စိုက်ပျိုးရေး ဝါသနာရှင်များအတွက် သံပုရာပင် စိုက်ပျိုးနည်း ….

Posted on

ပထမ စိုက်မည့်နေရာကို ဂျုတ်တိုက်ပြီး မြေညှိ၊ ပေါင်းမြက်ပြောင်အောင် ရှင်းလိုက်ပေါ့။ ပြီးရင် တစ်တန်းနဲ့ တစ်တန်း ရှစ်ပေ။ တစ်ပင်နဲ့တစ်ပင်ကြား ရှစ်ပေ ပန္နက်ရိုက်ပါ။ ပန္နက်ရိုက်ပြီးရင် ၎င်းနေရာတွေမှာ နှစ်ပေအကျယ်၊ နှစ်ပေ အနက် စိုက်ကျင်းတူးပါ။

တူးလို့ရတဲ့ မြေကြီးတွေကို ကျင်းရဲ့ညာဘက်ခြမ်းမှာပုံ၊ တစ်ကျင်းအတွက် နွားချေး၊ မြေဆွေး၊ ကြက်ချေး၊ စက်ဖွဲပြာစုဆောင်းပါ။ နွားချေး၊ မြေဆွေး သုည ဒသမ ၄ တင်း၊ ကြက်ချေး သုည ဒသမ ၄ တင်း၊ စက်ဖွဲပြာတစ်ပြည်၊ ဂျစ်ပဆန်ကျောက်မှုန့် နို့ဆီတစ်ဘူး၊ ၁၅း၁၅း၁၅ ပတ်လည် N : P : K ကွန်ပေါင်း မြေဩဇာ နို့ဆီသုံးဘူး၊ ဖျူရာဒန်ဆေးမှုန့် စတီးဇွန်း တစ်ဇွန်းတို့ကို ကျင်း၏ညာဘက်တွင် ပုံထားသော ကျင်းတူးရတဲ့မြေစာ တစ်ဝက်နဲ့ သမအောင်ရောမွှေပါ။

၎င်းမြေအရောကို နှစ်ပေပတ်လည်ကျင်းထဲသို့ ပြန်ထည့်ပြီး မြေသိပ်သွားအောင် ခြေထောက်ဖြင့် ဖွဖွနင်း သိပ်ပေးပါ။ မြေအရောကို ကျင်းပြည့်အောင် ထည့်ပါ။ ပြီးလျှင် စိုက်ကျင်းအားလုံးကို ရေဝအောင်လောင်း၍ နှစ်ပတ်ခန့်နှပ်ထားပေးပါ။

ရေကို တစ်ရက်ခြားတစ်ခါ လောင်းပေးပါ။ ကျင်းထဲရှိ မြေသား အိကျသွားပါက မြေအရောကို ကျင်းပြည့်သည်အထိ ပြန်ထည့်ပေးပြီး သိပ်အောင် ခြေဖြင့် ဖွဖွနင်းပါ။ ရေလောင်းနှပ်ထားပါ။

မြေပြင်ပြီးရင်တော့ စိုက်ဖို့ပြင်ရတော့ မှာပေါ့။ အသန်မာဆုံးသံပုရာပျိုးပင်တွေကို ရွေးပါ။ အပင်မှာ ကိုင်းခြောက်၊ ပိုးကိုက်၊ ရောဂါကျသောကိုင်း၊ အရွက်၊ ပင်စည်များကို ကတ်ကြေးထက်ထက်နဲ့ ညှပ်၍ ဖယ်ရှားပစ်ပါ။ ကျင်းတစ်ကျင်းလျှင် သံပုရာပျိုးတစ်အိတ်စီ ကြိုတင်ချထားပါ။

သံပုရာ ပျိုးပင် စိုက်ရန် ပထမစိုက်ကျင်းထဲမှာ ဖြည့်ထားသော မြေဆွေးအရောမြေကို ကျင်းအလယ်တည့်တည့်နေရာမှာ သံပုရာပျိုးအိတ်အမြင့်ထက် တစ်လက်မခန့်လျှော့၍ ပျိုးပင်ချရန် ကျင်းငယ်တူးပါ။ (သံပုရာပျိုးပင် စိုက်လျှင် ပျိုးအိတ် အတွင်းရှိမြေသည် စိုက်ကျင်းကြီးထဲရှိမြေထက် တစ်လက်မမြင့်နေစေရန်)၊ ပျိုးအိတ်ကိုမြေလုံးမကွဲစေရန် ဓားထက်ထက် (ခဲတံချွန်ဓား) ဖြင့် အပေါ်မှအောက်သို့ခွဲချပါ။

