Mrs Universe 2019 ရဲ့ Winner ဆုရှင် ဟန်နီချို ကတော့ အိမ်ထောင်ရှင် အလှမယ် တစ်ယောက် အဖြစ် လူသိများသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟန်နီချို ဟာ အိမ်ထောင်ရှင် အလှမယ် တစ်ယောက် အဖြစ် သာမက သာယာတဲ့ မိသားစု ဘဝလေး ကိုလည်း တည်ဆောက် ထားနိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ ဟန်နီချိုရဲ့ သမီးလေးကလည်း Little Chef လေးလို့ သိကြတဲ့ အသက်ငယ်ငယ် လေးနဲ့ ဟင်းချက် ပြတဲ့ သမီးလေး Katherine ဆိုပြီး နာမည်ကြီးသူ တစ်ယောက်ပါ။
လက်ရှိ မှာတော့ ဟန်နီချိုဟာ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပပြုလုပ် နေတဲ့ Mrs Universe 2021 World Final ပွဲကို တက်ရောက် နေတာပဲ ဖြစ်ပါတယ်။ တိုင်းတစ်ပါးမှာ သွားပြီး တက်ရောက် ရတဲ့ ပွဲမှာ ဟန်နီချိုရဲ့ မိတ်ကပ်နဲ့ ဆံထုံး ပြင်ဆင်မှုကို သူမရဲ့ ခင်ပွန်းကို အစအဆုံး ပြင်ဆင် ပေးခဲ့ပြီး ဟန်နီချို ကလည်း သူမရဲ့ ခင်ပွန်း အကြောင်းကို “ပါရမီ ဖြည့်ဖက်ကြီး.. မလုပ်တတ်တဲ့ ပညာကို တောင် ရအောင် သင်ပြီး လှလှလေး ထုံးပေးတဲ့ ဆံထုံးလေးနဲ့ Mrs Universe ပွဲတက် ခဲ့တဲ့ အမှတ်တရ❤️ Make Up Li Li က နာရီဝက် အတွင်း တတ်အောင် သင်ပေး လိုက်တာ❤️” ဆိုပြီး ဂုဏ်ယူစွာ ပြောလာပါတယ်။
ဟန်နီချိုကတော့ ခင်ပွန်းဖြစ်သူ အစအဆုံး ပြင်ဆင် ပေးထားတဲ့ ပွဲတက် မိတ်ကပ်နဲ့ ဆံထုံးပုံ တို့နဲ့ ဂုဏ်ယူစွာပွဲတက် ခဲ့တာပဲ ဖြစ်ပါတယ်။ ဟန်နီချိုတို့ မိသားစုလေးကတော့ မလုပ် တတ်တာ ဘာမှမရှိ လောက်အောင် တော်ကြတဲ့ စံပြ မိသားစု လေးပါပဲ။
Zawgyi