးမယ္ ေတြးျခင္းသည္ တဏွာ၏ သတၱိျဖစ္ပါသည္။

ဘုရားမသြားႏိုင္ ေက်ာင္းမတ က္ႏိုင္ေအာင္ ခိုင္းေနတာ တဏွာပင္ျဖစ္သည္။ တရားမနာႏိုင္ေအာင္ ခုႏွစ္ရက္မွ် တရားအားမ ထုတ္ႏိုင္ေအာင္ တရားအတြက္ အခ်ိန္မေပးႏိုင္ေအာင္ ခိုင္းေနတာ တဏွာျဖစ္၏။

ရက္ႀကီးအခါႀကီးမွာ အမ်ားသူငါ ကုသိုလ္ေတြျပဳလို႔……။

ဒါေတြကို ျမင္ေသာ္လည္း … ဒီရက္က ေစ်းေရာင္းလို႔ ပိုေကာင္းတယ္ဆိုၿပီး ဘုရားေက်ာင္းကန္ မ်က္ႏွာလႊဲတာ တဏွာေၾကာင့္ျဖစ္သည္။ သူရင္းငွားက နည္းေသးတယ္အေတြးနဲ႔ ငုတ္နဲ႔ တုတ္ကိုေျမမွာခ် ခါးေတာင္းကို ေျမႇာင္ေအာ င္က်ိဳက္ၿပီး တုတ္နဲ႔ ငုတ္ကိုကိုင္ၿပီး ေျပးပါေတာ့တယ္။

မ်ားမ်ားရဖို႔ ျမန္ျမန္ေျပးေနျခင္းပါ။

ေျပးရင္းေျပးရင္း အေမာဆို႔ၿပီး လယ္ကြက္တစ္ခုထဲကို ေမွာက္လဲသြားပါတယ္။ ကူမည့္သူမရွိဘဲ ေမွာက္လဲေနေတာ့ ပါးစပ္ထဲ ႏွာေခါင္းထဲမွ ေရဝင္ၿပီးေသသြားပါတယ္။

အေတာ္ၾကာမွ လယ္ပိုင္ရွင္က _

“ေဟ့ သူရင္းငွား လယ္ယူဖို႔သြားတာ ျပန္လာတာမေတြ႕ေသးဘူး လာလိုက္ၾကစို႔” လို႔ အနီးရွိ လူမ်ားေခၚၿပီး လိုက္ၾကည့္ပါတယ္။ လယ္ကြက္ထဲမွာ ေမွာက္လဲေသတာ ေတြ႕ေတာ့ စိတ္မေ ကာင္းစြာနဲ႔ ေဘးကလူေတြကို ေျပာပါတယ္။

ငါက လယ္ေျမေတြကို လိုသေလာ က္ေပးတယ္ သူက ေျခာက္ေပပဲယူသြားတယ္ ေျပာၿပီး… ေျမျမဳတ္ဖို႔ ေျခာက္ေပတြင္း တစ္တြင္းတူးခိုင္းပါတယ္။ တြင္းတူးေနတုန္းမွာ ေမွာက္ခုံႀကီး ေသေနတဲ့ သူရင္းငွားကို ပက္လက္လွန္ လိုက္ပါတယ္။

လက္ထဲက တုတ္နဲ႔ ငုတ္က ျပဳတ္မထြက္ဘဲ ကိုင္ထားၿမဲ ျဖစ္ေနပါတယ္။ လယ္ပိုင္ရွင္က ေသေသခ်ာခ်ာၾကည့္ၿပီး အေလာင္းကို တြင္းထဲမခ်ခင္ တုတ္နဲ႔ ငုတ္ကို သူရင္းငွား လက္ထဲမွ ျဖဳတ္လိုက္ၿပီး ႀကိဳးတစ္ေခ်ာင္းနဲ႔ လက္မႏွစ္ေခ်ာင္းကို ပူးခ်ည္လိုက္ပါတယ္။

ေဘးကလူေတြက လယ္ပိုင္ရွင္ကို ဘာလုပ္ဖို႔ခ်ည္တာလဲလို႔ ေမးေတာ့ လယ္ပိုင္ရွင္က ျပန္မေျဖေသးဘဲ ေျခမႏွစ္ေခ်ာင္းကို ပူးၿပီး ႀကိဳးနဲ႔ခ်ည္ျပန္ပါတယ္။

ၿပီးမွ ေဘးကလူေတြကို ရွင္းျပပါတယ္။

“တုတ္နဲ႔ ငုတ္ကိုင္ၿပီး ညညေျပးေနမွာစိုးလို႔ ေျခမနဲ႔ လက္မကို ႀကိဳးခ်ည္ထား တာပါလို႔” ေျဖလိုက္ပါတယ္ ………။

မၾကာခဏ ဆိုသလို မိမိကိုယ္ကို ျပန္ေမးသင့္တဲ့ ေမးခြန္းေလး တစ္ခုရွိပါတယ္။ နင္ေျပးေနတုန္းလား ? ငုတ္႐ိုက္ေနၿပီလား ? ဆိုတာပါပဲ။

( ဓမၼဒူတ အရွင္ပညာဝရ )

Leave a Reply

Your email address will not be published. Required fields are marked *