ခွေးစာ ကျွေးခြင်း၏ ကုသိုလ်အကျိုး……….

Posted on

ဘယ်နေရာေ ရာက်ရောက် ခွေးကျွေး တဲ့အလုပ် ကလေးကိုတော့ ဝတ် တစ်ခု လိုကိုထားပြီး လုပ်ဖြစ်ပါတယ်။ တစ်ခါတလေ ဆို လမ်းပေါ်မှာခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာမုန့်ဆို င်ကဝယ်ပြီး ကျွေးခဲ့ဖူးပါ တယ်။ တစ်နေ့တော့ ဒီခွေးကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းကမေးခွန်းတစ်ခု မေးလာပါတယ်။

“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။ မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။ ဒီတော့မှ မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာ နံကြောင့်တော့ မဟုတ်ဘူး။ သီဟိုဠ်ဝတ္ထုလေး တစ်ပုဒ်ကို ဖတ်ဖူး ထားလို့ပါ” လို့ပြောပြီး အဲဒီသီဟို ဠ်ဝတ္ထုလေးကိုပါ သူငယ်ချင်းကိုပြောပြဖြစ်လိုက်ပါတယ်။

သူငယ်ချင်း က “သြော်…ဒါကြောင့်ကိုး။” လို့ အတည်လို လိုနောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါသေးတယ်။ သူငယ်ချင်းကို ပြောပြဖူးခဲ့တဲ့ သီဟိုဠ်ဝတ္ထုလေးကို အခုချစ်တဲ့ စာဖတ်သူတွေကို လည်း ပြန်ပြောပြချင်ပါတယ်။

♦ တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ “အရှင်စူဠနာဂ” လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မြတ်စွာဘုရားရဲ့ညှပ်ရိုးတော်ကို ဌာပနာထားရာ လည်းဖြစ်၊ေ ဒဝါနံပိယ တိဿမင်းကြီးရဲ့ ကောင်းမှုလ ည်းဖြစ်တဲ့ ထူပါရုံစေ တီဆိုတာ ရှိပါတယ်။ ထူပါရုံစေ တီတော်ရဲ့အနီး မှာရှိတဲ့ ကျောင်းကြီးကို လည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာ ဂဟာ အဲဒီထူပါရုံေ ကျာင်းတိုက်ကြီးမှာ တခြားရဟန်းေ တာ်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။

♦ တစ်နေ့မှာ အရှင်စူဠ နာဂဆွမ်းစားပြီးလို့ ခံတွ င်းဆေးပြီးချိန်မှာ သားတွေပေါက် ထားတဲ့ခွေးမ တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ခွေးမကိုသေချာ ကြည့်လို က်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင် မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠ နာဂက တော်တော်လေး သနားသွားပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေး ပြီးပြီဆိုတော့ ကျွေးစရာဆွမ်းကျန်လည်း မရှိတော့ပါဘူး။

ဒါကြောင့် ဘာလုပ်လိုက် သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကိုကျွေး လိုက်ပါတယ်။

အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေး ရုံတင်မကပါဘူး၊ အိုးခြမ်း ကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက် ပါသေးတယ်။ အစာထိုက်သင့် သလောက်ဝသွားတဲ့ေ ခွးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေဖြစ်လာပါတယ်။

♦ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ရဲ့ဆုတောင်းက

♦”ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကို ယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်း လာဘ် လာဘပေါများ ရပါလို၏” တဲ့။

စာမှာတော့ အရှင်စူဠနာဂရဲ့ ဒါနစေတနာဟာ ပထမဇောအ ဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။

♦အရှင်စူဠနာဂ ဆုတောင်းတဲ့နေ့ ညချမ်းမှာ ပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ” လို့ မေးပြီး ရောက်လာ ကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

♦နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးေ တွကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်း သုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်း လိုက်ပါတယ်။

♦နံနက်လင်းလို့ ဆွမ်းခံကြွတဲ့ အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့မရနိုင်ေ လာက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။

♦ဘယ်လော က်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂ က ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျော င်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီးနေ့စဉ်ပြန်လှူခဲ့ပါတယ်။

♦တစ်နေ့မှာေ တာ့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ဝိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ် သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ “ဒါနစေတနာ”ဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ “အရဟတ္တဖိုလ်”အထိ အကျိုးပေးသွားတာပါပဲ။

♦ အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်ဝန်ခံလိုက်ပါတယ်။

အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။ အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလိုရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။

♦မဟာေ ဗာဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေဝမ်းရောဂါကို အပြင်းအထန်ခံစား ရပါတော့တယ်။ ဒီတော့ အတူပါလာသူ ရဟန်းတော်ေ တွလည်း စိတ်မကောင်းဖြ စ်ကြရပါတယ်။

♦သူတို့စိတ်မေ ကာင်းဖြစ်ကြခြင်းရဲ့ အကြောင်း ကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရ ဟန်းငါးရာကို ဘယ်လိုမိန့် သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ဓါတ်တော်ကို ရှေ့ဆုံးကကြွတဲ့ မထေရ်ရဲ့ေ ရစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ချည်ပြီး မြို့ရွာထဲဝင်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရား။” လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီးြ ကွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့ မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

♦စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မဝတ္ထုလေးပါ။

♦ စေတနာရဲ့ သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ဝတ္ထုလေးအြ ဖစ်လည်း ပူးတွဲသဘောေ ပါက်လိုက်ရပါတယ်။ အရှင်စူဠနာဂရဲ့ဝတ္ထုလေးကို သတိရနေသမျှတော့ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။ ခွေးတွေကို ကျွေးဖြစ်နေ သမျှတော့ အရှင်စူဠနာဂရဲ့ ဝတ္ထုလေးကို သတိရနေဖြစ် အုံးမှာပါ။

Credit ### မေတ္တာဖြင့် ပြန်လည်မျှဝေသည် NanThidar Shwe ခွေးကျွေးခြင်း၏ ကုသိုလ်အကျိုး

Zawgyi Version

ဘယ္ေနရာေ ရာက္ေရာက္ ေခြးေကြၽး တဲ့အလုပ္ ကေလးကိုေတာ့ ၀တ္ တစ္ခု လိုကိုထားၿပီး လုပ္ျဖစ္ပါတယ္။ တစ္ခါတေလ ဆို လမ္းေပၚမွာေခြးပိန္ကေလးေတြ ေတြ႕ရရင္ေတာင္ နီးစပ္ရာမုန့္ဆို င္က၀ယ္ၿပီး ေကြၽးခဲ့ဖူးပါ တယ္။ တစ္ေန႕ေတာ့ ဒီေခြးေကြၽးတာႏွင့္ ပတ္သက္ၿပီး သူငယ္ခ်င္းကေမးခြန္းတစ္ခု ေမးလာပါတယ္။

“တနလၤာနံမို႔ ေခြးေကြၽးတာလား” တဲ့။ မိမိက “တနလၤာနံ ဆိုတာ ဘာလဲ” လို႔ ျပန္ေမးေတာ့ သူငယ္ခ်င္းက “ေငြနံေလ” တဲ့။ ဒီေတာ့မွ မိမိလည္းသေဘာေပါက္သြားၿပီး “တနလၤာ နံေၾကာင့္ေတာ့ မဟုတ္ဘူး။ သီဟိုဠ္၀တၳဳေလး တစ္ပုဒ္ကို ဖတ္ဖူး ထားလို႔ပါ” လို႔ေျပာၿပီး အဲဒီသီဟို ဠ္၀တၳဳေလးကိုပါ သူငယ္ခ်င္းကိုေျပာျပျဖစ္လိုက္ပါတယ္။

သူငယ္ခ်င္း က “ေၾသာ္…ဒါေၾကာင့္ကိုး။” လို႔ အတည္လို လိုေနာက္သလိုလိုနဲ႕ ျပန္ေျပာခဲ့တာ အခုအထိ မွတ္မိေနပါေသးတယ္။ သူငယ္ခ်င္းကို ေျပာျပဖူးခဲ့တဲ့ သီဟိုဠ္၀တၳဳေလးကို အခုခ်စ္တဲ့ စာဖတ္သူေတြကို လည္း ျပန္ေျပာျပခ်င္ပါတယ္။

♦ တစ္ခါတုန္းက သီဟိုဠ္ကြၽန္းမွာ “အရွင္စူဠနာဂ” လို႔ အမည္ရတဲ့ မေထရ္တစ္ပါးရွိခဲ့ဖူးပါတယ္။ သီဟိုဠ္ကြၽန္း အႏုရာဓၿမိဳ႕မွာ ျမတ္စြာဘုရားရဲ႕ညွပ္ရိုးေတာ္ကို ဌာပနာထားရာ လည္းျဖစ္၊ေ ဒဝါနံပိယ တိႆမင္းႀကီးရဲ႕ ေကာင္းမႈလ ည္းျဖစ္တဲ့ ထူပါ႐ုံေစ တီဆိုတာ ရွိပါတယ္။ ထူပါ႐ုံေစ တီေတာ္ရဲ႕အနီး မွာရွိတဲ့ ေက်ာင္းႀကီးကို လည္း ထူပါ႐ုံေက်ာင္းတိုက္ႀကီးလို႔ ေခၚပါတယ္။ အရွင္စူဠနာ ဂဟာ အဲဒီထူပါ႐ုံေ က်ာင္းတိုက္ႀကီးမွာ တျခားရဟန္းေ တာ္ေတြႏွင့္အတူ သီတင္းသုံးေနတဲ့ ရဟန္းတစ္ပါးပါ။

♦ တစ္ေန႕မွာ အရွင္စူဠ နာဂဆြမ္းစားၿပီးလို႔ ခံတြ င္းေဆးၿပီးခ်ိန္မွာ သားေတြေပါက္ ထားတဲ့ေခြးမ တစ္ေကာင္ကို ေတြ႕လိုက္ရပါတယ္။ေခြးမကိုေသခ်ာ ၾကည့္လို က္ေတာ့ ပိန္ပိန္ခ်ည့္ခ်ည့္နဲ႕ အေတာ္ဆာေလာင္မြတ္သိပ္ေနတဲ့ပုံပါ။ ဆာေလာင္ မြတ္သိပ္ေနပုံရတဲ့ ေခြးမကိုျမင္လိုက္ေတာ့ အရွင္စူဠ နာဂက ေတာ္ေတာ္ေလး သနားသြားပါတယ္။ ဒါေပမယ့္ ဆြမ္းစားၿပီး သပိတ္ေဆး ၿပီးၿပီဆိုေတာ့ ေကြၽးစရာဆြမ္းက်န္လည္း မရွိေတာ့ပါဘူး။

ဒါေၾကာင့္ ဘာလုပ္လိုက္ သလဲဆိုေတာ့ “ငါသည္ စားအပ္ၿပီးေသာ အစာမွန္ေသာ္လည္း ထိုေခြးမအား အန္၍ လႉအံ့ေသာငွာအပ္၏” လို႔ ႏွလုံးပိုက္ၿပီး မိမိရဲ႕ ခံတြင္းထဲကို လက္ထိုးအန္ၿပီး ေခြးမကိုေကြၽး လိုက္ပါတယ္။

အရွင္စူဠနာဂဟာ ေခြးမကို အန္ေကြၽး ႐ုံတင္မကပါဘူး၊ အိုးျခမ္း ကြဲတစ္ခုထဲမွာ ေရထည့္ၿပီး ေရလဲတိုက္လိုက္ ပါေသးတယ္။ အစာထိုက္သင့္ သေလာက္ဝသြားတဲ့ေ ခြးမကို ၾကည့္ၿပီး အရွင္စူဠနာဂ လည္း တစ္ခါမွ မျဖစ္ဖူးတဲ့ ပီတိေတြျဖစ္လာပါတယ္။

♦ဒါေၾကာင့္ ဆုတစ္ခုကို ေကာက္ခါငင္ခါ ေတာင္းလိုက္ပါတယ္။ သူ႕ရဲ႕ဆုေတာင္းက

♦”ငါသည္ ဤေခြးမအား မိမိရဲ႕ခႏၶာကို ယ္ကို မငဲ့ကြက္ဘဲ အန္၍ေကြၽးလိုက္ရေသာ ကုသိုလ္ေကာင္းမႈေၾကာင့္ နိဗၺာန္ေရာက္ရပါလို၏။ နိဗၺာန္မရေသး၍ သံသရာက်င္လည္ရသည္ရွိေသာ္ ပစၥည္း လာဘ္ လာဘေပါမ်ား ရပါလို၏” တဲ့။

စာမွာေတာ့ အရွင္စူဠနာဂရဲ႕ ဒါနေစတနာဟာ ပထမေဇာအ ဆင့္မွာတင္ အရွိန္အဟုန္အစြမ္း ေတာ္ေတာ္ႀကီးမားေနခဲ့တယ္လို႔ ဆိုပါတယ္။

♦အရွင္စူဠနာဂ ဆုေတာင္းတဲ့ေန႕ ညခ်မ္းမွာ ပဲ ဒကာ ဒကာမမ်ားစြာဟာ ေထာပတ္ေတြ တင္လဲခဲေတြ သကာေတြ ပ်ားရည္ေတြ ယူလာၿပီး “အရွင္စူဠနာဂ ဘယ္ေက်ာင္းမွာ ေနပါသလဲ” လို႔ ေမးၿပီး ေရာက္လာ ၾကပါတယ္။ အရွင္စူဠနာဂလည္း ကိုယ့္ကိုယ္ကို အံ့အားသင့္ေနပါတယ္။ အရွင္စူဠနာဂဟာ ေရာက္လာတဲ့ ဘုဥ္းေပးစရာေတြကို သီတင္းသုံးေဖာ္ရဟန္းေတာ္ေတြကိုပါ ခြဲေဝလႉဒါန္းလိုက္ပါတယ္။

♦ေနာက္မၾကာခင္မွာ ဒကာ ဒကာမေတြ ထပ္ေရာက္လာျပန္ပါတယ္။ သူတို႔ သီဟိုဠ္ေခတ္မွာ အသုံးမ်ားတဲ့ ဇာတိပၹိဳလ္ပြင့္ အစရွိတဲ့ေဆးေ တြကို ယူလာၿပီး ကပ္လႉျပန္ပါတယ္။ အရွင္စူဠနာဂလည္း ေရွးနည္းအတိုင္း သီတင္း သုံးေဖာ္ေတြကိုပါ ခြဲေဝလႉဒါန္း လိုက္ပါတယ္။

♦နံနက္လင္းလို႔ ဆြမ္းခံႂကြတဲ့ အခါမွာေတာ့ ဒကာ ဒကာမေတြဟာ ေရတြက္လို႔မရနိုင္ေ လာက္ေအာင္ ဆြမ္းဟင္းမ်ားစြာကို ေလာင္းလႉေတာ့တာပါပဲတဲ့။

♦ဘယ္ေလာ က္အထိ ဆြမ္းေတြရသလဲဆိုရင္ ထူပါ႐ုံေက်ာင္းတိုက္မွာ သီတင္းသုံးေနတဲ့ ရဟန္းေတာ္အားလုံး သုံးေဆာင္နိုင္ေလာက္ေအာင္အထိ မ်ားျပားလြန္းတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အရွင္စူဠနာဂ က ေက်ာက္စည္ကို တီးခတ္ၿပီး ထူပါ႐ုံေက်ာ င္းတိုက္မွာ သီတင္းသုံးေနတဲ့ ရဟန္းေတာ္ေတြကို ျပန္ၿပီးေလာင္းလႉလိုက္ပါတယ္။ ေနာက္ရက္ေတြမွာလည္း အရွင္စူဠနာဂဟာ ရသမွ်ဆြမ္းဟင္းေတြကို ေက်ာက္စည္တီးခတ္ၿပီးေန႕စဥ္ျပန္လႉခဲ့ပါတယ္။

♦တစ္ေန႕မွာေ တာ့ အရွင္စူဠနာဂဟာ မိမိျပဳခဲ့တဲ့ ဒါနေစတနာကို ျပန္ဆင္ျခင္ရင္း ပီတိေတြျဖစ္လာပါတယ္။ အဲဒီျဖစ္ေပၚလာတဲ့ ပီတိကို အျခခံၿပီး ဝိပႆနာဘက္ကူး ကမၼ႒ာန္းဘာ၀နာကို ႀကိဳးႀကိဳးစားစား အားထုတ္လိုက္တာ ရဟႏၲာျဖစ္ သြားခဲ့ပါတယ္။ တက္ႂကြထက္သန္တဲ့ “ဒါနေစတနာ”ဟာ ပစၥဳပၸန္အက်ိဳးတင္မကဘဲ “အရဟတၱဖိုလ္”အထိ အက်ိဳးေပးသြားတာပါပဲ။

♦ အရွင္စူဠနာဂ ရဟႏၲာျဖစ္ၿပီးေနာက္ပိုင္း တစ္ခုေသာကာလၾကာၾကာ ရက္တစ္ရက္မွာ ထူပါ႐ုံေက်ာင္းတိုက္မွာရွိတဲ့ ရဟန္းေတာ္ငါးရာႂကြလာၿပီး မဇၥ်ိမေဒသ အိႏၵိယနိုင္ငံမွာရွိတဲ့ မဟာေဗာဓိပင္ကို လိုက္ပို႔ေပးဖို႔ ေတာင္းပန္ၾကပါတယ္။ အရွင္စူဠနာဂကလည္း လိုက္ပို႔ေပးပါမယ္လို႔ ျပန္၀န္ခံလိုက္ပါတယ္။

အရွင္စူဠနာဂကို လိုက္ပို႔ေပးဖို႔ ေတာင္းပန္ရျခင္းရဲ႕ အဓိကအေၾကာင္းကေတာ့ လမ္းခရီးတစ္ေလွ်ာက္မွာ ဆြမ္းကြမ္းအခက္အခဲ မရွိေအာင္လို႔ပါ။ အရွင္စူဠနာဂလည္း ဂတိခံထားတဲ့အတိုင္း ရဟန္းေတာ္ငါးရာကို မဟာေဗာဓိပင္ကို လိုက္ပို႔ေပးပါတယ္။ လမ္းခရီးတစ္ေလွ်ာက္မွာ နတ္ေကာင္းနတ္ျမတ္ေတြက ကူညီေစာင့္ေရွာက္သလိုေရာက္ရာေဒသက ဒကာ ဒကာမေတြကလည္း ဆြမ္းအခ်ိဳပြဲေတြ အလွ်ံအပယ္ ေလာင္းလႉၾကပါတယ္။

♦မဟာေ ဗာဓိပင္ကိုဖူးၿပီး အျပန္ခရီးမွာေတာ့ အရွင္စူဠနာဂဟာ ေလ၀မ္းေရာဂါကို အျပင္းအထန္ခံစား ရပါေတာ့တယ္။ ဒီေတာ့ အတူပါလာသူ ရဟန္းေတာ္ေ တြလည္း စိတ္မေကာင္းျဖ စ္ၾကရပါတယ္။

♦သူတို႔စိတ္မေ ကာင္းျဖစ္ၾကျခင္းရဲ႕ အေၾကာင္း ကေတာ့ အကယ္၍ အရွင္စူဠနာဂ လမ္းခရီးမွာ ပရိနိဗၺာန္ျပဳခဲ့ရင္ သူတို႔အတြက္ ဆြမ္းေဘာဇဥ္အခက္အခဲ ေတြ႕ၾကမွာစိုးလို႔ပါ။ ဒါကိုသိတဲ့ အရွင္စူဠနာဂက အေဖာ္ရ ဟန္းငါးရာကို ဘယ္လိုမိန့္ သလဲဆိုေတာ့ “အရွင္ဘုရားတို႔၊ အေထြအထူး မစိုးရိမ္ၾကပါနဲ႕။ တပည့္ေတာ္ ပရိနိဗၺာန္ျပဳခဲ့ရင္ ႂကြင္းက်န္တဲ့ တပည့္ေတာ္ရဲ႕ဓါတ္ေတာ္ကို ေရွ႕ဆုံးကႂကြတဲ့ မေထရ္ရဲ႕ေ ရစစ္မွာျဖစ္ျဖစ္၊ သပိတ္မွာျဖစ္ျဖစ္ ဖြဲ႕ခ်ည္ၿပီး ၿမိဳ႕႐ြာထဲ၀င္ပါဘုရား။ ဒါဆို အရွင္ဘုရားတို႔အတြက္ လမ္းခရီးမွာ ပစၥည္းေလးပါးအတြက္ မပင္မပန္းျဖစ္ရပါလိမ့္မယ္ဘုရား။” လို႔ အႀကံေပးေတာ္မူပါတယ္။

အရွင္စူဠနာဂမေထရ္လည္း အဲဒီလိုအႀကံေပးၿပီး မၾကာခင္မွာပဲ ပရိနိဗၺာန္ျပဳသြားပါတယ္။ က်န္ခဲ့တဲ့ သတင္းသုံးေဖာ္ရဟန္းေတာ္ေတြက အရွင္စူဠနာဂရဲ႕ အေလာင္းေတာ္ကို ေကာင္းေကာင္းသၿဂိဳလ္ၿပီး အရွင္စူဠနာဂမွာခဲ့တဲ့အတိုင္း ဓါတ္ေတာ္ေတြကိုယူၿပီးႂ ကြေတာ္မူၾကပါတယ္။ ႂကြေတာ္မူတဲ့ လမ္းခရီးတစ္ေလွ်ာက္ ပစၥည္းေလးပါးမပင္မပန္းနဲ႕ မိမိတို႔သီတင္းသုံးရာ သီဟိုဠ္ကြၽန္း ထူပါ႐ုံေက်ာင္းတိုက္ကို ျပန္ေရာက္ခဲ့တယ္လို႔ဆိုပါတယ္။

♦ေစတနာႀကီးမားလွတဲ့ သာမန္ဒါနေလးဟာ ကာယကံရွင္မရွိေတာ့တာေတာင္ က်န္ခဲ့သူေတြအတြက္ အက်ိဳးျပဳသြားတဲ့ သီဟိုဠ္ဓမၼ၀တၳဳေလးပါ။

♦ ေစတနာရဲ႕ သေဘာသ႐ုပ္ကို ဖြင့္ျပခဲ့တဲ့ ၀တၳဳေလးအျ ဖစ္လည္း ပူးတြဲသေဘာေ ပါက္လိုက္ရပါတယ္။ အရွင္စူဠနာဂရဲ႕၀တၳဳေလးကို သတိရေနသမွ်ေတာ့ေခြးေတြကို ေကြၽးျဖစ္ေနအုံးမွာပါ။ ေခြးေတြကို ေကြၽးျဖစ္ေန သမွ်ေတာ့ အရွင္စူဠနာဂရဲ႕ ၀တၳဳေလးကို သတိရေနျဖစ္ အုံးမွာပါ။

Credit ### ေမတၱာျဖင့္ ျပန္လည္မွ်ေဝသည္ NanThidar Shwe ေခြးေကြၽးျခင္း၏ ကုသိုလ္အက်ိဳး

Leave a Reply

Your email address will not be published. Required fields are marked *