ချစ်စရာကောင်းတဲ့ ပြည်သူ့အချစ်တော်မင်းသမီးလေးမြနှင်းရည်လွင်ရဲ့ ငယ်ဘဝ ပုံရိပ်များ

Posted on

ပရိသတ် ကြီးရေ သရုပ်ဆောင် မြနှင်းရည်လွင် က တော့ ဖေဖော်ဝါရီလ ကတည်းက အမှန်တရား အတွက် ပြည်သူတွေ ဘက်မှ ပြတ်ပြတ် သားသား ရပ်တည် ခဲ့ပြီး အတူတကွ တိုက်ပွဲဝင် ခဲ့တဲ့ မင်းသမီး ချောလေး ဖြစ်ပါတယ်။ ဒါကြောင့် မြနှင်းရည်လွင် ကို အာဏာသိမ်း စစ်ကောင်စီမှ အမှုဖွင့် ထားပြီးတော့ လက်ရှိမှာ လွတ်မြောက် နယ်မြေ ကို ထွက်ပြေး တိမ်းရှောင် နေရ ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင် ကတော့ လက်ရှိမှာ လွတ်မြောက် နယ်မြေ တစ်နေရာ တွင် တော်လှန်ရေး အတွက် တာဝန် ထမ်းဆောင် နေတာ ဖြစ်ပါတယ်။ ပြည်သူတွေ အားလုံး စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် အကြောင်းတွေ ကိုလည်း လူမှု ကွန်ယက် များမှ တစ်ဆင့် ဝေမျှ ပေးနေတာ ဖြစ်ပါတယ်။

မြနှင်းရည်လွင် ကတော့ မလွယ်ကူ တဲ့ လမ်းကို ရွေးချယ် ထားတာကြောင့် အခက်အခဲ မျိုးစုံ ရင်ဆိုင် ဖြတ်သန်း နေရ ပေမယ့် လုံးဝ မမှုဘဲ ရဲရင့် လွန်းတဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။အခုအချိန် မှာ သူမဟာ မပြင် မဆင် ပေမယ့် လှပနေဆဲ ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မြနှင်းရည်လွင် ကို လွမ်းနေတဲ့ ပရိသတ်တွေ အတွက် သူမရဲ့ ငယ်ဘဝ ဓာတ်ပုံလေး တစ်ချို့ကို မျှဝေတင်ဆက် ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.