ခုချိန်ထိ စုံလင်အောင် မစားဖူးသေးတဲ့ မြန်မာပြည် က ထိပ်တန်း အစားအစာ ၉ မျိုး

Posted on

အကြောင်း တိုက်ဆိုင် လို့ပဲဖြစ်ဖြစ် မြန်မာ နိုင်ငံ အကြောင်း ထဲထဲဝင်ဝင် မသိသေး တဲ့သူ တစ်ေ ယာက်ကို ကိုယ့်နိုင်ငံ အကြောင်း ပြောခွင့်ရမယ်ဆို ရင် မြန်မာနို င်ငံမှာသာ ရနိုင်တဲ့ အစားအေ သာက်တွေ အကြော င်းကိုလ ည်း မဖြစ်မနေ ထည့်သွင်း ပြောဆိုရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ နဲ့ ထိတွေ့ဆက်ဆံပြီးတဲ့ နော က်ပိုင်းမှာ မြန်မာကို စိတ်ဝ င်စားသူ ကမ္ဘာအနှံ့မှာ ရှိလာပြီး ခရီးသွားလုပ် ငန်းလည်း တိုးတ က်လာပါတယ်။ တစ်နေ့နေ့မှာ သင့်အနေနဲ့လည်း ကိုယ့်နိုင်ငံက အစားအေ သာက်ေ တွအကြောင်း ပြောခွင့်ရလာ နိုင်ပါတယ်။ အရသာရှိလှပြီး မြန်မာနိုင် ငံမှာသာ အပေါ များဆုံးရနိုင်တဲ့ အစားအစာေ တွကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မုန့်ဟင်းခါး

မြန် မာနိုင်ငံ သားေ တွအတွက် မုန့်ဟင်းခါးဟာ အဓိကမနက်စာ ဖြစ်ပါတယ် ။မြန်မာလူမျိုးအများစု ြ ကိုက်နှစ်သက်တဲ့ မနက်စာဖြစ်ပါတယ်။ အခုဆိုရင် ၂၄ နာရီရနိုင်တဲ့ မုန့်ဟင်းခါးဆိုင်ေ တွတောင် ရှိနေတတ်ပါပြီ။

မြန်မာနိုင်ငံကို ရောက်လာတဲ့ ခရီးသွား ဧည့်သည်တွေထဲမှာ မုန့်ဟင်း ခါးကို စိတ်ဝင် စားသူများ စွာ ရှိပါတယ်။ မုန့်ဟင်းခါးကို မြို့တိုင်း မြို့တိုင်းက ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလိုမှာ ရနိုင်ပါတယ်။ မြန်မာပြည်မှာတော့ အရော င်းရဆုံး မနက် စာတစ်မျိုး လို့လည်း ဆိုနိုင်ပါတယ်။ ပါဝင်ပ စ္စည်းများပြားပြီး ချက်ပုံက ရှုပ်ထွေးဆန်းကြယ်တာကြောင့် ပိုပြီးစိတ်ဝင်စားကြပါတယ်။

၂။ ထမင်းနဲ့ ဟင်း

ဆီပြန်တ က်နေအောင် ချက် ထားတဲ့ ဟင်းတွေနဲ့ ထမင်းဟာ အဓိက စားစရာ ဖြစ်ပါ တယ်။ ထမင်းကိုသာ အဓိက အစားအစာအဖြစ် စားကြတဲ့ မြန်မာနိုင်ငံမှာ ထမင်းနဲ့ဟင်းကလည်း မရှိမဖြစ်ပါ။ ခရီးသွား ဧည့်သည်တစ်ယော က်ကိုများ နေ့လည်စာ လိုက်ကျွေးဖို့ အခွင့်ကြုံလာ ပြီဆိုရင် မြန်မာထ မင်းနဲ့ ဟင်းကို မဖြစ်မနေ လိုက်ကျွေးရမှာ ဖြစ်ပါတယ်။

ငါး၊ ကြက်သား၊ ဝက်သား၊ အမဲသားစတာတွေကို ဆီပြန်ဟင်း ဖြစ်အောင်ချက်ထားပုံက မြန်မာများအတွက် မဆန်းပေမယ့် မြန်မာနိုင်ငံသား မဟုတ်သူတွေအဖို့ ဆန်းနေပါလိမ့်မယ်။

မြန်မာ့ရိုးရာ ထ မင်းဝိုင်းဟာ မတ်တပ်ခုံအြ မင့်တွေ စားပွဲခုံအရှည်ေ တွနဲ့ မဟုတ်ပါဘူး။ ကြမ်းပြင်ပေါ်မှာ စားပွဲခုံ ပုပုဝိုင်းဝိုင်းတ စ်လုံးခင်းပြီး စားသောက်ကြရတာ ဖြစ်ပါတယ်။ ဆီပြန်ဟင်း၊ ငပိရည်၊ အသီးအရွ က်ကြော်များနဲ့အတူ တို့စရာေ တွလည်း ပါဝင်တာကြောင့် မြန်မာ့စားစရာ အကြောင်း မသိသူတို့အတွက် အဆန်းတကြယ် ဟင်းလျာများ ဖြစ်နေတတ်ပါတယ်။

