ချစ်ကောင်းရဲ့ မွေးနေ့ကို သူမတို့ငယ်စဉ်ကအတူသီချင်းဆိုတုန်းကရိုက်ထားတဲ့ ပုံလေးနဲ့မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မေခလာ

Posted on

“ကိုယ်ဟာ လူကြမ်းလေး” ပါဆိုတဲ့ သီချင်း သံလေးကို ကြား လိုက်ရင် အဆိုတော်ကြီး ချစ်ကောင်း ကို အားလုံးပဲ ပြေးမြင် မိမယ် ထင်ပါတယ်။ ချစ်ကောင်း ဟာ တစ်ခေတ် တစ်ခါက အောင်မြင် ကျော်ကြား ခဲ့ပြီး အခုချိန် ထိလဲ ပရိသတ် တွေ ရင်ထဲမှာ နေရာ ယူထားဆဲ အဆိုတော်ကြီး တစ်ဦးပါပဲ။ နာမည်ကြီး သီချင်းကောင်း များစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေ တစ်ခဲနက်လက်ခံ အားပေး ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။

ချစ်ငယ် လို့ ချစ်စနိုး ခေါ်ကြတဲ့ အဆိုတော်ကြီး မေခလာ ဟာလဲ လူကြီး လူငယ်ကြိုက် တေးသီချင်းကောင်း များစွာကို သီဆိုထား ပြီးတော့ ပရိသတ် အချစ်ကို ဦးချစ်ကောင်း ကဲ့သို့ ထပ်တူ ပိုင်ဆိုင် ထားတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၄ ရက်နေ့ ကတော့ အဆိုတော်ကြီး ချစ်ကောင်း ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ ဦးချစ်ကောင်း ရဲ့ အသက် ၇၄ နှစ်ပြည့်မွေးနေ့ကို ချစ်ငယ် ဟာ အခုလိုပဲ ဆုတောင်း ပေးလိုက် ပါတယ်။ ” ငယ်ငယ်တုန်းထဲက ပဲများ ကြတဲ့ မောင်နှမ မွေးနေ့ ရက်မှစ တသက်လုံး စိတ်ချမ်းသာပါစေ ကိုချစ် “လို့ ဓာတ်ပုံ လေးနဲ့အတူ ရေးသား မျှဝေ ထားပါတယ်။

ပရိသတ် ကြီးရေ အဆိုတော်ကြီး ဦးချစ်ကောင်း ရဲ့ ယနေ့ ကျရောက် လာတဲ့ မွေးနေ့ကို ဆုတောင်း စကားလေးတွေ ကောမန့်မှာ ပြောပေး ခဲ့ပါ အုန်းနော်။ ဦးချစ်ကောင်း လဲ ချစ်တဲ့ မိသားစု နဲ့ အသက် ရှည်ရှည် အတူတကွ နေထိုင် နိုင်ပြီး ပရိသတ် ချစ်တဲ့ သီချင်းတွေ များစွာ ဖန်တီးနိုင် ပါစေလို့ မှဆုတောင်း မေတ္တာပို့သ အပ်ပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.