စိတ်ဖိစီးမှုတွေ ကြားကနေ စိတ်ပျော်စရာ စိတ်ချမ်းသာစရာ ဘယ်လိုရှာကြမလဲ…

Posted on

ခက်ခဲကြမ်း တမ်းတဲ့ အချိန်ေ တွမှာ စိတ်ပျော်စ ရာရှာေ တွ့ဖို့ဆိုတာ ထင်သေ လာက်တော့ လွယ်ကူ မှာမဟုတ်ပါဘူး။ သို့သော် ဘဝက အမြဲအနိမ့်အြ မင့်အတက်အ ကျရှိတယ်ဆို တာကို လက်ခံပြီး အခက် အခဲဆုံး အချိန်တွေကို အကောင်း ဆုံးရင် ဆိုင်ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။ ဒီတစ်ေ ခါက်မှာတော့ ခက်ခဲတဲ့ အချိန်တွေ စိတ်ဖိစီးမှုများတဲ့ ကာလတွေမှာ အတ က်နိုင်ဆုံး ကိုယ့်ကိုယ် ကိုပျော်ရွှ င်အောင် ဘယ်လို ထားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ချပါ

စိတ်ဖိစီးမှုလျော့ချပါ

သင့်ရဲ့နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ အရင်ဆုံးလုပ်ရမယ့်အဆင့်က စိတ်ဖိစီးမှုတွေကို တက်နိုင်သလောက်လျော့ချတာပါပဲ။ စိတ်ဖိစီးမှုနည်းလေ ပျော်ရဖို့အခွင့်အရေးပိုများလေပါ။ ကိုယ့်ကိုဘယ်အရာတွေက စိတ်ဖိစီးစေသလဲ ၊ စိတ်ဖိစီးစေမယ့်အရာတွေကို ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာ သိထားသင့်ပါတယ်။

(၂) သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ

သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ

သူငယ်ချင်းကောင်းတွေက ကျွန်တော်တို့ရဲ့ဘဝမှာအရေးကြီးတဲ့ ဒုတိယမိသားစုဝင်တွေလို့ပြောနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် စကားပြောကြ ရယ်မောလိုက်ကြတဲ့အခါ စိတ်ဖိစီးမှုတွေလျော့ကျပြီး ပျော်ရွှင်တဲ့ဟော်မုန်းတွေ တိုးပွားလာစေပါတယ်။ ဒါကြောင့် စိတ်ညစ်တဲ့အချိန် စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ အပြင်လျောက်လည်တာ စကားတွေဖောင်ဖွဲ့တာမျိုးလုပ်သင့်ပါတယ်။

(၃) သီးသန့်အချိန်ထားပါ

သီးသန့်အချိန်ထားပါ

တစ်နေ့တာလုံးမှာ ကိုယ့်ကိုယ့်ကိုအချိန်ပေးဖို့ မေ့နေတယ်ဆိုရင် အခုကစပြီး သီးသန့်အချိန်တစ်ခု သတ်မှတ်ထားဖို့ အကြံပြုချင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်သီးသန့်အချိန်တွေမှာ ကိုယ့်ကိုယ်ကိုပျော်ရွှင်စေမယ့်အရာလေးတွေကို လုပ်ဆောင်ပေးပါ။ ကိုယ်ကဘာဝါသနာပါလဲ။ စာဖတ်တာ ၊ အားကစားလုပ်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ ပန်းချီဆွဲတာ ၊ တူရိယာတီးခတ်တာ စသည့်ဖြင့်ကိုယ်ကိုစိတ်ပျော်စေမယ့်အရာလေးတွေလုပ်ပေးပါ။

(၄) မိသားစုဝင်တွေအပေါ်ကြင်နာပါ

မိသားစုဝင်တွေအပေါ်ကြင်နာပါ

ကိုယ့်ရဲ့စိတ်ဖိစီး မှုတွေကို မိသားစု ဝင်တွေအပေါ် ထွက်ပေါက်မ လုပ်မိဖို့ လုံးဝသတိ ထားရပါမယ်။ စိတ်ဖိစီးနေချိန်မှာ မိသားစုတွေနဲ့ အခြေအတင်ဖြစ်မယ်ဆိုရင် ၂ ဆပိုဆိုးတဲ့ စိတ်ခံစားမှုေ တွရစေနိုင်ပါတယ်။ ဒါကြောင့် အတက်နိုင်ဆုံး သင်နဲ့အနီးဆုံး မှာရှိနေတဲ့ မိသားစုဝင်တွေ အပေါ်နွေးထွေး ကြင်နာပါ။ မိသားစုဝင်တွေ နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတည်အောက်နိုင်ခြင်း ကလည်း ပျော်စရာပါပဲ။

Credit;

Leave a Reply

Your email address will not be published. Required fields are marked *