စွမ်းအင်သုံး မော်တာ တလုံး မှ မပါတဲ့ ရန်ကုန်တမြို့လုံး အားထားရာ ဂျိုးဖြူကန် ရဲ့ အံ့သြဖွယ်ရာ ရေပေးဝေ နေတဲ့ စနစ်..

Posted on

ရန်ကုန်မြို့မှာ နေခဲ့ဖူးတာမှန်ရင် ဂျိုးဖြူရေကို သုံးဖူးကြ ပါလိမ့်မယ်.. ဂျိုးဖြူရေ ဘယ်လိုဖြန့်ဝေလဲဆိုတာ လေ့လာကြည့် ရအောင်..

ဂျိုးဖြူရေလှောင်ကန်ဟာ ၁၇၉၂ ဧက ကျယ်ဝန်းပြီး၊ ရန်ကုန်မြို့မှ (၅၅) မိုင်အကွာအဝေးမှာရှိတဲ့ တိုက်ကြီးမြို့နယ် မှာ တည်ရှိ ပါတယ်။ ဂျိုးဖြူရေလှောင်ကန်ကို (၁၉၃၇) ခုနှစ်မှာ အင်္ဂလိပ်အင်ဂျင်နီယာနှစ်ဦးက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ ၁၉၄၀ ခုနှစ်မှာ ရေစတင် ပေးဝေခဲ့တာ ဖြစ်ပါတယ်

ဂျိုးဖြူကန် ရဲ့ အံ့သြဖွယ်ရာ ရေပေးဝေ နေတဲ့ စနစ်..

ရေပေးဝေတဲ့စနစ်ဟာ ၄၃ ပေအရှည်ရှိတဲ့ သံပိုက်လုံးတွေနဲ့ စတင်သွယ်တန်းခဲ့ပါတယ်။ သံပိုက်လုံးအမျိုးအစားကတော့ ၅၆ လက်မအကျယ်ရှိတဲ့ မိုင်းစတီးပိုက် အမျိုးအစားပဲ ဖြစ်ပါတယ်

ဂျိုးဖြူရေကန်ထဲမှ ရေတွေရဲ့ အရင်းအမြစ်က မိုးရေဖြစ်ပြီး mini Laboratory မှာ ဂျိုးဖြူကန်မှ ရေရဲ့အရောင်၊ အဆင့်အတန်း နဲ့ ရေသိပ်သည်းဆအနည်ထိုင်မှုကို တိုင်းတာချက်အရ ဂျိုးဖြူရေဟာ ကျမ်းမာရေးအတွက် အထူးသင့်တော်တဲ့ Ph level အမျိုးအစားထဲမှာ ပါဝင်ခဲ့ပါတယ်

ယခုဆိုရင် နှစ်ပေါင်း ၈၃ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ ဂျိုးဖြူရေလှောင်ကန်ဟာ တချို့ကုန်းကျော် တံတားရှိတဲ့ နေရာက အများပြည်သူတွေရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ဂျိုးဖြူပိုက်လိုင်း အတွင်း အောက်စီဂျင် ရောက်ရှိမှု နည်းတာမှအပ ၂၀၁၇ မတ်လ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရ ကြေငြာချက်အရ 5.8 မီတာစကေး ရှိတဲ့ မြေငလျှင်ဒဏ်ကိုတောင် ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်

ဂျိုးဖြူကန် ရဲ့ အံ့သြဖွယ်ရာ ရေပေးဝေ နေတဲ့ စနစ်..

ဂျိုးဖြူကန်ရဲ့ ရေပေးဝေမှုစနစ်က လျှပ်စစ်မော်တာတလုံးမှ အသုံးပြုမပါပဲ Gavity ကမ္ဘာ့မြေစွဲအားအရ ရေကို မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းမှုကနေ ရန်ကုန်မြို့တမြို့လုံး ကို ရေပေးဝေတဲ့ စနစ် ဖြစ်ပါတယ်လို့ ဂျိုးဖြူရေကန် ထိန်းသိမ်း စောင့်ရှောက်ရေး လျှပ်စစ်အင်ဂျင်နီယာမှူးကြီးက ပြောပြ သွားပါတယ်

ရေစတင်ပေးဝေတဲ့နေရာ Terminal က ရေအောက် ၁၄၂ ပေ အနက်မှာတည်ရှိပြီး၊ အရှည် ၇၅၅ပေ ၊ ထု ၁၄ ပေ ၁၅ ပေခန့် အထူ (၂၀၁၉ ခုနှစ်၊ မတ်လ တိုင်းထွာချက်အရ ခန့်မှန်း အတိုင်းအတာ) ရှိကြောင်း သိရှိရပါတယ်

ကိုကျော်ဇောလင်းရဲ့ ပြောပြချက်များကို စာအဖြစ်ပြန်လည် ရေးသားဖော်ပြပါသည်

Zawgyi

ရန္ကုန္ၿမိဳ႕မွာ ေနခဲ့ဖူးတာမွန္ရင္ ဂ်ိဳးျဖဴေရကို သုံးဖူးၾက ပါလိမ့္မယ္.. ဂ်ိဳးျဖဴေရ ဘယ္လိုျဖန႔္ေဝလဲဆိုတာ ေလ့လာၾကည့္ ရေအာင္..

ဂ်ိဳးျဖဴေရေလွာင္ကန္ဟာ ၁၇၉၂ ဧက က်ယ္ဝန္းၿပီး၊ ရန္ကုန္ၿမိဳ႕မွ (၅၅) မိုင္အကြာအေဝးမွာရွိတဲ့ တိုက္ႀကီးၿမိဳ႕နယ္ မွာ တည္ရွိ ပါတယ္။ ဂ်ိဳးျဖဴေရေလွာင္ကန္ကို (၁၉၃၇) ခုႏွစ္မွာ အဂၤလိပ္အင္ဂ်င္နီယာႏွစ္ဦးက စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး၊ ၁၉၄၀ ခုႏွစ္မွာ ေရစတင္ ေပးေဝခဲ့တာ ျဖစ္ပါတယ္

ေရေပးေဝတဲ့စနစ္ဟာ ၄၃ ေပအရွည္ရွိတဲ့ သံပိုက္လုံးေတြနဲ႕ စတင္သြယ္တန္းခဲ့ပါတယ္။ သံပိုက္လုံးအမ်ိဳးအစားကေတာ့ ၅၆ လက္မအက်ယ္ရွိတဲ့ မိုင္းစတီးပိုက္ အမ်ိဳးအစားပဲ ျဖစ္ပါတယ္

ဂ်ိဳးျဖဴေရကန္ထဲမွ ေရေတြရဲ႕ အရင္းအျမစ္က မိုးေရျဖစ္ၿပီး mini Laboratory မွာ ဂ်ိဳးျဖဴကန္မွ ေရရဲ႕အေရာင္၊ အဆင့္အတန္း နဲ႕ ေရသိပ္သည္းဆအနည္ထိုင္မႈကို တိုင္းတာခ်က္အရ ဂ်ိဳးျဖဴေရဟာ က်မ္းမာေရးအတြက္ အထူးသင့္ေတာ္တဲ့ Ph level အမ်ိဳးအစားထဲမွာ ပါဝင္ခဲ့ပါတယ္

ယခုဆိုရင္ ႏွစ္ေပါင္း ၈၃ ႏွစ္သက္တမ္းရွိၿပီ ျဖစ္တဲ့ ဂ်ိဳးျဖဴေရေလွာင္ကန္ဟာ တခ်ိဳ႕ကုန္းေက်ာ္ တံတားရွိတဲ့ ေနရာက အမ်ားျပည္သူေတြရဲ႕ စည္းကမ္းမဲ့ အမွိုက္စြန႔္ပစ္မႈေၾကာင့္ ဂ်ိဳးျဖဴပိုက္လိုင္း အတြင္း ေအာက္စီဂ်င္ ေရာက္ရွိမႈ နည္းတာမွအပ ၂၀၁၇ မတ္လ ၁၃ ရက္ေန႕မွာ ျဖစ္ပြားခဲ့တဲ့ အစိုးရ ေၾကျငာခ်က္အရ 5.8 မီတာစေကး ရွိတဲ့ ေျမငလွ်င္ဒဏ္ကိုေတာင္ ႀကံ့ႀကံ့ခံနိုင္ခဲ့ပါတယ္

ဂ်ိဳးျဖဴကန္ရဲ႕ ေရေပးေဝမႈစနစ္က လွ်ပ္စစ္ေမာ္တာတလုံးမွ အသုံးျပဳမပါပဲ Gavity ကမာၻ႔ေျမစြဲအားအရ ေရကို ျမင့္ရာမွ နိမ့္ရာသို႔ စီးဆင္းမႈကေန ရန္ကုန္ၿမိဳ႕တၿမိဳ႕လုံး ကို ေရေပးေဝတဲ့ စနစ္ ျဖစ္ပါတယ္လို႔ ဂ်ိဳးျဖဴေရကန္ ထိန္းသိမ္း ေစာင့္ေရွာက္ေရး လွ်ပ္စစ္အင္ဂ်င္နီယာမႉးႀကီးက ေျပာျပ သြားပါတယ္

ေရစတင္ေပးေဝတဲ့ေနရာ Terminal က ေရေအာက္ ၁၄၂ ေပ အနက္မွာတည္ရွိၿပီး၊ အရွည္ ၇၅၅ေပ ၊ ထု ၁၄ ေပ ၁၅ ေပခန႔္ အထူ (၂၀၁၉ ခုႏွစ္၊ မတ္လ တိုင္းထြာခ်က္အရ ခန႔္မွန္း အတိုင္းအတာ) ရွိေၾကာင္း သိရွိရပါတယ္

ကိုေက်ာ္ေဇာလင္းရဲ႕ ေျပာျပခ်က္မ်ားကို စာအျဖစ္ျပန္လည္ ေရးသားေဖာ္ျပပါသည္

Leave a Reply

Your email address will not be published. Required fields are marked *