ပရိသတ် ကြီးရေ သင်ဇာဝင့်ကျော် ကတော့ မကြာခင် ကပဲ ချစ်သူကောင်လေး ရရှိသွားခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ် တွေကလည်း မနဲ့မောင် ဖြစ်တဲ့ သူမတို့ စုံတွဲလေးကို သဘောတူ အားပေး ဝန်းရံလျက် ရှိခဲ့ ကြတာပါ။
လက်ရှိ မှာတော့ သင်ဇာ ကတော့ ပရိသတ်တွေ အံ့အားသင့် စေမယ့်အရာ တစ်ခုကို ထပ်မံ ချပြ ခဲ့တာပါ။ အကြောင်း ကတော့ သူမအနေနဲ့ အနုပညာ အသစ်ဖန်တီးမှု တစ်ခု အဖြစ် ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ကို ပရိသတ် တွေကို ချပြဖို့ ပြင်ဆင် ထားကြောင်း music video official teaserလေးကို တင်လာ ခဲ့တာပါ။
“သင်ဇာ ကိုယ်တိုင် သီဆိုထားတဲ့ ‘ကျေနပ်ရတယ်’ music video official teaser လေးပါ 🖤။ အားပေးကြပါဦးရှင့် 😊Coming soon 🔜 နော် Stay tuned 🖤🖤🖤”ဆိုတဲ့ စာလေးနဲ့ music video လေးထဲမှာ သူမရဲ့ ချစ်သူကောင်လေးနဲ့ တွဲဖက် သရုပ်ဆောင် ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ် တွေလည်းသင်ဇာရဲ့ music video official teaser လေးကို ကြည့်ရှူပြီး သဘောကျရင် မှတ်ချက် ပေးခဲ့ ပါဦးနော်။
Zawgyi