ဆား ကို လိုတာထက် ပိုစား မိရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုး (၇) ချက်

Posted on

လူတေ ယာက်ဟာ တစ်နေ့ကို ဆား 2300 မီ လီဂရမ် (စားပွဲတင်ဇွန်း တစ်ဇွန်း) စားသင့် တယ်လို့ အာဟာရ အညွှန်းတွေမှာ ဖော်ပြကြ ပါတယ်။ ဒါပေမယ့် နေ့စဉ် စားမိနေတဲ့ ဆားပမာဏ က ပျမ်းမျှအားဖြင့် 3400 မီလီဂရမ် (တစ်ဇွန်းနဲ့ သုံးပုံတစ်ပုံခန့်) စားမိနေ ပါတယ်။ ဆားေ တွကို လိုတာထက် ပိုစားမိတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင် ပါတယ်။

မကြာခဏ ခေါင်းကိုက်ခြင်း

ဆားတွေကို လိုတာထက် ပိုစားမိတဲ့ အခါ သွေးထုထည်က များလာပါတယ်။ အဲဒီအခါ သွေးကြောထဲမှာ များလာတဲ့ သွေးတွေအတွက် နေရာ ပိုလိုလာ ပါတယ်။ သွေးကြောတွေ ကျယ်ပြန့်လာခြင်းက သွေးတိုးခြင်း၊ အလွန်အမင်း ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ် ။

ခြေ၊ လက်များ ရောင်လာခြင်း

လက်စွပ်တွေ ကျပ်လာလို့ ခံစားရတာ၊ ခြေထာက် ရောင်လာတာ၊ မနက်အိပ်ရာထတဲ့ အခါ မျက်လုံးတွေ မို့အစ်နေတာက ဆားတွေကို အလွန်စားမိလို့ပါ။ ဆားကို စားတာများတဲ့ အခါ ခန္ဓာကိုယ်ထဲမှာ ရေတွေ ထိန်းသိမ်းရတာ ပိုများလာလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆားကို အကန့်အသတ်နဲ့ စားသင့်ပါတယ်။

ဆီးအရောင် ပြောင်းလာခြင်း

ဆားကို စားသုံးမှု များလာတဲ့ အခါ ဆီးရဲ့အရောင်တွေ ပြောင်းလာပါတယ်။

– ဆားတွေ အစားများလို့ ကျောက်ကပ်က ပိုအလုပ် လုပ်ရပါတယ်။ ရလဒ်အနေနဲ့ ဆီးအရောင်က အကြည် ဖြစ်သွားတတ်ပါတယ်။

– ဆားကို အစားများလို့ ရေဓာတ် ကုန်ခန်းသွားပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းတဲ့ အခါ ဆီးအရောင်က အဝါရင့်ရောင် ပြောင်းသွားပါတယ်။

ရေအလွန် အမင်းဆာခြင်း

ဆားမှာ တွေ့ရတဲ့ ဆိုဒီယမ်က ခန္ဓာကိုယ်ထဲက အရည်တွေကို ညီမျှစေပါတယ်။ ဆားတွေ အစားများရင် ကြွက်သားနဲ့ တခြားအင်္ဂါတွေမှာ ရေတွေ လိုအပ်လာပါတယ်။ အဲဒါကြောင့် ဆားကို များများစားပြီးရင် ရေများများသောက်ပါ။

ကြွက်တက်ခြင်း

ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် ညီမျှခြက်းက ကျန်းမာရေးအတွက် အရေးပါလှ ပါတယ်။ ဆားပါဝင်မှု များတဲ့ အစားအစာတွေကို စားတဲ့အခါ ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်း တို့ကို ကြုံရမှာပါ။

အရိုးအဆစ်များ ရောင်ခြင်း

နောက်ထပ်တွေ့ရမယ့် အခက်အခဲတစ်ခုကတော့ အရိုးတွေ ကိုက်ခဲလာတာပါ။ ဆားကို ပုံမှန်လိုတာထက် ပိုစားမိတဲ့အခါ ကယ်လ်ဆီယမ်တွေ အများကြီး ဆုံးရှုံးသွားပါတယ်။ ကယ်လ်ဆီယမ် ချို့တဲ့ရင် အရိုးအားနည်းခြင်း၊ သွားနဲ့ဆိုင်တဲ့ ပြဿနာများ ဖြစ်ပေါ်ခြင်း၊ အရိုးပွခြင်းတို့ ဖြစ်လာ ပါတယ်။

သိမြင်မှုများ လျော့ကျလာခြင်း

သွေးတိုးခြင်းက ဦးနှောက်ကို သွားတဲ့သွေးကြောတွေကို ဖျက်ဆီးပစ်ပါတယ်။ အဲဒီအခါ ရှင်းရှင်း လင်းလင်း မစဉ်းစားမတွေးတော နိုင်တော့ဘဲ နေ့စဉ်အလုပ်တွေမှာ အာရုံစိုက်ဖို့ ခက်လာ ပါတယ်။ဒါ့အပြင် ရေဓာတ်ခန်းမှုကြောင့် မှတ်ဉာဏ် အားနည်းလာခြင်း၊ မောပန်းလာခြင်းတို့ ဖြစ်လာနိုင် ပါတယ်။

ဆားများများ စားမိနေတာကို ဘယ်လို လျှော့ချမလဲ။

– ဆားပါဝင်မှု များတဲ့ ပီဇာ၊ အသားညှပ်ပေါင်မုန့်၊ သံဘူးနဲ့ ထည့်ထားတဲ့ စွပ်ပြုတ်၊ မဆလာများတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

– စားသောက်ဆိုင်က အစားအစာတွေမှာလည်း ဆားပါဝင်မှု များပါတယ်။

– အစားအစာ တစ်ခုကို ဝယ်မယ် ဆိုရင် ဆိုဒီယမ်ပါဝင်မှုကို အမြဲတမ်း ကြည့်သင့်ပါတယ်။ ဆိုဒီယမ် 5% နဲ့ အောက် ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။

– ဟင်းတွေထဲမှာ ဆားလျှော့ထည့် ချက်ပြီး အသီးအရွက်နဲ့ ပြုလုပ်ထားတဲ့ ဟင်းခတ်မှုန့်ကို ပိုသုံးသင့်ပါတယ်။

Zawgyi Version

လူတေ ယာက္ဟာ တစ္ေန႔ကို ဆား 2300 မီ လီဂရမ္ (စားပြဲတင္ဇြန္း တစ္ဇြန္း) စားသင့္ တယ္လို႔ အာဟာရ အၫႊန္းေတြမွာ ေဖာ္ျပၾက ပါတယ္။ ဒါေပမယ့္ ေန႔စဥ္ စားမိေနတဲ့ ဆားပမာဏ က ပ်မ္းမွ်အားျဖင့္ 3400 မီလီဂရမ္ (တစ္ဇြန္းနဲ႔ သုံးပုံတစ္ပုံခန႔္) စားမိေန ပါတယ္။ ဆားေ တြကို လိုတာထက္ ပိုစားမိတဲ့အခါ က်န္းမာေရးကို ထိခိုက္လာႏိုင္ ပါတယ္။

မၾကာခဏ ေခါင္းကိုက္ျခင္း

ဆားေတြကို လိုတာထက္ ပိုစားမိတဲ့ အခါ ေသြးထုထည္က မ်ားလာပါတယ္။ အဲဒီအခါ ေသြးေၾကာထဲမွာ မ်ားလာတဲ့ ေသြးေတြအတြက္ ေနရာ ပိုလိုလာ ပါတယ္။ ေသြးေၾကာေတြ က်ယ္ျပန႔္လာျခင္းက ေသြးတိုးျခင္း၊ အလြန္အမင္း ေခါင္းကိုက္ျခင္းကို ျဖစ္ေစပါတယ္ ။

ေျခ၊ လက္မ်ား ေရာင္လာျခင္း

လက္စြပ္ေတြ က်ပ္လာလို႔ ခံစားရတာ၊ ေျခထာက္ ေရာင္လာတာ၊ မနက္အိပ္ရာထတဲ့ အခါ မ်က္လုံးေတြ မို႔အစ္ေနတာက ဆားေတြကို အလြန္စားမိလို႔ပါ။ ဆားကို စားတာမ်ားတဲ့ အခါ ခႏၶာကိုယ္ထဲမွာ ေရေတြ ထိန္းသိမ္းရတာ ပိုမ်ားလာလို႔ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဆားကို အကန႔္အသတ္နဲ႔ စားသင့္ပါတယ္။

ဆီးအေရာင္ ေျပာင္းလာျခင္း

ဆားကို စားသုံးမႈ မ်ားလာတဲ့ အခါ ဆီးရဲ႕အေရာင္ေတြ ေျပာင္းလာပါတယ္။

– ဆားေတြ အစားမ်ားလို႔ ေက်ာက္ကပ္က ပိုအလုပ္ လုပ္ရပါတယ္။ ရလဒ္အေနနဲ႔ ဆီးအေရာင္က အၾကည္ ျဖစ္သြားတတ္ပါတယ္။

– ဆားကို အစားမ်ားလို႔ ေရဓာတ္ ကုန္ခန္းသြားပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္ကုန္ခန္းတဲ့ အခါ ဆီးအေရာင္က အဝါရင့္ေရာင္ ေျပာင္းသြားပါတယ္။

ေရအလြန္ အမင္းဆာျခင္း

ဆားမွာ ေတြ႕ရတဲ့ ဆိုဒီယမ္က ခႏၶာကိုယ္ထဲက အရည္ေတြကို ညီမွ်ေစပါတယ္။ ဆားေတြ အစားမ်ားရင္ ႂကြက္သားနဲ႔ တျခားအဂၤါေတြမွာ ေရေတြ လိုအပ္လာပါတယ္။ အဲဒါေၾကာင့္ ဆားကို မ်ားမ်ားစားၿပီးရင္ ေရမ်ားမ်ားေသာက္ပါ။

ၾကြက္တက္ျခင္း

ဆိုဒီယမ္နဲ႔ ပိုတက္ဆီယမ္ ညီမွ်ျခက္းက က်န္းမာေရးအတြက္ အေရးပါလွ ပါတယ္။ ဆားပါဝင္မႈ မ်ားတဲ့ အစားအစာေတြကို စားတဲ့အခါ ႂကြက္တက္ျခင္း၊ ႂကြက္သားနာက်င္ျခင္း တို႔ကို ႀကဳံရမွာပါ။

အ႐ိုးအဆစ္မ်ား ေရာင္ျခင္း

ေနာက္ထပ္ေတြ႕ရမယ့္ အခက္အခဲတစ္ခုကေတာ့ အ႐ိုးေတြ ကိုက္ခဲလာတာပါ။ ဆားကို ပုံမွန္လိုတာထက္ ပိုစားမိတဲ့အခါ ကယ္လ္ဆီယမ္ေတြ အမ်ားႀကီး ဆုံးရႈံးသြားပါတယ္။ ကယ္လ္ဆီယမ္ ခ်ိဳ႕တဲ့ရင္ အ႐ိုးအားနည္းျခင္း၊ သြားနဲ႔ဆိုင္တဲ့ ျပႆနာမ်ား ျဖစ္ေပၚျခင္း၊ အ႐ိုးပြျခင္းတို႔ ျဖစ္လာ ပါတယ္။

သိျမင္မႈမ်ား ေလ်ာ့က်လာျခင္း

ေသြးတိုးျခင္းက ဦးေႏွာက္ကို သြားတဲ့ေသြးေၾကာေတြကို ဖ်က္ဆီးပစ္ပါတယ္။ အဲဒီအခါ ရွင္းရွင္း လင္းလင္း မစဥ္းစားမေတြးေတာ ႏိုင္ေတာ့ဘဲ ေန႔စဥ္အလုပ္ေတြမွာ အာ႐ုံစိုက္ဖို႔ ခက္လာ ပါတယ္။ဒါ့အျပင္ ေရဓာတ္ခန္းမႈေၾကာင့္ မွတ္ဉာဏ္ အားနည္းလာျခင္း၊ ေမာပန္းလာျခင္းတို႔ ျဖစ္လာႏိုင္ ပါတယ္။

ဆားမ်ားမ်ား စားမိေနတာကို ဘယ္လို ေလွ်ာ့ခ်မလဲ။

– ဆားပါဝင္မႈ မ်ားတဲ့ ပီဇာ၊ အသားညႇပ္ေပါင္မုန႔္၊ သံဘူးနဲ႔ ထည့္ထားတဲ့ စြပ္ျပဳတ္၊ မဆလာမ်ားတဲ့ အစားအစာေတြကို ေရွာင္သင့္ပါတယ္။

– စားေသာက္ဆိုင္က အစားအစာေတြမွာလည္း ဆားပါဝင္မႈ မ်ားပါတယ္။

– အစားအစာ တစ္ခုကို ဝယ္မယ္ ဆိုရင္ ဆိုဒီယမ္ပါဝင္မႈကို အၿမဲတမ္း ၾကည့္သင့္ပါတယ္။ ဆိုဒီယမ္ 5% နဲ႔ ေအာက္ ပါဝင္တဲ့ အစားအစာေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။

– ဟင္းေတြထဲမွာ ဆားေလွ်ာ့ထည့္ ခ်က္ၿပီး အသီးအ႐ြက္နဲ႔ ျပဳလုပ္ထားတဲ့ ဟင္းခတ္မႈန႔္ကို ပိုသုံးသင့္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *