ဂေါတမ မြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တယ် ဆိုတဲ့ နေရာ

Posted on

စတင်ေ တွ့ရှိစဉ်က အင်ကြ င်းအမြစ်များပါ တူးဖော် တွေ့ရှိခဲ့ကြပါတယ်ဖွားမြင်တော်မူခန်း… မယ်တော်မဟာ မာယာဒေဝီသည် ဘုရားအလောင်းတော်ကို ဝမ်းကြာတိုက်ဖြင့်

ဆယ်လပတ်လုံး ဆောင်လျှက် ရင့်မာခြင်းသို့ ရောက်သောအခါ မိမိ၏ မွေးရပ်မြေဖြစ်သော ဒေဝဒဟပြည် သို့ သွားရောက်လိုကြောင်း သုဒ္ဓေါနမင်းကြီးထံ ခွင့်ပန်ပြီး အခြွေအရံ များစွာနဲ့တကွ ထွက်ခွာလာရာ လမ်းခရီး တစ်ထောက်အဖြစ်ကပိလဝတ်ပြည် နှင့် ဒေဝဒဟပြည် ကြားရှိ

လုမ္ဗီနီမည်သော အင်ကြင်းတော၌ နားနေစဉ် အင်ကြင်းပင်မှ အခက်ကို လက်ဖြင့် ကိုင်ဆွဲကာ ရပ်နေသော ခ ဏ၌ပင် အလောင်းတော်ကို ဖွားမြင်ရန် ကမ္မဇလေတို့သည် တုန်လှုပ်လာပြီးနောက်

မဟာသမုဒ္ဒရာနှင့် ပထဝီမြေကြီးသည် သိမ့်သိမ့်တုန်ခါပြီး ထစ်ချုန်း မြည်ဟိန်းလျှက် နတ်ဗြဟ္မာတို့ ကောင်းချီးပေးသော နမိတ်ကြီး ၃၂ပါးတို့ တပြိုင်တည်း ဖြစ်စေလျက်

မဟာသက္ကရာဇ်၆၈ခု ကဆုန်လပြည့်သောကြာနေ့တွင် လက္ခဏာကြီး၃၂ပါး လက္ခဏာငယ် ၈၀ အသွယ်သွယ်တို့ဖြင့် တင့်တယ်အပ်သော လူနတ် ဗြဟ္မာတို့၏ အတုမရှိအပ်သော ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ကိုဖွားမြင်တော်မူလေသည်။

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *