ဈေးကဝယ်လာတဲ့ ပုဇွန် ကို မသင်္ကာလို့ စစ်ကြည့်လိုက်တဲ့ အခါမှာတော့……..

Posted on

ပုစွန်တုပ်ထဲက သံခဲ ၂ ခဲနဲ့ ယခုထက်ထိ အတောမသတ်နိုင်သေးတဲ့ လောဘသား ဈေးသည်များ….ယနေ့ ဈေးက ဝယ်လာတဲ့ ပုစွန်တုပ်ကို ချက်မလို့ သန့်ရှင်းရေး လုပ်လိုက်တဲ့အခါမှာတော့ ၊

ပုစွန်တုပ် အသားထဲမှာ မြှုပ်ထားတဲ့ သံခဲ ၂ ခဲကို ထူးဆန်းစွာ တွေ့ရပါတယ်။သံခဲ ၂ ခဲက တော်တော် လေးပြီး အနည်းဆုံး ၁၀ သားလောက် ရှိပါတယ်။

ဒီလိုလုပ်တာဟာ အလေးခိုးတဲ့ နည်းလိုပါပဲ၊ ဈေးဆိုင်ထဲက ချိန်ခွင်တွေ၊ ကတ္တားတွေမှာ အလေးခိုး မထားဘဲ ဝယ်မယ့်။ပစ္စည်းထဲမှာ အလေးချိန် များ‌အောင် ထည့်လိုက်တဲ့ သဘောပါ။

ကြက်ဆိုလည်း ဆေးထိုးအပ်နဲ့ ရေထိုး၊ ဝက်သားဆိုလည်း လတ်တယ်ထင်ရအောင်သွေးတွေကို အသားတွေ ပေါ် သုတ်ပေး၊ငါးဆိုလည်း ဗိုက်တို့ ခေါင်းတို့ထဲမှာ အခုလို သံတုံးတွေ ခဲတုံးတွေထည့်၊ နှမ်းထဲမှာဆိုသဲရော စတဲ့ နည်းတွေဟာ၊

မြန်မာပြည်က ဝိသမ လောဘသား ဈေးသည် အတော်များများရဲ့ ဈေးဝယ်သူကို ဂျင်းထည့် နည်း ဖြစ်ပါတယ်။ဒီလို ပုံစံနဲ့ ခေတ်အဆက်ဆက် ဈေးဝယ်သူကို ဂျင်းထည့်လာခဲ့ကြတာ ယနေ့ခေတ်တိုင်အောင်ပါပဲ။

ဈေးသည်တွေကတော့ ဈေးဝယ်တွေက ဆစ်တာနဲ့ ကာမိအောင် ဒီလို လုပ်ရတယ်ဆိုပြီး အကြောင်းပြပေမယ့် ဒါဟာ မကောင်းမှု လုပ်တာပါပဲ။

ဆရာတော်ကြီးတွေကလည်း ဈေးသည်တွေ အလေးခိုးရင် ခံရမယ့် အပြစ်တွေကိုလည်း အတိအလင်း ဟောထားပေမယ့် ယခုထက်ထိ လုပ်နေကြတုန်းပါပဲ။

အရင်တုန်းကတော့ အလေးမပြည့်ဘူးလို့ ဈေးဝယ်သူက ယူဆရင် ဈေးခေါင်းရုံးရှေ့မှာ ထားတဲ့ သမာဓိချိန်ခွင်မှာ သွားချိန်ပြီး အလေးပြည့် မပြည့် ကြည့်လို့ရပါတယ်။ဈေးခေါင်းကလည်း တာဝန် ယူပေးလေ့ ရှိပါတယ်။

အခုနောက်ပိုင်းကျတော့ ဈေးခေါင်းတွေလည်း ဈေးကောက် ကောက်တာကလွဲလို့ ဘာမှ မလုပ်တောတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။

နိုင်ငံတကာမှာတော့ wet market လို့ ခေါ်တဲ့ ဒီလိုသားစိမ်းငါးစိမ်းဈေးမှာ ရောင်းမယ်ဆို သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ရမယ်၊အလေး မခိုးရဘူး စတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မှသာ ရောင်းရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည် မှာကျတော့ ဈေးကောက်နဲ့ အဆင်ပြေရင်ဘယ်လိုပဲ ရောင်းရောင်း အိုကေပါပြီ ဆိုတဲ့ ပုံစံဖြစ်နေပါတယ်။မြန်မာတွေဟာ ရိုးသားကြပါတယ်ဆိုပြီး ပြောနေပေမယ့်လည်း၊

ဒီလို တနပ်စား ဉာဏ်တွေနဲ့ ဝိသမလောဘသားတွေ ကြီးထွားနေတာဟာ အလွန် စိုးရိမ်ဖို့ကောင်းနေပါတယ်လို့၊သံခဲ ၂ ခဲ ပါတဲ ပုစွန်တုပ်ကို ကြည့်ပြီး အတွေး ပွားနေမိပါတော့တယ်။

Zawgyi Version

ပုစြန္တုပ္ထဲက သံခဲ ၂ ခဲနဲ႕ ယခုထက္ထိ အေတာမသတ္နိုင္ေသးတဲ့ ေလာဘသား ေဈးသည္မ်ား….ယေန႕ ေဈးက ဝယ္လာတဲ့ ပုစြန္တုပ္ကို ခ်က္မလို႔ သန႔္ရွင္းေရး လုပ္လိုက္တဲ့အခါမွာေတာ့ ၊

ပုစြန္တုပ္ အသားထဲမွာ ျမႇုပ္ထားတဲ့ သံခဲ ၂ ခဲကို ထူးဆန္းစြာ ေတြ႕ရပါတယ္။သံခဲ ၂ ခဲက ေတာ္ေတာ္ ေလးၿပီး အနည္းဆုံး ၁၀ သားေလာက္ ရွိပါတယ္။

ဒီလိုလုပ္တာဟာ အေလးခိုးတဲ့ နည္းလိုပါပဲ၊ ေဈးဆိုင္ထဲက ခ်ိန္ခြင္ေတြ၊ ကတၱားေတြမွာ အေလးခိုး မထားဘဲ ဝယ္မယ့္။ပစၥည္းထဲမွာ အေလးခ်ိန္ မ်ား‌ေအာင္ ထည့္လိုက္တဲ့ သေဘာပါ။

ၾကက္ဆိုလည္း ေဆးထိုးအပ္နဲ႕ ေရထိုး၊ ဝက္သားဆိုလည္း လတ္တယ္ထင္ရေအာင္ေသြးေတြကို အသားေတြ ေပၚ သုတ္ေပး၊ငါးဆိုလည္း ဗိုက္တို႔ ေခါင္းတို႔ထဲမွာ အခုလို သံတုံးေတြ ခဲတုံးေတြထည့္၊ ႏွမ္းထဲမွာဆိုသဲေရာ စတဲ့ နည္းေတြဟာ၊

ျမန္မာျပည္က ဝိသမ ေလာဘသား ေဈးသည္ အေတာ္မ်ားမ်ားရဲ႕ ေဈးဝယ္သူကို ဂ်င္းထည့္ နည္း ျဖစ္ပါတယ္။ဒီလို ပုံစံနဲ႕ ေခတ္အဆက္ဆက္ ေဈးဝယ္သူကို ဂ်င္းထည့္လာခဲ့ၾကတာ ယေန႕ေခတ္တိုင္ေအာင္ပါပဲ။

ေဈးသည္ေတြကေတာ့ ေဈးဝယ္ေတြက ဆစ္တာနဲ႕ ကာမိေအာင္ ဒီလို လုပ္ရတယ္ဆိုၿပီး အေၾကာင္းျပေပမယ့္ ဒါဟာ မေကာင္းမႈ လုပ္တာပါပဲ။

ဆရာေတာ္ႀကီးေတြကလည္း ေဈးသည္ေတြ အေလးခိုးရင္ ခံရမယ့္ အျပစ္ေတြကိုလည္း အတိအလင္း ေဟာထားေပမယ့္ ယခုထက္ထိ လုပ္ေနၾကတုန္းပါပဲ။

အရင္တုန္းကေတာ့ အေလးမျပည့္ဘူးလို႔ ေဈးဝယ္သူက ယူဆရင္ ေဈးေခါင္း႐ုံးေရွ႕မွာ ထားတဲ့ သမာဓိခ်ိန္ခြင္မွာ သြားခ်ိန္ၿပီး အေလးျပည့္ မျပည့္ ၾကည့္လို႔ရပါတယ္။ေဈးေခါင္းကလည္း တာဝန္ ယူေပးေလ့ ရွိပါတယ္။

အခုေနာက္ပိုင္းက်ေတာ့ ေဈးေခါင္းေတြလည္း ေဈးေကာက္ ေကာက္တာကလြဲလို႔ ဘာမွ မလုပ္ေတာတာကို ဝမ္းနည္းဖြယ္ေတြ႕ရပါတယ္။

နိုင္ငံတကာမွာေတာ့ wet market လို႔ ေခၚတဲ့ ဒီလိုသားစိမ္းငါးစိမ္းေဈးမွာ ေရာင္းမယ္ဆို သန႔္ရွင္းသပ္ရပ္ၿပီး က်န္းမာေရးနဲ႕ ညီၫႊတ္ရမယ္၊အေလး မခိုးရဘူး စတဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာနိုင္မွသာ ေရာင္းရမွာ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာျပည္ မွာက်ေတာ့ ေဈးေကာက္နဲ႕ အဆင္ေျပရင္ဘယ္လိုပဲ ေရာင္းေရာင္း အိုေကပါၿပီ ဆိုတဲ့ ပုံစံျဖစ္ေနပါတယ္။ျမန္မာေတြဟာ ရိုးသားၾကပါတယ္ဆိုၿပီး ေျပာေနေပမယ့္လည္း၊

ဒီလို တနပ္စား ဉာဏ္ေတြနဲ႕ ဝိသမေလာဘသားေတြ ႀကီးထြားေနတာဟာ အလြန္ စိုးရိမ္ဖို႔ေကာင္းေနပါတယ္လို႔၊သံခဲ ၂ ခဲ ပါတဲ ပုစြန္တုပ္ကို ၾကည့္ၿပီး အေတြး ပြားေနမိပါေတာ့တယ္။

Leave a Reply

Your email address will not be published. Required fields are marked *