စိတ်နောက်(ရူး)သွားတဲ့ ကုန်းဘောင်မင်းဆက်မှ ဘုရင်တစ်ပါး

Posted on

ကုန်းဘော င်မင်းဆက် ၈ ဆက်ေြ မာက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင်မင်း(ခေါ်) ရွှေဘိုမင်း မှာ စိတ်ေ နာက်သွားသော မင်း အဖြစ် ထင်ရှားသည်။ ငယ်အမည်မှာ မောင်ခင် ဖြစ်သည်။ နောင်ေ တာ်ဘ ကြီးတော်မင်းကို ပုန်ကန်ပြီး ထီးနန်း ရယူ ခဲ့ ခြင်းဖြစ်သည်။

ပုန်ကန်ရခြင်းမှာ နောင်တော် သည် စိတ်မကျန်းမမာဖြစ်ေ နသည်က တစ်ကြောင်း၊ နန်းတွင်း မှာ နန်းမတော်မယ်နု နှင့် သူမ အကိုဖြစ်သူ မင်းသားကြီး မောင်အိုတို့က ခြယ်လှ ယ်ချင်သလို ခြယ်လှယ်နေကြ သည်က တစ်ကြောင်းဖြစ်သော ကြောင့် ဖြစ်သည်။

သာယာဝတီမင်း ၏ပုန် ကန်မှုကို ဘကြီးတော်မှ သူ့ရဲ့ တပ်များအား စေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံး တွင် ဘကြီးတော်သည် ညီအရင်းဖြစ်သူ သာယာ ဝတီမင်းထံသို့ ထီးနန်းကို လွှဲအပ်ပေးလိုက် ရပါတော့သည်။ နောင်တော် အား ခမည်းတော် ကဲ့သို့ စောင့်ရှောက် ကာ စိတ်ချမ်းသာစွာစံနေစေသည်။

နန်းမတော်မယ်နုတို့ကို မကွပ်မျက်ပဲ အကျယ်ချုပ်နဲ့ နေစေခဲ့သလို တူတော် ညောင်ရမ်းမင်းသား (စင်္ကြာ မင်းသား)ကိုလည်း သားတော်ကြီးများနှင့် တန်းတူ မင်းသားကြီးအဆင့် ပေးအပ်ခဲ့သော်လည်း တစ်နှစ်ခန့် အကြာတွင် ပုန်ကန်ရန်ကြံစည်သည် ဟုဆိုကာ ရေချ၍ ကွပ်မျက်ခဲ့လေသည်။

ထို့နောက် သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင် အတွင်းရှိ သူမအစ်ကိုဖြစ်သူရဲ့ အပေါင်းအပါများနှင့် ထီးနန်းအား လုယူရန် ရည်ရွယ်ချက်ဖြင့် ကြံစည်ပြီး ဆက်သွယ်လာသဖြင့် မယ်နုအားရေချပြီး ကွပ်မျက် ခဲ့ သလို မောင်အိုနှင့် အပေါင်းအပါများကိုတော့…ထောင် အတွင်းမှာပဲ ကွပ်မျက်ခဲ့ပါသည်။

ထိုသူများထဲတွင် အစက မြဝတီမင်းကြီးဦးစ လည်း ပါဝင်ခဲ့ပြီး ဘုန်းတော်ဘွဲ့ အရေးကောင်းခဲ့လို့သာ… လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ထို့နောက်တွင်လည်း နေပြည်တော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

နန်းတက်စတွင် တိုင်းပြည်အား တည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။နယ်ချဲ့ အင်္ဂလိပ်တို့နှင့် လည်း ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သူ၏စိတ်မှာ မူမမှန်လာ တော့ ပေ။ ၁၈၄၄ ခုနှစ်မှစ၍ သွေးပျက်သလို ဖြစ်လာခဲ့သည်။ အိပ်၍ မပျော် ၊ပွဲတော်တည်ပြီးလျှင် လက်ဆေးရန် မေ့ လျော့လာသည်။အစားအသောက်လည်း နည်း လာခဲ့ လေသည် ။

အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတို တစ်ချောင်းကို ကိုင်ဆွဲကာ အဆောင်တော်များကူးနေတတ်သည်။ လူတွေ့ခဲ့လျှင် “ဟဲ့…မောက်လုံးလား။ မောက်ပြားလား… ဟု မေးတတ်လေသည်။ ရိုသေစွာ ဒူးတုပ်၍အလိုက်သင့် ပြန်ဖြေပေးရသည်။ ထို့အတူ ပြေးပေါက်ကိုလည်း ကြို၍ရှာထားရသည်။ ဆေးဝါးမန္တရားများဆောင်ထားပြီး ရှိန်းဆာယာ ပိုမောက် ၍ ကိုယ်ပျောက်နေပြီ…ဟု ကြွားဝါပြီးလည်း ပြောတတ် လာခဲ့သည်။

တောင်ရှည် ဝတ်လဲတော်ကို ခေါင်းမြီးခြုံကာ တိုင်နဲ့ ကွယ်ပြီး ပုန်းခိုနေသော သာယာဝတီမင်းကို မိဖုရား မမြလေးမှ… “ကိုယ်ပျောက်နေ၍ မမြင်ရပါ”ဟု ညာပြီး ပြန်ပြောပေးရလေသည်။ လမ်းသွားလျှင် ဖြောင့်ဖြောင့် မသွား၊ ခုန်သည် ၊ ပျံသည် ၊ လွှားသည်။ ထီးတော်မိုး မှာ နေလုံအောင် ဖြောင့်ဖြောင့် မမိုးပေးနိုင်။မလုံတော့လည်း…

နေလုံအောင် မမိုးရ ကောင်း လား…ဟု အပြစ်တင်ကာ ထီးတော်မိုး တစ်ယောက်ကို ကိုယ်တိုင် ကွပ်မျက်ခဲ့ လေသည်။ နောက်ထီးတော်မိုးများမှာ…မင်းတရားကြီး…ကိုယ်ပျောက်နေသည်…ဟုဆိုကာ ရှာဖွေနေသည့်ပုံစံ ပြုလုပ်၍ ပြရလေတော့သည်။

ထိုအခါမှ…သာယာဝတီမင်းက ‘မြင်စေ’ ဟုဆိုကာ… ထီး ကို နေသားတကျ ပြန်ဆောင်းပေးခဲ့ရသည်။ တစ်ခါတွင်လည်း အိမ်သာသို့ သွားနေခိုက်…မိန်းမစိုး နှစ်ယောက်ကို ကိုယ်တိုင်ဓါးဖြင့် မွှန်း၍သတ်သည်။ သေဟန်ဆောင်သူတစ်ဦး လွတ်မြောက်သွားသည်။

မင်းတရားကြီး သွက်သွက်လည် သည့်တိုင်အောင် စိတ် နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက… လွှတ်တော် ဝန်ကြီးများအား သတင်းပေးသည့် အခါမှ… လွှတ်တော် မတက်ဝံ့တော့သည့် ဝန်ကြီးများမှာ သားတော် ပုဂံမင်း၏လက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေးလိုက်ရတော့သည်။

#ကိုးကား : မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်…မြန်မာ့စွယ်စုံကျမ်း

Zawgyi Version

စိတ္ေနာက္(႐ူး)သြားတဲ့ ကုန္းေဘာင္မင္းဆက္မွ ဘုရင္တစ္ပါး

ကုန္းေဘာ င္မင္းဆက္ ၈ ဆက္ေျ မာက္မင္းျဖစ္သူ သာယာဝတီမင္း (ေခၚ)ကုန္းေဘာင္မင္း(ေခၚ) ေရႊဘိုမင္း မွာ စိတ္ေ နာက္သြားေသာ မင္း အျဖစ္ ထင္ရွားသည္။ ငယ္အမည္မွာ ေမာင္ခင္ ျဖစ္သည္။ ေနာင္ေ တာ္ဘ ႀကီးေတာ္မင္းကို ပုန္ကန္ၿပီး ထီးနန္း ရယူ ခဲ့ ျခင္းျဖစ္သည္။

