ခက်ခဲစွာနေခဲ့ရတဲ့ အကျဉ်းထောင်ထဲက ဘဝအမောတွေနဲ့ စိတ်ပင်ပန်းမှုတွေကို ငပိလီကမ်းခြေမှာ ဖြေဖျောက်ရင်း အပန်းဖြေနေတဲ့ ပိုင်တံခွန်

Posted on

ပရိသတ်ကြီးရေ နိုင်ငံကျော် မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ကို တော့ မိန်းကလေး ပရိသတ် အားလုံး ပြောစရာ မလိုအောင် သိလိမ့်မယ် ထင်ပါတယ် ။ ပိုင်တံခွန် ဆိုတာ နဲ့ ဆယ်ကျော်သက် နှုတ်ခမ်းနီ မလေးတွေ နဲ့ အန်တီ မမတို့ အသည်းစွဲ ချစ်ခင် ရတဲ့ မော်ဒယ်လ် မင်းသားလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန် ကို မိသားစု နဲ့ ကမ္ဘာ အရပ်ရပ်က ချစ်ပရိသတ် တွေက လွမ်းနေ ကြပြီး တော့ အခု ချိန် မှာ တော့ ပြန်လည် လွတ်မြောက် လာပြီပဲ ဖြစ်ပါတယ် ။

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဟာ ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီး ခံရပြီး မကြာသေးခင် ရက်ပိုင်းလောက် မှာပဲ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ အခြား အနုပညာရှင် တွေနဲ့အတူ လွတ်မြောက် လာခဲ့တာပါ ။ ဒါကြောင့်လဲ ချစ်တဲ့ ပရိသတ်တွေ အားလုံးနဲ့  မိသားစု က ဝမ်းသာ နေကြပါတယ် ။ လက်တလော အနုပညာ လှုပ်ရှားမှု တွေ က တော့ မရှိ သေးပါဘူး ။ ပိုင်တံခွန် ဟာ သူ့ရဲ့ အနုပညာ အလုပ်တွေ ပြန်လည် လုပ်ကိုင် မယ့် အချိန် တစ်ခုကို အသိ ပေးထား ပါတယ် ။ မတ် လ (၂၀) ရက်နေ့ နောက်ပိုင်း မှာ အနုပညာ အလုပ်တွေ နဲ့ အတူ ပရိသတ် တွေနဲ့  ပြန်လည် တွေ့ဆုံပါမယ်တဲ့ ။

ပိုင်တံခွန် ဟာ အပြင် ပတ်ဝန်းကျင် နဲ့ အသား မကျ သေးတာကြောင့် နေသားကျ အောင် ကြိုးစား နေပါတယ် ။ ဒါကြောင့် စိတ် အပန်းပြေ အောင် ငပလီ မှာ ရောက် ရှိနေ ပြီး စိတ်ပင်ပန်း ခဲ့သမျှတွေကို ဖြေဖျောက် နေပါတယ် ။  စိတ်လွတ် ကိုယ်လွတ် တဝ ကြီး စိတ် အပန်းပြေ အောင် အနားယူ ခဲ့ပါ ပိုင်တံခွန်ရေ … ။

Credit  :  Cele  Only

zawgyi




Credit  :  Cele  Only

Leave a Reply

Your email address will not be published.