ချစ်ချစ် မုန်းမုန်း အစွန်းမရောက်ရင်အိုကေပါတယ် လို့ ဆိုလိုက်တဲ့ မင်းသားဇာဏ်ခီ

Posted on

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် မင်းသားချော ဇာဏ်ခီ ကတော့ အနုပညာကို ဘက်စုံတော်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ရိုက်ကူး တင်ဆက် ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တိုင်းဟာလဲ ပရိသတ်တွေ ကြားထဲမှာ နာမည်ကြီးကျော်ကြား လူကြိုက် များခဲ့ ကြပါတယ်။ မင်းသား ဇာဏ်ခီ မှာတော့ အရမ်းကို နားလည် လွန်းတဲ့ ပါရမီဖြည့်ဘက် ဇနီးသည် ဒါရိုက်တာ ခရစ်တီနားခီ နဲ့အတူ ဘဝကို ဖြတ်သန်းရင်း ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးကိုပိုင်ဆိုင်ထားပါတယ်။

မင်းသား ဇာဏ်ခီ ဟာ ချစ်ရတဲ့ ပရိသတ်တွေကို ဘဝအတွက် အကျိုးရှိစေမယ့် စာသားလေးတွေ မျှဝေပေး လိုက်ပါတယ်။ ဇာဏ်ခီ မျှဝေပေးလိုက်တဲ့ စာသားတွေကတော့ ပရိသတ်တွေ အတွက် အရမ်းကို အကျိုးရှိ စေမှာပါ ဖတ်ကြည့် လိုက်ပါ အုန်းနော်။ ” ချစ်ခြင်း မုန်းခြင်း ကင်းအောင် နေတယ် ဆိုတာ ဟုတ်မလိုလိုနဲ့ မဟုတ်တဲ့စိတ်ပဲ.. မမုန်းချင်လို့ မချစ်တော့ဘူးဆိုရင် ချစ်စရာ ကောင်းတဲ့ သူတွေအတွက် မနစ်နာဘူးလား.. နောက်တခုက မနှစ်မြို့စရာကောင်းတဲ့ သူတွေကို ချစ်စရာကောင်းတဲ့သူတွေနဲ့ ထူးမခြား နားထားသင့်သလား။ ချစ်ပါ ဒါပေမယ့် မစွဲလန်းနဲ့.. အတ္တကြီးလာလိမ့်မယ်..မုန်းပါ ဒါပေမယ့် အငြိုးတော့မထားနဲ့.. ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်စေမယ်.. ချစ်ချစ် မုန်းမုန်း အစွန်းမရောက်ရင်အိုကေပါတယ်”လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကဲ…စာဖတ်ပရိသတ်ကြီးရေ မင်းသား ဇာဏ်ခီ ရဲ့ ချစ်ချစ် မုန်းမုန်း အစွန်းမရောက်ရင်အိုကေပါတယ် ဆိုတဲ့ စာသားလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.