မြန်မာ့ရိုးရာ ထမင်းဝို င်းဟာ အနောက်တိုင်းလို ဝို င်တွေမပါပဲ ဆန္ဒရှိရင် လဘက်ရည်ကြ မ်းသို့မဟုတ် ဖျော်ရည်ကိုသာ သော က်သုံးကြပါတယ်။ ထမင်းဝိုင်းအပြီး အချိုတည်းဖို့ လဘက်သုပ်နဲ့ ရေနွေးကြမ်း လည်း လိုဦးမှာပါ။

၃။ လက်ဖက်ရည်နဲ့ မုန့်မျိုးစုံ

မနက်ခင်းနဲ့ နေ့လည်နေ့ခင်းေ တွမှာ လက်ဖက်ရည်နဲ့ မုန့်တွေက အစာပြေဖြစ်ပါတယ်။

လက်ဖက်ခြော က်ကိုနှပ်လို့ ရလာ တဲ့ အရည်နဲ့ နွားနို့(နို့ဆီ) ကို ပေါင်းစပ်ဖန်တီးထားတဲ့ လက်ဖက်ရည်ယဉ်ကျေးမှုကလည်း မြန်မာနိုင်ငံမှာ အတော်လေး ထွန်းကားနေပါပြီ။ မနက်ခင်းလည်း လက်ဖက်ရည်ဆို င်ထိုင်ပြီး မနက်စာ စားတတ်ကြပါတယ်။ မနက်စာ မုန့်ဟင်းခါး ဒါမှမဟုတ် တခုခုစားပြီးရင် လက်ဖက်ရည်သော က်လိုက်မှ နေသာထိုင်သာ ရှိသူတွေလည်း ရှိပါတယ်။

လက်ဖက်ရည် ဆိုင်မှာ ရတတ်တဲ့ ပေါက်စီ၊ အီကြာကွေး၊ စမူဆာတို့အပြင် နံပြား၊ တိုရှည်၊ ပူရီ စတဲ့ အိန္ဒိယရိုးရာ အစား အစာတွေနဲ့လည်း တွဲဖက်သောက်သုံးလို့ သင့်တော်ပါတယ်။ လက်ဖက်ရည်ဆိုင်ယ ဉ်ကျေးမှုဟာ အိန္ဒိယက လာတယ် ဆိုပေမယ့် မြန်မာနိုင်ငံ မှာတော့ အတော်လေး ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

၄။ နန်းကြီးသုတ်

နန်းကြီးသု တ်ကလည်း မနက်စာထဲ မှာ မုန့်ဟင်း ခါးနဲ့အပြိုင် နာမည်ကြီးတဲ့ အစားအစာပါ။န န်းကြီးသုတ်က လည်း မုန့်ဟင်းခါး လိုပဲ မြန်မာတွေရဲ့ မနက်စာအတွက် အရေးပါတဲ့ အစားအစာဖြစ်ပါတယ်။ ခေါက်ဆွဲနဲ့ မုန့်ဖတ် ကိုအခြေခံပြီး နည်းအမျိုးမျိုး ဖန်တီး ထားတဲ့ မြန်မာတွေရဲ့ မနက်စာထဲ မှာ နန်းကြီးသုတ် ကြိုက်သူတွေလည်း ရှိပါတယ်။

အလုံးအထည်ကြီးအောင် လုပ်ထားတဲ့ ဆန်မုန့်ဖတ်တွေကို ကြက်သား၊ ဘဲဥ၊ ကြက်သွန်နီ ပါးပါးလှီးထားတာတွေ ထည့်ပြီး သမအောင်မွှေကာ စားသောက်ရတာ ဖြစ်ပါတယ်။

၅။ လက်ဖက်သုပ်

ရိုးရာ, အစားအစာ, မုန့်ဟင်းခါး, ဒန်ပေါက်, အကြော်စုံ, လက်ဖက်သုပ်, နန်းကြီးသုပ်ရိုးရာအစားအစာထဲမှာ အရသာကောင်းတဲ့ လက်ဖက်သုပ်က ထိပ်တန်းဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ နာမ ည်ကြီးဆုံးနဲ့ အရသာအရှိဆုံးစာရ င်းဝင် အစားအစာြ ဖစ်ပါတယ်။ မြန်မာ့လက် ဖက်သုပ်ဟာ သူ့ရဲ့ အရသာရှိတဲ့ အရည်အသွေးကြောင့် ကမ္ဘာကျော်ပြီးသားဖြစ်ပါတယ်။ Amazon လို ကမ္ဘာကျော် အွန်လိုင်း စတိုး မှာတောင် မြန်မာကထုတ် တဲ့ အသင့်စား လက်ဖက်သုပ်တွေ ရောင်းချလျှက် ရှိပါတယ်။

ပုံမှန်အားဖြင့် ချဉ်စပ်လက်ဖက်နဲ့ အခါးလက်ဖက် နှစ်မျိုးရှိပြီး မြေပဲ၊ ကြက်သွန်ကြော်၊ နှမ်း၊ ကုလားပဲခြမ်း၊ ပဲကြီးခြမ်း၊ ပုစွန်ခြောက် စတဲ့ အခြေခံ လိုအပ်ပစ္စည်းတွေအပြင် ဂေါ်ဖီ၊ ခရမ်းချဉ်းသီး စသဖြင့် ကြိုက်နှစ်သက်ရာ ထည့်သွင်း စားသုံးနိုင်ပါတယ်။

၆။ ရှမ်းအစားအစာများ

ရှမ်းလူမျိုးေ တွရဲ့ ရိုးရာအစား အစာတွေ ကလည်း မရိုးနိုင်အော င် ကောင်းလှ ပါတယ်။ ရှမ်းရိုးရာ အစားအစာတွေ ဟာ လည်း မြန်မာနိုင်ငံမှာ အရသာကောင်းပြီး နာမည်ကျော်လှပါတယ်။

ရှမ်းထမင်းချဉ်၊ ငါးထမ င်းချဉ်၊ တို့ဟူးနွေး၊ စတဲ့ အစားအစာတွေလည်း နေရာအေ တာ်များများမှာ အလွယ်တကူ ရနေနိုင်ပြီ ဖြစ်ပါတယ်။ စေးနေအောင် ဖန်တီးထားတဲ့ ရှမ်းခေါက်ဆွဲ၊ မြီးရှည်စတဲ့ အစားအစာများလည်း စမ်းသပ်စားသုံး ကြည့်ဖို့ မြန်မာ့ အစား အစာအကြောင်း မသိသူတွေကို တိုက်တွန်းသင့်ပါတယ်။

၇။ မြန်မာ့ရိုးရာ မုန့်မျိုးစုံ

ရိုးရာမုန့်မျိုး စုံဟာ နေ့လည်နေ့ခင်း အစာပြေအဖြစ် စားသုံးနို င်ပါတယ်။ အစာပြေစားဖို့ လွယ်လွယ်ကူ ကူရနိုင်တာ ကတော့ မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြစ်ပါတယ်။ ဆနွင်မကင်း၊ ရွှေကျီ၊ ကောက်ညှ င်းထုတ်၊ ဆီထမင်း၊ ကောင်းညှင်းပေါင်း၊ စတဲ့ သရေစာမုန့်ပေါင်းများစွာလည်း ရနိုင်ပါသေးတယ်။

အားလုံးနီးပါးက ဆန်နဲ့ ဂျုံကတဆင့် ထုတ်လုပ်ထားတာဖြစ်ပြီး ပါဝင်ပစ္စည်းအဖြစ် သကြားနဲ့ အုန်းသီးသာ ပါတာကြောင့် ကျန်းမာရေးထိခိုက်မှာလည်း သိပ်ပူစရာ မလိုလှပါဘူး။ မြန်မာ့သရေစာ မုန့်မျိုးစုံကိုလည်း ညွှန်းဆိုသင့်ပါတယ်။

၈။ ဒန်ပေါက်

အလှူအ တန်းေ တွမှာလည်း ဒန်ပေါက်ကို ကျွေးမွေးေ လ့ရှိပါတယ်။

ဒန်ပေါက်က မြန်မာ့ ရိုးရာ စားစရာစစ်စစ် မဟုတ်ပေမယ့် မြန်မာပြည်မှာ တွင်တွင် ကျယ်ကျယ် ရောင်းချနေတဲ့ စားစရာဖြစ်ပါတယ်။ ဒန်ပေါက်ရောင်းချတဲ့ လုပ်ငန်းကို မွတ်ဆလင်လူမျိုးအများစု လုပ်ကိုင်ကြပါတယ်။ ကြက်သားဒန်ပေါက်၊ ဆိတ်သား ဒန်ပေါ က်တွေအပြင် သက်သက်လွတ်သီးစုံ ဒန်ပေါက်တွေလည်း ရနိုင်ပါတယ်။

၉။ အကြော်စုံ

အရသာ မျိုးစုံနဲ့ အကြော်စုံ ကို မြန်မာပြည်မှာ ဈေးသက် သက်သာသာနဲ့ စားသုံးနိုင်ပါတယ်။မြန်မာ့အစားအစာထဲမှာ မထည့်သွင်းလို့ မဖြစ်တဲ့ နောက်တစ်မျိုးက အကြော်စုံဖြစ်ပါတယ်။ ပဲကပ်ကြော်၊ ဘယာေ ကြာ်၊ တို့ဟူးကြော်၊ ဘူးသီးကြော်၊ အား လူကြော် စသဖြင့် အကြော်မျိုးစုံရ နိုင်တဲ့ နေရာတွေများစွာ ရှိပါတယ်။

အကြော်တွေကို အချဉ်ရေနဲ့ နှစ်ပြီးစားရတဲ့ အရသာကလည်း ထူးခြားလှပါတယ်။ အကြော်ဆိုင်တွေဟာလည်း နိုင်ငံအနှံ့ မြို့အသီးသီးမှာ ပေါများစွာ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *