ကွယ်လွန်သွား တဲ့ ဖခင်ကို သူအရမ်းစီးချင်ခဲ့တဲ့ BMW ကားသစ်ကြီးနဲ့ အတူ မြေမြှုပ်ပေးခဲ့တဲ့ သား

Posted on

နိုင်ဂျီရီး ယား ကြေးရတ က်လူချမ်းသာ တစ်ဦးဟာ ဖခင်သေဆုံး သွားတဲ့ အခါမှာ တန်ဖိုးကြီး ဇိမ်ခံ ကားတစ်စီးဖြစ်တဲ့ BMW ကားကြီးနဲ့အတူ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ အဆိုပါ လူချမ်းသာရဲ့အမည်မှာ Azubuike ဖြစ်ပြီး ဖခင် မသေခင်တု န်းကတော့ သူ့အဖေ စီးချင်တယ် ဆိုတဲ့ကားကို ဝယ်ယူခဲ့ခြင်း မရှိပါဘူး။ ဒီအဖြစ်အ ပျက်ဟာ နိုင်ဂျီးရီယားရဲ့ ခေါင်းပါးလှတဲ့ Anambra ပြည်နယ်၊ Mbosi မြို့နဲ့အနည်းငယ် လှမ်းတဲ့ Ihiala အမည်ရ ကျေးရွာလေးမှာ ဖြစ်ခဲ့တာပါ။

ဒါပေမယ့် Azubuike ဟာ ဖခင်ဖြစ်သူကို တစ်နေ့ေ န့မှာ အရောင်တဖျ က်ဖျက်တော က်ပနေတဲ့ ကားအသစ်တစ်စီး ဝယ်ပေးမ ယ့်အကြောင်း မကြာခဏ ကတိပေးခဲ့ဖူးတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ ဒါကြောင့် ဖခင်ဖြစ်သူဟာ သက်ရှိထင် ရှားရှိစဉ်က သူဝယ်ပေး တဲ့ကားကို မစီးရပေမယ့်၊ သူ သေဆုံးတဲ့အခါမှာ ဒီကားကြီးကို တစ်ပါးတည်း ယူသွားနိုင်မယ်လို့ Azubuike က ယုံကြည်နေပါတယ်။

သူဟာ ဖခင်နဲ့အတူ မြေမြှုပ် သင်္ဂြိုဟ်ဖို့အတွက် ပေါင် (၆,၆၀၀၀)တန် ကားကြီးဝယ် ယူခဲ့ကြောင်း နိုင်ဂျီးရီး ယားအခြေစိုက် NAIJ သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ ခြောက်ပေအ ထိနက်တဲ့ မြေတွင်းခပ်ကြီးကြီးတစ်ခု တူးထားပြီး၊ မြှုပ်အံ့ဆဲဆဲ BMW ကားကြီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကားထဲမှာတော့ ဖခင်ဖြစ်သူရဲ့ အလောင်း ကိုပါ ထည့်သွင်းထားပြီး၊ ကားထဲမှာ လမ်းေြ ကာင်းရှာတဲ့ Sat Nav ကိုလည်း ထည့်သွ င်းပေးထားပါတယ်။ Sat Nav ကိုအသုံးပြုကာ ဖခင်ဖြစ် သူဟာ တမလွန်မှာ ကောင်းကင်ဘုံကို တက်မယ့်ေ လှကားကို ရှာတွေ့လိမ့်မယ်လို့ Azubuike က ယုံကြည်နေပါတယ်။ သို့ပေမယ့် သားဖြစ်သူ Azubuike ရဲ့ လုပ်ရပ်ကို လူတွေက ရှုံ့ချနေပြီး အလွန်အသိဉာဏ်ေ ခါင်းပါးသူလို့ ပြောနေကြပါတယ်။

