စောင့်မျှော်အားပေးနေကြတဲ့ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ပထမဆုံးသီချင်း official music video လေးထွက်ပြီနော်

Posted on

ပရိသတ် ကြီးရေ သင်ဇာဝင့်ကျော် ကတော့ ပရိသတ် တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ် အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး တစ်လက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာက သူ့ရဲ့ အနုပညာ ခြေလှမ်းသစ်လေး တစ်ခု ထပ်မံ လုပ်ဆောင်ခဲ့ ကြောင်း သူ့ရဲ့ လူမှု ကွန်ရက်စာမျက်နှာ ကနေ မျှဝေခဲ့ ပါသေးတယ်။

သင်ဇာရဲ့ အနုပညာ ခြေလှမ်းသစ်လေး ကတော့ အဆိုတော် တစ်ယောက် အနေနဲ့ ပထမဆုံး သီချင်းလေးသီဆိုခဲ့ တာပဲ ဖြစ်ပါတယ်။ သင်ဇာ ကတော့ သူ့ရဲ့ သီချင်းလေး ထွက်ရှိလာဖို့ ရှိကြောင်း ကြေညာခဲ့စဉ် ကတည်းက ပရိသတ်တွေ ကတော့ စိတ်ဝင်တစား ရှိနေခဲ့ကြပြီး အမြည်းတင်ပေးတဲ့ ဗီဒီယိုလေးမှာတင် တော်တော်လေးနဲ့ တင်တောင် သင်ဇာရဲ့ သီချင်းလေးက ပရိသတ်တွေ ကြားမှာ ပေါက်ခဲ့ ပါသေးတယ်။

မနေ့ ကတော့ သင်ဇာက သူ့ရဲ့သီချင်း အစအဆုံးလေးကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေ ဖော်ပြ ခဲ့ပါသေးတယ်။ ပရိသတ်ကြီး တွေထဲက သင်ဇာရဲ့ သီချင်းအသစ်လေးကို စိတ်ဝင် စားကြတဲ့ ပရိသတ်တွေ အတွက် သင်ဇာရဲ့ သီချင်း အသစ်လေးကို ပြန်လည် မျှဝေ ဖော်ပြ ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.