ပုန္ကန္ရျခင္းမွာ ေနာင္ေတာ္ သည္ စိတ္မက်န္းမမာျဖစ္ေ နသည္က တစ္ေၾကာင္း၊ နန္းတြင္း မွာ နန္းမေတာ္မယ္ႏု ႏွင့္ သူမ အကိုျဖစ္သူ မင္းသားႀကီး ေမာင္အိုတို႔က ျခယ္လွ ယ္ခ်င္သလို ျခယ္လွယ္ေနၾက သည္က တစ္ေၾကာင္းျဖစ္ေသာ ေၾကာင့္ ျဖစ္သည္။

သာယာဝတီမင္း ၏ပုန္ ကန္မႈကို ဘႀကီးေတာ္မွ သူ႔ရဲ့ တပ္မ်ားအား ေစလႊတ္၍ ႏွိမ္ႏွင္းေစခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ ေနာက္ဆုံး တြင္ ဘႀကီးေတာ္သည္ ညီအရင္းျဖစ္သူ သာယာ ဝတီမင္းထံသို႔ ထီးနန္းကို လႊဲအပ္ေပးလိုက္ ရပါေတာ့သည္။ ေနာင္ေတာ္ အား ခမည္းေတာ္ ကဲ့သို႔ ေစာင့္ေရွာက္ ကာ စိတ္ခ်မ္းသာစြာစံေနေစသည္။

နန္းမေတာ္မယ္ႏုတို႔ကို မကြပ္မ်က္ပဲ အက်ယ္ခ်ဳပ္နဲ႔ ေနေစခဲ့သလို တူေတာ္ ေညာင္ရမ္းမင္းသား (စၾကၤာ မင္းသား)ကိုလည္း သားေတာ္ႀကီးမ်ားႏွင့္ တန္းတူ မင္းသားႀကီးအဆင့္ ေပးအပ္ခဲ့ေသာ္လည္း တစ္ႏွစ္ခန႔္ အၾကာတြင္ ပုန္ကန္ရန္ႀကံစည္သည္ ဟုဆိုကာ ေရခ်၍ ကြပ္မ်က္ခဲ့ေလသည္။

ထို႔ေနာက္ သုံးႏွစ္ခန႔္အၾကာတြင္ မယ္ႏုက ေထာင္ အတြင္းရွိ သူမအစ္ကိုျဖစ္သူရဲ့ အေပါင္းအပါမ်ားႏွင့္ ထီးနန္းအား လုယူရန္ ရည္ရြယ္ခ်က္ျဖင့္ ႀကံစည္ၿပီး ဆက္သြယ္လာသျဖင့္ မယ္ႏုအားေရခ်ၿပီး ကြပ္မ်က္ ခဲ့ သလို ေမာင္အိုႏွင့္ အေပါင္းအပါမ်ားကိုေတာ့…ေထာင္ အတြင္းမွာပဲ ကြပ္မ်က္ခဲ့ပါသည္။

ထိုသူမ်ားထဲတြင္ အစက ျမဝတီမင္းႀကီးဦးစ လည္း ပါဝင္ခဲ့ၿပီး ဘုန္းေတာ္ဘြဲ႕ အေရးေကာင္းခဲ့လို႔သာ… လြတ္ေျမာက္ခဲ့ျခင္း ျဖစ္သည္။ထို႔ေနာက္တြင္လည္း ေနျပည္ေတာ္ကို အမရပူရသို႔ ေျပာင္းေရႊ႕ခဲ့သည္။

နန္းတက္စတြင္ တိုင္းျပည္အား တည္ၿငိမ္ေအာင္ အုပ္ခ်ဳပ္နိုင္ခဲ့သူျဖစ္သည္။နယ္ခ်ဲ႕ အဂၤလိပ္တို႔ႏွင့္ လည္း ျပင္းျပင္းထန္ထန္ တုန႔္ျပန္တတ္ခဲ့သည္။ သို႔ေသာ္ေနာက္ပိုင္းတြင္ သူ၏စိတ္မွာ မူမမွန္လာ ေတာ့ ေပ။ ၁၈၄၄ ခုႏွစ္မွစ၍ ေသြးပ်က္သလို ျဖစ္လာခဲ့သည္။ အိပ္၍ မေပ်ာ္ ၊ပြဲေတာ္တည္ၿပီးလၽွင္ လက္ေဆးရန္ ေမ့ ေလ်ာ့လာသည္။အစားအေသာက္လည္း နည္း လာခဲ့ ေလသည္ ။