ပျိုးအိတ်အတွင်းရှိမြေကို လက်နှစ်ဖက်ဖြင့်ပိုက်၍ စိုက်ကျင်းငယ်အတွင်းချ စိုက်ပါ။ အိတ်ကို တဖြည်းဖြည်းဆွဲထုတ် ပါ။ အပင်ခြေပတ်ပတ်လည်နှင့် အပင်ခြေမြေသိပ်သွားစေရန် မြေစာဖြည့်၍ လက်ဖြင့်ဦးစွာ ဖိသပ်ပေးပါ။

နောက် အပင်ခြေကိုခြေဖနှောင့်နှစ်ခုကပ်၍ ပတ်ပတ်လည်ခြေဖနောင့်ဖြင့် နင်းသိပ်ပေးပါ။ အပင်အမြစ်စွဲမြန်စေရန်ဖြစ်ပါတယ်။ ပြီးလျှင် ပျိုးပင်နှင့်ခြောက်လက်မခန့်ခွာပြီး အရှည်သုံးပေခန့်ရှိ ဝါးသေးသေးကိုချွန်၍စိုက်ပေးပါ။ ၎င်းဝါးနှင့် ပျိုးပင်ငယ်ကိုမလှုပ်စေရန် ကြိုးဖြင့်ချည်ပေးထားပါ။

ပြီးလျှင် သံပုရာပင်အခြေ၌ ကောက်ရိုး၊ မြက်ခြောက်များဖုံးအုပ်ပေးထားပါ။ စိုက်ပျိုးပြီးလျှင် ရေနေ့စဉ်လောင်းပေးပါ။ နှစ်ပတ်ခန့်ကြာလျှင် အညွန့်သစ်များ ထွက်လာပါလိမ့်မည်။ အပင်ပြုစုစောင့်ရှောက်ဖို့ကတော့ ရေမှန်မှန်လောင်းပါ။

တစ်နှစ်အတွင်း မြေဆွေး၊ ဓာတ်မြေဩဇာ ထပ်ဖြည့်ရန် မလိုသေးပါ။ တစ်နှစ်ကျော်မှသာ သတ်မှတ် ဓာတ်မြေဩဇာနှုန်းထား၊ မြေဆွေးနှုန်းထား ထပ်ဖြည့်ရန် လိုပါသည်။ အပင်ကြီးလာလျှင် ခြောက်လတစ်ကြိမ်မြေစာကျွေးပါ။ မလိုသောကိုင်းများရှင်းပါ။ အပေါ်ထောင်ထွက်သောကိုင်းများ အရင်းက ဖြတ်ပစ်ပါ။

ဖော့စဖရပ်ဓာတ်များများပါသော ရွက်ဖျန်းမြေဩဇာ တစ်နှစ်လေးကြိမ်ဖျန်းပေးပါ။ အပွင့်ထွက်ခါနီးရင် ယမ်းစိမ်း (ပိုတက်စီယမ်နိုက်ထရိတ်=KNO3) ဟင်းစားဇွန်း တစ်ဇွန်း၊ ရေလေးဂါလံနှင့်ရော၍ အပင်ပေါ်ဖျန်းပေးပါ။ အလုံးကြီး၍ အလုံးလှစေပါလိမ့်မယ်။

သီးလာရင် လုံးပိန်၊ လုံးညှပ်ချွေပစ်ပါ။ ပိုးမွှားရောဂါ အထူးဂရုပြုရမှာကတော့ ပျနဲ့ မိလီဘတ်ပိုးတို့ဘဲဖြစ်ပါတယ်။ အပင်ကို အမြဲလေ့လာပြီး လက်ဦးမှုရအောင်ကြိုတင် ကာကွယ်နှိမ်နင်းပါ။ ရောဂါကတော့ ကိုင်းဖျားခြောက်ရောဂါဆိုးရွားစေပါတယ်။ မှိုကြောင့်ဖြစ်တာပါ။ မှိုရောဂါသတ်ဆေးနဲ့ ကြိုတင်ကာကွယ်နှိမ်နင်းပါလို့ မှာ လိုက်ပါရစေဗျာ။

တောင်သူ လယ်သမားကြီးများ အားလုံး သီးနှံတွေအထွက်တိုးလို့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလျက်…။ Credit – အောင်ဆန်း (စိုက်ပျိုးရေး)

Zawgyi Version

ပထမ စိုက္မည့္ေနရာကို ဂ်ဳတ္တိုက္ၿပီး ေျမညွိ၊ ေပါင္းျမက္ေျပာင္ေအာင္ ရွင္းလိုက္ေပါ့။ ၿပီးရင္ တစ္တန္းနဲ႕ တစ္တန္း ရွစ္ေပ။ တစ္ပင္နဲ႕တစ္ပင္ၾကား ရွစ္ေပ ပႏၷက္ရိုက္ပါ။ ပႏၷက္ရိုက္ၿပီးရင္ ၎ေနရာေတြမွာ ႏွစ္ေပအက်ယ္၊ ႏွစ္ေပ အနက္ စိုက္က်င္းတူးပါ။