တစ်ချို့ကလည်း ဖခင်ေ သတာကို သူက နာမည်ကော င်းဝင်ယူတယ်လို့ မှတ်ချ က်ပေးခဲ့ကြပြီး၊ တစ်ချို့ကတော့ တကယ်စေတ နာရှိရင် ဒီလိုအပိုတွေလုပ်မနေဘဲ၊ မသေခင်ကတည်းက ဝယ်ပေးမှာပါလို့ ပြောခဲ့ပါတယ်။ နိုင်ဂျီးရီးယားဒေသခံ တစ်ဦးဖြစ်တဲ့ Sifiso Inno Makhashila အမည်ရ အမျိုးသားက “အသက်ရှင်နေတုန်း မိဘအတွက် ကားဝယ်ပေးမယ် … ပြီးရင် သူတို့သေဆုံး သွားတဲ့အခါ သင့်တင့်ေ လျှာက်ပတ်တဲ့ ခေါင်းတလားလေးနဲ့ သင်္ဂြိုဟ်ပေးမယ် .. အခုဟာက သူ့လုပ်ရပ်က အတော်လေးကို အသိဉာဏ်ခေါင်းပါးလွန်းပြီး ပြောရရင် ပေါ်ပင်လုပ်တာပဲ” လို့ ဝေဖန်ခဲ့ပါတယ်။

ObieNIce Mohale လို့အမည်ရတဲ့ အခြားတစ် ဦးကလည်း “ဒီလုပ်ရပ်ဟာ အောက်ခြေလူတန်းစား ကျွန်တော်တို့ကို ပိုပြီးဆင်းရဲစေတဲ့ ငွေကြေးခဝါချနေသူတွေရဲ့ လုပ်ရပ်တွေထဲက တစ်ခုပါဘဲ …” လို့ ပြောသလို အခြားတစ်ဦးကတော့ “အတော်ရူးကြောင်ကြောင် နိုင်တဲ့သူပါ … အမှန်က အဲဒါ ငါတို့ငွေတွေပါ” လို့ ရေးသားခဲ့ပါတယ်။

Zawgyi Version

နိုင္ဂ်ီရီး ယား ေၾကးရတ က္လူခ်မ္းသာ တစ္ဦးဟာ ဖခင္ေသဆုံး သြားတဲ့ အခါမွာ တန္ဖိုးႀကီး ဇိမ္ခံ ကားတစ္စီးျဖစ္တဲ့ BMW ကားႀကီးနဲ႕အတူ ေျမျမႇုပ္သျဂၤိုဟ္ေပးခဲ့ပါတယ္။ အဆိုပါ လူခ်မ္းသာရဲ ႕အမည္မွာ Azubuike ျဖစ္ၿပီး ဖခင္ မေသခင္တု န္းကေတာ့ သူ႕အေဖ စီးခ်င္တယ္ ဆိုတဲ့ကားကို ဝယ္ယူခဲ့ျခင္း မရွိပါဘူး။ ဒီအျဖစ္အ ပ်က္ဟာ နိုင္ဂ်ီးရီယားရဲ႕ ေခါင္းပါးလွတဲ့ Anambra ျပည္နယ္၊ Mbosi ၿမိဳ႕နဲ႕အနည္းငယ္ လွမ္းတဲ့ Ihiala အမည္ရ ေက်း႐ြာေလးမွာ ျဖစ္ခဲ့တာပါ။

ဒါေပမယ့္ Azubuike ဟာ ဖခင္ျဖစ္သူကို တစ္ေန႕ေ န႕မွာ အေရာင္တဖ် က္ဖ်က္ေတာ က္ပေနတဲ့ ကားအသစ္တစ္စီး ဝယ္ေပးမ ယ့္အေၾကာင္း မၾကာခဏ ကတိေပးခဲ့ဖူးတယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္။ ဒါေၾကာင့္ ဖခင္ျဖစ္သူဟာ သက္ရွိထင္ ရွားရွိစဥ္က သူဝယ္ေပး တဲ့ကားကို မစီးရေပမယ့္၊ သူ ေသဆုံးတဲ့အခါမွာ ဒီကားႀကီးကို တစ္ပါးတည္း ယူသြားနိုင္မယ္လို႔ Azubuike က ယုံၾကည္ေနပါတယ္။

သူဟာ ဖခင္နဲ႕အတူ ေျမျမႇုပ္ သျဂၤိုဟ္ဖို႔အတြက္ ေပါင္ (၆,၆၀၀၀)တန္ ကားႀကီးဝယ္ ယူခဲ့ေၾကာင္း နိုင္ဂ်ီးရီး ယားအေျခစိုက္ NAIJ သတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။ ဓာတ္ပုံေတြထဲမွာေတာ့ ေျခာက္ေပအ ထိနက္တဲ့ ေျမတြင္းခပ္ႀကီးႀကီးတစ္ခု တူးထားၿပီး၊ ျမႇုပ္အံ့ဆဲဆဲ BMW ကားႀကီးကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ကားထဲမွာေတာ့ ဖခင္ျဖစ္သူရဲ႕ အေလာင္း ကိုပါ ထည့္သြင္းထားၿပီး၊ ကားထဲမွာ လမ္းေၾ ကာင္းရွာတဲ့ Sat Nav ကိုလည္း ထည့္သြ င္းေပးထားပါတယ္။ Sat Nav ကိုအသုံးျပဳကာ ဖခင္ျဖစ္ သူဟာ တမလြန္မွာ ေကာင္းကင္ဘုံကို တက္မယ့္ေ လွကားကို ရွာေတြ႕လိမ့္မယ္လို႔ Azubuike က ယုံၾကည္ေနပါတယ္။ သို႔ေပမယ့္ သားျဖစ္သူ Azubuike ရဲ႕ လုပ္ရပ္ကို လူေတြက ရႈံ႕ခ်ေနၿပီး အလြန္အသိဉာဏ္ေ ခါင္းပါးသူလို႔ ေျပာေနၾကပါတယ္။

တစ္ခ်ိဳ႕ကလည္း ဖခင္ေ သတာကို သူက နာမည္ေကာ င္းဝင္ယူတယ္လို႔ မွတ္ခ် က္ေပးခဲ့ၾကၿပီး၊ တစ္ခ်ိဳ႕ကေတာ့ တကယ္ေစတ နာရွိရင္ ဒီလိုအပိုေတြလုပ္မေနဘဲ၊ မေသခင္ကတည္းက ဝယ္ေပးမွာပါလို႔ ေျပာခဲ့ပါတယ္။ နိုင္ဂ်ီးရီးယားေဒသခံ တစ္ဦးျဖစ္တဲ့ Sifiso Inno Makhashila အမည္ရ အမ်ိဳးသားက “အသက္ရွင္ေနတုန္း မိဘအတြက္ ကားဝယ္ေပးမယ္ … ၿပီးရင္ သူတို႔ေသဆုံး သြားတဲ့အခါ သင့္တင့္ေ လွ်ာက္ပတ္တဲ့ ေခါင္းတလားေလးနဲ႕ သျဂၤိုဟ္ေပးမယ္ .. အခုဟာက သူ႕လုပ္ရပ္က အေတာ္ေလးကို အသိဉာဏ္ေခါင္းပါးလြန္းၿပီး ေျပာရရင္ ေပၚပင္လုပ္တာပဲ” လို႔ ေဝဖန္ခဲ့ပါတယ္။

ObieNIce Mohale လို႔အမည္ရတဲ့ အျခားတစ္ ဦးကလည္း “ဒီလုပ္ရပ္ဟာ ေအာက္ေျခလူတန္းစား ကြၽန္ေတာ္တို႔ကို ပိုၿပီးဆင္းရဲေစတဲ့ ေငြေၾကးခဝါခ်ေနသူေတြရဲ႕ လုပ္ရပ္ေတြထဲက တစ္ခုပါဘဲ …” လို႔ ေျပာသလို အျခားတစ္ဦးကေတာ့ “အေတာ္႐ူးေၾကာင္ေၾကာင္ နိုင္တဲ့သူပါ … အမွန္က အဲဒါ ငါတို႔ေငြေတြပါ” လို႔ ေရးသားခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *