ဆရာဖြစ်သူဆီကို Video Call ကနေတဆင့် သတိတရနဲ့ရိုသေစွာနှုတ်ဆက်ခဲ့တဲ့ ပိုင်တံခွန်ကြောင့်ပျော်ရွှင်ကျေနပ်နေတဲ့ ဂျွန်လွင်

Posted on

ဂျွန်လွင် ကတော့ တပည့် သားသမီး တွေ များစွာ ရှိ သလို တပည့် တွေ ကြောင့် လည်း စိတ်ချမ်း သာခဲ့ ရတဲ့ အချိန် တွေ လည်း မနည်း မနော ရှိခဲ့ တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တပည့် တပန်း တွေဟာ ကျေးဇူး သိတတ် ပြီး သူ့အပေါ် သိတတ် ဂါရဝ ထားတဲ့ အချိန်မှာ ပိုပြီး ပီတိ ဖြစ် ဝမ်းသာ ရကာ သူ့ရဲ့ အပျော် တွေ ကို အမြဲတမ်း မျှဝေ ပေးလေ့ ရှိတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါ မှာလည်း ဂျွန်လွင်က သူ့ရဲ့ တပည့် ဟောင်း ပိုင်တံခွန် နဲ့ ပြန်လည် ဆုံတွေ့ခွင့် ရလို့ ဝမ်းသာ ရတဲ့ အကြောင်းကို ပြောလာ ပါတယ်။ ဂျွန်လွင် က အကျဉ်းကျ ခံနေတာ ကနေ ပြန်လည် လွတ်မြောက် လာပြီး သူ့ကို ဆက်သွယ် လာတဲ့ ပိုင်တံခွန် နဲ့ Video Call ပြော ဖြစ်တဲ့ SS လေးကို ပြသ ပြီး “Welcome back တပည့်ရေ” ဆို ပြီး သူ့ရဲ့ အပျော်တွေ ကို မျှဝေပေး ထားပါတယ်။

ပိုင်တံခွန် ကလည်း ဆရာ ဖြစ်တဲ့ ဂျွန်လွင် နိုင်ငံ ရပ်ခြားကို ရောက်ရှိ နေတာ မို့ ပြန်လွတ် လာတာနဲ့ Video Call ကနေ တဆင့် ဆက်သွယ် လာခဲ့ တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ဟာ ဂျွန်လွင်ရဲ့ Stars & Models Int’l Yangon သင်တန်းဆင်း မော်ဒယ်လ် တစ်ယောက် ဖြစ်ပြီး ဂျွန်လွင်ဟာ လည်း ပိုင်တံခွန်ကို အနုပညာ လမ်းမပေါ် ရောက်အောင် တွန်းတင် ပေးခဲ့သူ တစ်ယောက် ဆိုလည်း မမှား ပါဘူး။

Zawgyi




Leave a Reply

Your email address will not be published.