ခြေထောက် ထဲကနေ အပ်နဲ့,ဆေးထိုးအပ်တွေ အလိုလို ထွက်လာတယ် ဆိုတဲ့ အိန္ဒိယအမျိုးသမီး

Posted on

အိန္ဒိယ နိုင်ငံသူတစ်ေ ယာက်ြ ဖစ်တဲ့ Anusuiya Devi ဟာ သူမရဲ့ ခြေထော က်ထဲကနေ အပ်ကဲ့သို့ ချွန်ထက် တဲ့အရာတွေ ထွက်ရှိနြေ ခင်းကို သူမအနေနဲ့လည်း နားမလည်ဘူးလို့ ဆိုပါတယ်။ ဒေါက် တာတွေက စစ်ဆေးတဲ့အခါမှာ သူမရဲ့ ခန္ဓာကိုယ် အတွင်း ရောက်ရှိနေတဲ့ အပ်၊ ဆေးထိုးအ ပ်ကဲ့သို့သော အရာပေါင်း (၇၀)ကို ဓာတ်မှန်စက်က မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်း ကို Viral က ဖော်ပြထား ပါတယ်။ အသက်(၃၅)နှစ်အရွယ် Devi ဟာ အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်၊ Fatehpur ခရိုင်အတွင်းက ရွာကလေး တစ်ရွာမှာ နေထိုင်သူဖြစ်ပြီး၊ သူမရဲ့ ဖွင်ဟဝန်ခံ ချက်အရ အပ်ကဲ့သို ချွန်ထက်တဲ့အ ရာတွေဟာ သူမရဲ့ ခြေထော က်တွေမှ 2012 ခုနှစ်ကတည်းက ထွက်ရှိခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေါက်တာတွေကေ တာ့ သူမရဲ့စ ကားကို လက်ခံခြင်းမရှိဘဲ၊ မိမိဘာသာ ထိုး သွင်းထားတဲ့ အရာတွေဖြ စ်ကြောင်း အတည်ပြု ထားပါတယ်။ သူမမှာ ရရှိထားတဲ့ ဒဏ်ရာတွေကို ဆေးဘက်ဆိုင်ရာ စက်တွေနဲ့ စစ်ေ ဆးတဲ့အခါမှာ ၎င်းဘာသာ တမင်အပ်တွေ ထိုးသွင်း ထားတယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းဆိုပါတယ်။

Devi ကတော့ တစ်ခါမှ ဒီလိုမလုပ် ဖူးကြောင်း ငြင်းပယ်ခဲ့ပြီး ” ဒီပြဿနာဖြစ်နေတာ 5 နှစ် ရှိပါပြီ .. ဘာလို့လဲဆို တာတော့ ကျမ ရှင်းမပြတတ်ဘူး … အပ်တွေက ခြေထောက်ကနေ အလိုလို ထွက်ထွက် လာတယ် … ဒေါက်တာတွေ ပြောသလို မဟုတ်ပါဘူး … ကျမမှာ ကူညီနိုင်မယ့်သူ လိုအပ်ပါတယ် “လို့ ပြောခဲ့ပါတယ်။

သူမရဲ့ အဆိုအ ရတော့ ဒီအပ်တွေဟာ အပြင်ကိုရောက်ဖို့ ကနဦးဆုံး ဝက်ခြံကဲ့ သို့ အဖုအပိန့်တွေ ပေါ်လာလေ့ရှိပြီး၊ နောက် တဖြည်းဖြည်း အပြင်ကို ထွက်လာကြောင်း ဆိုပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သဘာဝမဟု တ်တဲ့ အပ်တွေ ထွက်လာ တယ်ဆိုတာ ရောဂါတစ် ခုကြောင့်ဖြစ်နိုင်ကြော င်းဆိုတာ လက်ခံဖို့ ခဲယဉ်းပါတယ်။

Devi ဟာ မုဆိုးမ တစ်ယောက်ဖြစ်ပြီး၊ သူမ ခင်ပွန်းဆုံး ကတည်းက အစ်ကိုဖြစ်သူ Awadhesh Kumar က သူမအိမ်ကို လာရောက်နေ ထိုင်ပါတယ်။ Kumar ကလည်း ဒေါက်တာတွေ ရဲ့အဆိုကို ငြင်းပယ်ခဲ့ပြီး၊ ညီမဖြစ်သူရဲ့ အဆိုကို ထောက်ခံခဲ့ပါ တယ်။ သူ့ရဲ့ညီမနဲ့ တစ်သက် လုံးနေလာလို့ ကိုယ့်ကိုယ်ကို နာကျင်ေ အာင်လုပ်ခြင်း၊ အပ်တွေ ထိုးသွင်းခြင်းကို တစ်ခါမှ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။

Zawgyi Version







Leave a Reply

Your email address will not be published. Required fields are marked *