အျမဲျပဳံးေယာင္ျပဳေနတတ္ၿပီး လွံတို တစ္ေခ်ာင္းကို ကိုင္ဆြဲကာ အေဆာင္ေတာ္မ်ားကူးေနတတ္သည္။ လူေတြ႕ခဲ့လၽွင္ “ဟဲ့…ေမာက္လုံးလား။ ေမာက္ျပားလား… ဟု ေမးတတ္ေလသည္။ ရိုေသစြာ ဒူးတုပ္၍အလိုက္သင့္ ျပန္ေျဖေပးရသည္။ ထို႔အတူ ေျပးေပါက္ကိုလည္း ႀကိဳ၍ရွာထားရသည္။ ေဆးဝါးမႏၲရားမ်ားေဆာင္ထားၿပီး ရွိန္းဆာယာ ပိုေမာက္ ၍ ကိုယ္ေပ်ာက္ေနၿပီ…ဟု ႂကြားဝါၿပီးလည္း ေျပာတတ္ လာခဲ့သည္။

ေတာင္ရွည္ ဝတ္လဲေတာ္ကို ေခါင္းၿမီးျခဳံကာ တိုင္နဲ႔ ကြယ္ၿပီး ပုန္းခိုေနေသာ သာယာဝတီမင္းကို မိဖုရား မျမေလးမွ… “ကိုယ္ေပ်ာက္ေန၍ မျမင္ရပါ”ဟု ညာၿပီး ျပန္ေျပာေပးရေလသည္။ လမ္းသြားလၽွင္ ေျဖာင့္ေျဖာင့္ မသြား၊ ခုန္သည္ ၊ ပ်ံသည္ ၊ လႊားသည္။ ထီးေတာ္မိုး မွာ ေနလုံေအာင္ ေျဖာင့္ေျဖာင့္ မမိုးေပးနိုင္။မလုံေတာ့လည္း…

ေနလုံေအာင္ မမိုးရ ေကာင္း လား…ဟု အျပစ္တင္ကာ ထီးေတာ္မိုး တစ္ေယာက္ကို ကိုယ္တိုင္ ကြပ္မ်က္ခဲ့ ေလသည္။ ေနာက္ထီးေတာ္မိုးမ်ားမွာ…မင္းတရားႀကီး…ကိုယ္ေပ်ာက္ေနသည္…ဟုဆိုကာ ရွာေဖြေနသည့္ပုံစံ ျပဳလုပ္၍ ျပရေလေတာ့သည္။

ထိုအခါမွ…သာယာဝတီမင္းက ‘ျမင္ေစ’ ဟုဆိုကာ… ထီး ကို ေနသားတက် ျပန္ေဆာင္းေပးခဲ့ရသည္။ တစ္ခါတြင္လည္း အိမ္သာသို႔ သြားေနခိုက္…မိန္းမစိုး ႏွစ္ေယာက္ကို ကိုယ္တိုင္ဓါးျဖင့္ မႊန္း၍သတ္သည္။ ေသဟန္ေဆာင္သူတစ္ဦး လြတ္ေျမာက္သြားသည္။

မင္းတရားႀကီး သြက္သြက္လည္ သည့္တိုင္ေအာင္ စိတ္ ေနာက္ေနၿပီျဖစ္ေၾကာင္း ‘ေတာင္အင္းစား’ ဆိုသူက… လႊတ္ေတာ္ ဝန္ႀကီးမ်ားအား သတင္းေပးသည့္ အခါမွ… လႊတ္ေတာ္ မတက္ဝံ့ေတာ့သည့္ ဝန္ႀကီးမ်ားမွာ သားေတာ္ ပုဂံမင္း၏လက္သို႔ အုပ္ခ်ဳပ္ေရးအာဏာကို လႊဲေပးလိုက္ရေတာ့သည္။

#ကိုးကား : ျမန္မာ့သမိုင္းထဲက အထင္ကရ ဇာတ္ေကာင္မ်ား – ေမာင္ၾကည္သန႔္…ျမန္မာ့စြယ္စုံက်မ္း

Leave a Reply

Your email address will not be published. Required fields are marked *