တူးလို႔ရတဲ့ ေျမႀကီးေတြကို က်င္းရဲ႕ညာဘက္ျခမ္းမွာပုံ၊ တစ္က်င္းအတြက္ ႏြားေခ်း၊ ေျမေဆြး၊ ၾကက္ေခ်း၊ စက္ဖြဲျပာစုေဆာင္းပါ။ ႏြားေခ်း၊ ေျမေဆြး သုည ဒသမ ၄ တင္း၊ ၾကက္ေခ်း သုည ဒသမ ၄ တင္း၊ စက္ဖြဲျပာတစ္ျပည္၊ ဂ်စ္ပဆန္ေက်ာက္မႈန႔္ နို႔ဆီတစ္ဘူး၊ ၁၅း၁၅း၁၅ ပတ္လည္ N : P : K ကြန္ေပါင္း ေျမဩဇာ နို႔ဆီသုံးဘူး၊ ဖ်ဴရာဒန္ေဆးမႈန႔္ စတီးဇြန္း တစ္ဇြန္းတို႔ကို က်င္း၏ညာဘက္တြင္ ပုံထားေသာ က်င္းတူးရတဲ့ေျမစာ တစ္ဝက္နဲ႕ သမေအာင္ေရာေမႊပါ။

၎ေျမအေရာကို ႏွစ္ေပပတ္လည္က်င္းထဲသို႔ ျပန္ထည့္ၿပီး ေျမသိပ္သြားေအာင္ ေျခေထာက္ျဖင့္ ဖြဖြနင္း သိပ္ေပးပါ။ ေျမအေရာကို က်င္းျပည့္ေအာင္ ထည့္ပါ။ ၿပီးလွ်င္ စိုက္က်င္းအားလုံးကို ေရဝေအာင္ေလာင္း၍ ႏွစ္ပတ္ခန႔္ႏွပ္ထားေပးပါ။

ေရကို တစ္ရက္ျခားတစ္ခါ ေလာင္းေပးပါ။ က်င္းထဲရွိ ေျမသား အိက်သြားပါက ေျမအေရာကို က်င္းျပည့္သည္အထိ ျပန္ထည့္ေပးၿပီး သိပ္ေအာင္ ေျချဖင့္ ဖြဖြနင္းပါ။ ေရေလာင္းႏွပ္ထားပါ။

ေျမျပင္ၿပီးရင္ေတာ့ စိုက္ဖို႔ျပင္ရေတာ့ မွာေပါ့။ အသန္မာဆုံးသံပုရာပ်ိဳးပင္ေတြကို ေ႐ြးပါ။ အပင္မွာ ကိုင္းေျခာက္၊ ပိုးကိုက္၊ ေရာဂါက်ေသာကိုင္း၊ အ႐ြက္၊ ပင္စည္မ်ားကို ကတ္ေၾကးထက္ထက္နဲ႕ ညွပ္၍ ဖယ္ရွားပစ္ပါ။ က်င္းတစ္က်င္းလွ်င္ သံပုရာပ်ိဳးတစ္အိတ္စီ ႀကိဳတင္ခ်ထားပါ။

သံပုရာ ပ်ိဳးပင္ စိုက္ရန္ ပထမစိုက္က်င္းထဲမွာ ျဖည့္ထားေသာ ေျမေဆြးအေရာေျမကို က်င္းအလယ္တည့္တည့္ေနရာမွာ သံပုရာပ်ိဳးအိတ္အျမင့္ထက္ တစ္လက္မခန႔္ေလွ်ာ့၍ ပ်ိဳးပင္ခ်ရန္ က်င္းငယ္တူးပါ။ (သံပုရာပ်ိဳးပင္ စိုက္လွ်င္ ပ်ိဳးအိတ္ အတြင္းရွိေျမသည္ စိုက္က်င္းႀကီးထဲရွိေျမထက္ တစ္လက္မျမင့္ေနေစရန္)၊ ပ်ိဳးအိတ္ကိုေျမလုံးမကြဲေစရန္ ဓားထက္ထက္ (ခဲတံခြၽန္ဓား) ျဖင့္ အေပၚမွေအာက္သို႔ခြဲခ်ပါ။

ပ်ိဳးအိတ္အတြင္းရွိေျမကို လက္ႏွစ္ဖက္ျဖင့္ပိုက္၍ စိုက္က်င္းငယ္အတြင္းခ် စိုက္ပါ။ အိတ္ကို တျဖည္းျဖည္းဆြဲထုတ္ ပါ။ အပင္ေျခပတ္ပတ္လည္ႏွင့္ အပင္ေျခေျမသိပ္သြားေစရန္ ေျမစာျဖည့္၍ လက္ျဖင့္ဦးစြာ ဖိသပ္ေပးပါ။

ေနာက္ အပင္ေျခကိုေျခဖေႏွာင့္ႏွစ္ခုကပ္၍ ပတ္ပတ္လည္ေျခဖေနာင့္ျဖင့္ နင္းသိပ္ေပးပါ။ အပင္အျမစ္စြဲျမန္ေစရန္ျဖစ္ပါတယ္။ ၿပီးလွ်င္ ပ်ိဳးပင္ႏွင့္ေျခာက္လက္မခန႔္ခြာၿပီး အရွည္သုံးေပခန႔္ရွိ ဝါးေသးေသးကိုခြၽန္၍စိုက္ေပးပါ။ ၎ဝါးႏွင့္ ပ်ိဳးပင္ငယ္ကိုမလႈပ္ေစရန္ ႀကိဳးျဖင့္ခ်ည္ေပးထားပါ။

ၿပီးလွ်င္ သံပုရာပင္အေျခ၌ ေကာက္ရိုး၊ ျမက္ေျခာက္မ်ားဖုံးအုပ္ေပးထားပါ။ စိုက္ပ်ိဳးၿပီးလွ်င္ ေရေန႕စဥ္ေလာင္းေပးပါ။ ႏွစ္ပတ္ခန႔္ၾကာလွ်င္ အၫြန႔္သစ္မ်ား ထြက္လာပါလိမ့္မည္။ အပင္ျပဳစုေစာင့္ေရွာက္ဖို႔ကေတာ့ ေရမွန္မွန္ေလာင္းပါ။

တစ္ႏွစ္အတြင္း ေျမေဆြး၊ ဓာတ္ေျမဩဇာ ထပ္ျဖည့္ရန္ မလိုေသးပါ။ တစ္ႏွစ္ေက်ာ္မွသာ သတ္မွတ္ ဓာတ္ေျမဩဇာႏႈန္းထား၊ ေျမေဆြးႏႈန္းထား ထပ္ျဖည့္ရန္ လိုပါသည္။ အပင္ႀကီးလာလွ်င္ ေျခာက္လတစ္ႀကိမ္ေျမစာေကြၽးပါ။ မလိုေသာကိုင္းမ်ားရွင္းပါ။ အေပၚေထာင္ထြက္ေသာကိုင္းမ်ား အရင္းက ျဖတ္ပစ္ပါ။

ေဖာ့စဖရပ္ဓာတ္မ်ားမ်ားပါေသာ ႐ြက္ဖ်န္းေျမဩဇာ တစ္ႏွစ္ေလးႀကိမ္ဖ်န္းေပးပါ။ အပြင့္ထြက္ခါနီးရင္ ယမ္းစိမ္း (ပိုတက္စီယမ္နိုက္ထရိတ္=KNO3) ဟင္းစားဇြန္း တစ္ဇြန္း၊ ေရေလးဂါလံႏွင့္ေရာ၍ အပင္ေပၚဖ်န္းေပးပါ။ အလုံးႀကီး၍ အလုံးလွေစပါလိမ့္မယ္။

သီးလာရင္ လုံးပိန္၊ လုံးညွပ္ေခြၽပစ္ပါ။ ပိုးမႊားေရာဂါ အထူးဂ႐ုျပဳရမွာကေတာ့ ပ်နဲ႕ မိလီဘတ္ပိုးတို႔ဘဲျဖစ္ပါတယ္။ အပင္ကို အၿမဲေလ့လာၿပီး လက္ဦးမႈရေအာင္ႀကိဳတင္ ကာကြယ္ႏွိမ္နင္းပါ။ ေရာဂါကေတာ့ ကိုင္းဖ်ားေျခာက္ေရာဂါဆိုး႐ြားေစပါတယ္။ မွိုေၾကာင့္ျဖစ္တာပါ။ မွိုေရာဂါသတ္ေဆးနဲ႕ ႀကိဳတင္ကာကြယ္ႏွိမ္နင္းပါလို႔ မွာ လိုက္ပါရေစဗ်ာ။

ေတာင္သူ လယ္သမားႀကီးမ်ား အားလုံး သီးႏွံေတြအထြက္တိုးလို႔ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းလ်က္…။ Credit – ေအာင္ဆန္း (စိုက္ပ်ိဳးေရး)

Leave a Reply

Your email address will not be published. Required fields are marked *