ဂေဟာက ဆရာမတွေနဲ့အတူ Tik Tok ဆော့ကစားနေတဲ့ ကလေးတွေကို သဘောကျကာ ဗီဒီယိုလေး ဝေမျှလာတဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေ ကတော့ ပြည်သူ့ ပရိသတ် တွေ လေးစား ချစ်ခင် ရတဲ့ အနုပညာရှင် တစ်ယောက် ဆိုသလို ရင်ခွင်မဲ့ ကလေးငယ် လေးတွေ အတွက် ဂေဟာ ဖွင့်လှစ်ထားပြီး မိခင် အရင်း သဖွယ် ပြုစုစောင့်ရှောက် ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆင်းရဲ နွမ်းပါးတဲ့ ပြည်သူတွေ အတွက်လည်း (၇)ရက် သားသမီးများရဲ့ စုပေါင်း ကုသိုလ် များဖြင့် တစ်ထောင့် တစ်နေရာကနေ တတ်နိုင် လောက် ကူညီလှူဒါန်း မှုတွေလည်း မကြာခဏ ပြုလုပ် ပေးတာ တွေ့ရ ပါတယ်။

လတ်တလော မှာတော့ ဂေဟာက ဆရာမတွေနဲ့ အတူ Tik Tok ဆော့ကစား နေတဲ့ သားတွေ သမီးတွေရဲ့ ချစ်စရာ ဗီဒီယို လေးကို ဝေမျှ လာပါတယ် ။ ဗီဒီယိုလေးထဲမှာ ကနေ လိုက်ကြတာ အရမ်း ချစ်စရာ ကောင်းလွန်းလို့ ပြန်လည် ဝေမျှ ပေးလိုက် ပါတယ် ။

Zawgyi




Leave a Reply

Your email address will not be published.