စွန့်ပစ်ခံခဲ့ရတဲ့ (၃)ရက်သားအရွယ်သမီးလေးကို ထပ်မံပြီးခေါ်ယူမွေးစားခဲ့တဲ့ ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေ

Posted on

ပရိသတ် ကြီးရေ ခိုင်နှင်းဝေ ကတော့ မိဘမဲ့ စွန်ပစ် ခံရတဲ့ လူမမယ် ကလေးငယ် လေးတွေကို သားသမီး အရင်း သဖွယ် စောင့်ရှောက် နေခဲ့ပြီး ပရိသတ်တွေ ချီးကျူး နေခဲ့ ရတဲ့ သူတစ်ယောက်ပါ။ လတ်တလောမှာ လည်း သမီးလေး တစ်ယောက်ကို ထပ်မံ ခေါ်ယူ ကယ်ဆယ် မွေးစားခဲ့ ပါသေး တယ်တဲ့။

သမီးလေး ကတော့ (၃)ရက်သား အရွယ်သာ ရှိသေးပြီး မိဘတွေရဲ့ စွန်ပစ်ခြင်းကို ခံရ တာကြောင့် ခိုင်နှင်းဝေက သူ့ရဲ့ ဂေဟာမှာ ခေါ်ယူ စောင့်ရှောက် သွားမှာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ကလည်း သမီးလေးကို ခေါ်ယူ မွေးစား သွားမယ့် အကြောင်းကို “(၃)ရက်သား အရွယ် စွန့်ပစ် သမီးငယ်လေး တစ်ဦးကို ထပ်မံ မွေးစားစောင့်ရှောက် ဖြစ်ပါ တယ်ရှင်..တာဝန်ရှိ သူများနှင့် ရပ်ကွက်မှ အချိန်မှီ တွေ့ရှိခဲ့ သဖြင့် ကိုယ်လက် အင်္ဂါ စုံလင်ပြီး ကျန်းမာ ကံကောင်းတဲ့ ကလေးလေးပါ…။

အားလုံးပဲ ချစ်ပေး ကြဖို့ သမီးလေး တစ်ယောက် ထပ်မံ တိုးလာ ပါပီရှင်..” ဆိုပြီး မျှဝေ ဖော်ပြ ထားခဲ့ ပါသေးတယ်။ ပရိသတ် ကြီးရေ ခိုင်နှင်းဝေ ကတော့ တကယ်ကို တော်ရုံ လူတွေ မလုပ်နိုင်တဲ့ ပရဟိတ အလုပ်တွေကို လုပ်ကိုင် နေခဲ့တာ တကယ်ကို သာဓုခေါ်ပြီးရင်းခေါ် ချီးကျူးပြီးရင်းကို ချီးကျူး နေရတဲ့ သူတစ်ယောက်ပါပဲ။

Zawgyi




Leave a Reply

Your email address will not be published.