ခြင်တွေမလာအောင်… ခြင်ပြေးအောင် အိမ်မှာ စိုက်နိုင်တဲ့ အပင် (၅) မျိုး

Posted on

အခု လို မိုးရာသီ မှာ ခြင်ကြောင့် ဖြစ် တတ်တဲ့ ရောဂါတွေဆိုတာ လည်း ပေါမှပေါ ။ ဒီတော့ ခြင်မကိုက်ေ အာင် နေဖို့ ကျန်း မာရေး ဌာနတွေက အမြဲတမ်းဆော် ဩနေကြတာေ ပါ့။

နေ့နေ့ ညည အိပ်တဲ့ အခါတိုင်း ခြင်ထော င်နဲ့ အိပ်ဖို့ ၊ ခြင်နိုင်ဆေးဖြန်းဖို့ နဲ့ ခြင်မပေါက်ပွားေ အာင် ဖုံး/သွန်/လဲ/စစ်နည်းတွေ သုံးဖို့ တိုက်တွ န်းနေကြပါတယ်။

အခုပြောမှာ ကတော့ ခြင်ပြေးစေဖို့ နည်း လမ်းထဲမှာ အသုံးလည်း တည့်ပြီး စိတ်ကိုပါ ကြည်နူးေ စမယ့် အပင်လေးေ တွအကြောင်း ဖြစ်ပါတယ်။

(၁) ကြောင်ဆေးပင်

တစ်ခြားေ နရာမှာေ တာ့ မသိဘူး။ မြန်မာ နိုင်ငံမှာ ကြောင်ဆေး ပင်လို့ခေါ်သလို ကြောင် ရိုသေပင်လို့လည်း ခေါ်ကြပါတယ်။ စိုက်ရတာ အလွ န်လွယ်တဲ့ သဘာဝပေါက်ပင်ဖြစ်ပါတယ်။ နာမည်အတိုင်း ကြောင်တွေ သိပ်ကြိုက်တဲ့ အပင်ဖြစ်ပါတယ်။

အပင်ရှိ ရုံနဲ့တင် ခြင်တွေ မလာအောင် မောင်းထုတ်ေ ပးနိုင်ပါတယ်။ ခြင်မကို က်စေဖို့ တစ်ချို့တွေက အရွက်ကို ကိုယ်လုံးမှာ ပွတ်သွားကြပါတယ်။

(၂) လာဗင်ဒါ

အိမ်တွင်း မှာ ပန်းနံ့လေးလ ည်း သင်းမယ် ခြင်လည်း ပြေးစေချင် တယ်ဆိုရင် လာဗင်ဒါပ န်းတွေ စိုက်ထားဖို့ အကြံပေးချင် ပါတယ်။ လာဗင် ဒါပန်းခြောက်ဟာ ခြင်တင်မဟုတ်ဘဲ ပိုးဖလံတွေပါ မောင်းထု တ်ပေးနိုင်ပါတယ်။

လာဗင်ဒါရဲ့ သဘောကတော့ ရနံ့လည်း သင်းပြီး လူကို စိတ်လက်ြ ကည်သာအောင်နဲ့ သက်တော င့်သက်သာဖြစ်အောင် ကူညီပေးနိုင်သလို ညဘက်ပါ အိပ်လို့ ကောင်းအောင် ကူညီပေးနိုင် ပါတယ်။

(၃) ပင်စိမ်း

ဟင်းခပ်အေ မွှးအကြိုင်တ စ်ခုအဖြစ် နာမည် ကြီးတဲ့ အပင်ပါ။ ပင်စိမ်းဟာ ဟင်းအမယ်တွေကို အရသာရှိစေတဲ့အပြင် ခြင်တွေ နဲ့ ပိုးပရွက်တွေ ခြောက်ထုတ်နိုင်တဲ့အပင်ဖြစ်ပါတယ်။

ဒီတော့ အိမ်ထဲမှာပဲ ဟင်းစားလည်းရ ခြင်လေးဘာလေး ပြေးအောင် ပင်စိမ်းသာ စိုက်ထားပါတော့။

(၄) ပူစီနံ

ပူစံနံတွေ ကလည်း ပင်စိမ်းလိုပါပဲ။ အတို့အမြှုပ်လိုလည်း စားနိုင်သလို ခြင်မောင်း ပင်အဖြစ်လည်း သုံးနိုင်မှာပါ။ အိုးလေးနဲ့ စိုက်ထားမယ်ဆိုရင် မုန်းလောက်အောင် စားရပါလိမ့်မယ်။

(၅) စပါးလင်

ဟင်းခတ်အေ မွှးအကြိုင်ပင်ေ တွထဲမှာ စပါးလင်ကို လည်း ခြင်နိုင်ဆေးအဖြစ် သုံးလို့ ရပါတယ်။

စပါးလ င်ကတော့ အမြင့် ၅ ပေကနေ ၆ ပေအထိ ကြီးနိုင်တဲ့ အပင်ဖြစ်လို့ အိမ်မှာစိုက် မယ်ဆိုရင် မြေကျယ်ကျယ်မှာ ဒါမှမဟု တ်ရင်လည်း အိုးအကြီးစားထဲမှာ ထည့်စိုက်ဖို့တော့ လိုမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *